ဝက်ခြံတွေကို သက်သာပျောက်ကင်းစေနိုင်မယ့် အိမ်တွင်းဆေးနည်းကောင်းများ

blank

နည်းလမ်း (၁)- ရေသန့်ဘူးထဲမှာ ရေအပြည့်ဖြည့်ပြီး နှင်းဆီပွင့်ဖတ် ၁ဝ ဖတ်လောက်ကို ထည့်ပါ။ ထိုရေဘူးကို ရေခဲသေတ္တာထဲမှာ ၃၆ နာရီခန့်ထည့်ထားပါ။ ညအိပ်ရာဝင်ခါနီးတိုင်းမှာ ထိုနှင်းဆီရေထဲကို alcohol အနည်းငယ်ထည့်ပြီး လိမ်းပေးပါ။ နှင်းဆီရည်ကို ရေခဲသေတ္တာထဲမှာပဲ သိမ်းထားပါ။

နည်းလမ်း (၂)- လိမ္မော်ခွံအနည်းငယ်ကို ရေစိမ်ပြီး ရေခဲသေတ္တာထဲမှာ ၂၄နာရီခန့် ထားထားပါ။ ၂၄နာရီပြည့်ရင် လိမ္မော်ခွံလေးတွေကို ပြန်ဆယ်ပြီး အရွယ်အစားသေးသေးလေးတွေဖြစ်အောင် လှီးပါ။ လိမ္မော်ခွံလေးတွေရယ်၊ နှံစားမှုန့် (၃)ဇွန်းရယ်၊ ဒိန်ချဉ် (၂) ဇွန်းရယ်ကို ပန်းကန်လုံးလေးထဲမှာ ထည့်ပြီး အနှစ်ဖြစ်အောင် ကြိတ်မွှေပါ။ ထိုအနှစ်လေးကို မျက်နှာသစ်ပြီးတိုင်း (၅) မိနစ်ခန့် လိမ်းထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နည်းလမ်း (၃)- ရှောက်ရည်နဲ့ ရေအနည်းငယ်ကို ရောပြီး ၅မိနစ်ခန့်ပြုတ်ပါ။ ထိုပြုတ်ရည်ကို တစ်နေ့နှစ်ခါသောက်ပေးခြင်းဖြင့် အရေပြားအတွင်းပိုင်းက ဝက်ခြံဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

နည်းလမ်း (၄)- ပျားရည်နဲ့ သစ်ကြံပိုးမှုန့်ကို ရောပြီး အနှစ်ဖြစ်အောင်လုပ်ပါ။ အဲဒီအနှစ်ကို ဝက်ခြံထွက်တဲ့နေရာတွေမှာ လိမ်းပြီး ၁ဝမိနစ်ခန့်ကြာရင် ရေဆေးချလိုက်ပါ။

နည်းလမ်း (၅)- Apple Cider Vineger အနည်းငယ်ကို ရေအနည်းငယ်ရောပြီး ဂွမ်းလုံးလေးနဲ့ ဝက်ခြံပေါက်တဲ့နေရာလေးတွေမှာ သုတ်လိမ်းပေးပါ။ Apple Cider Vineger က အရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

လွယ်ကူရိုးရှင်းတဲ့ ဆေးနည်းလေးတွေကို တခြားသူတွေအတွက် SHARE ပေးလိုက်ပါနော်။