အချိန်တိုအတွင်း လှပသပ်ရပ်တဲ့ဆံပင်ပုံစံလေးဖြစ်စေဖို့ ရွှေရောင်နည်းလမ်းလေးများ

blank
၁။ ဆံပင်ကို ခပ်မြင့်မြင့်စုစည်းလိုက်ပါ။

အလုပ်ရှုပ်ပြီး အချိန်မရတဲ့မနက်ခင်းတွေမှာ ဆံပင်ကို အချိန်တိုလေးနဲ့ အလှဆုံး၊ အသပ်ရပ်ဆုံးပြုပြင်နိုင်တဲ့ပုံစံက ဆံပင်တွေအားလုံးကို ခေါင်းထိပ်နားမှာခပ်မြင့်မြင့်လေးစုပြီး စည်းနှောင်လိုက်တာပါပဲ။ စည်းထားတဲ့ဆံပင်ကို လက်လေးနဲ့ ခပ်ဖွာဖွာပုံစံလေးဖြစ်အောင်ပြင်လိုက်ရင် ပိုပြီးလှပတဲ့အသွင်အပြင်ကို ရမှာပါ။

၂။ သွားတိုက်တံသုံးပါ။

ဆံပင်စည်းပြီးတဲ့အခါ ဖွာထွက်နေတဲ့ဆံပင်တွေကို သပ်ရပ်ပြီး ကပ်ကပ်လေးဖြစ်နေအောင် ဆံပင်ကို hairspray ဖျန်းပြီး သွားတိုက်တံလေးနဲ့ ပွတ်သပ်လိုက်ပါ။

၃။ စည်းထားတဲ့ဆံပင်ကို အလှဆင်ပါ။

ဆံပင်စည်းတာက လွယ်ပေမဲ့ တစ်ခါတလေမှာ ပုံတုံးတုံးကြီးဖြစ်နေသလို ခံစားရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ခေါင်းစည်းကြိုးလေးတွေအသုံးပြုပြီး စည်းထားတဲ့ဆံပင်ကို အထပ်လိုက်လေးတွေပြန်စည်းတာတို့၊ ကလစ်အမည်းလေးတွေသုံးပြီး ဆံပင်ကို အမြဲတမ်း ကြွကြွမြောက်မြောက်လေးဖြစ်အောင် ပြင်တာတို့ လုပ်နိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ခေါင်းစည်းကွင်းကို ဖုံးလိုက်ပါ။

ဆံပင်ကို ခပ်မြင့်မြင့်လေးစုစည်းလိုက်ပြီးရင် စည်းထားတဲ့ဆံပင်ထဲက အနည်းငယ်ကိုယူပြီး သရေကွင်းခေါင်းစည်းကြိုးပေါ်မှာ ပတ်လိုက်ပါ။ ပြီးရင် ပိုနေတဲ့ဆံပင်လေးကို အောက်ဖက်မှာ ကလစ်လေးနဲ့ ထိန်းထားလိုက်ပါ။ ဒီပုံစံလေးက အချိန်တိုအတွင်းမှာ စမတ်ကျစွာ ပြင်ဆင်နိုင်တဲ့ ပုံစံလေးလည်း ဖြစ်ပါတယ်။

၅။ ခေါင်းလျှော်ရည်မသုံးပါနဲ့။
          နေ့တိုင်းခေါင်းလျှော်တယ်ဆိုရင်တောင် ခေါင်းလျှော်ရည်ကို နေ့တိုင်းမသုံးပါနဲ့။ ဒါဟာ အချိန်မကုန်တဲ့နည်းလမ်းဖြစ်သလို ဆံသားတွေအတွက်လည်း ကောင်းကျိုးဖြစ်စေတဲ့ လုပ်ရပ်ပါ။ ခေါင်းလျှော်ရည်အသုံးများရင် ဆံသားမှာ ရှိနေသင့်တဲ့သဘာဝအဆီတွေခမ်းခြောက်စေနိုင်ပြီး ဆံသားခြောက်သွေ့စေပါတယ်။

၆။ ဝက်မှင်ဘီးသုံးပါ။

သာမန်ခေါင်းဖီးတွေထက် တောဝက်အမွေးနဲ့ပြုလုပ်ထားတဲ့ ဝက်မှင်ဘီး (boar bristle brush) ကို သုံးပါ။ ဝက်မှင်ဘီးနဲ့ဆိုရင် အချိန်ကြာကြာခေါင်းဖြီးစရာမလိုဘဲ အချိန်ခဏလေးအတွင်းမှာ ဆံသားတွေကို သပ်ရပ်လှပသွားစေပါတယ်။

၇။ ညဘက်မှာ dry shampoo သုံးပါ။

ညဘက်တွေမှာ ဆံသားတွေကို dry shampoo ဖျန်းပြီးမှ အိပ်ရာဝင်ပါ။ ဒါဆိုရင် မနက်မိုးလင်းတိုင်း လှပပြီး မွှေးပျံ့သပ်ရပ်တဲ့ဆံသားလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၈။ ဆံထုံးထုံးပြီးမှ အိပ်ရာဝင်ပါ။

ဒီနည်းဟာ ဆံပင်ကောက်ကောက်လေးတွေအတွက်ပိုပြီး အသုံးဝင်ပါတယ်။ ညဘက်မှာ ဆံထုံးထုံးပြီး အိပ်စက်ခြင်းက ဆံသားပျက်စီးမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို မနက်နိုးတဲ့အချိန် ဆံထုံးကိုဖြည်ချလိုက်တဲ့အခါမှာလည်း ကောက်သားလှလှလေးနဲ့ ဆံနွယ်ခွေလေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။