ဘာကြောင့် အာရှသူတွေရဲ့ အသားအရေက ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်ရတာလဲ

blank

ကမ္ဘာပေါ်မှာ အသားအရေအလှဆုံးအမျိုးသမီးတွေကို ပြပါဆိုရင် အာရှသူတွေကို ညွှန်းဆိုရမှာပါ။ အာရှသူတွေဟာ စိုပြေဖြူဝင်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားကြပြီး ရှိရင်းစွဲအသက်ထက် ပိုမိုနုပျိုနေသယောင် ထင်ရပါတယ်။ ဒီလို လှပတဲ့ အသားအရေအတွက် သူတို့မှာ လျှို့ဝှက်ချက်လေးတွေ ရှိနေနိုင်ပါတယ်။

ဒါကြောင့် အလှအပမက်မောသူ ဂန္ထဝင်ပျိုမေတို့အတွက် အာရှသူတွေရဲ့ အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ လျှို့ဝှက်နည်းဗျူဟာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ “၄-၂-၄”နည်းလမ်းနဲ့ မျက်နှာသစ်ကြတယ်။

“၄-၂-၄” နည်းလမ်းဆိုတာ ပထမ ၄ မိနစ်မှာ မျက်နှာသန့်စင်အဆီ (hydrophilic oil) နဲ့ မျက်နှာကိုအရင်သန့်စင်တယ်၊ နောက် ၂မိနစ်မှာ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တယ်၊ နောက်ဆုံး ၄မိနစ်မှာ ရေနဲ့ ပြောင်စင်အောင်ဆေးကြောတဲ့ နည်းလမ်းဖြစ်ပါတယ်။ ထိုနည်းလမ်းအတိုင်းမျက်နှာသစ်တာက အရေပြားပေါ်က အညစ်အကြေးတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

၂။ မျက်နှာသစ်တဲ့အချိန် ရေမြှုပ် (Sponge) သုံးကြတယ်။

မျက်နှာသစ်တဲ့အခါ ရေမြှုပ်သုံးတာက အညစ်အကြေးတွေအပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးပါတယ်။ နူးညံ့တဲ့ ရေမြှုပ်နဲ့ စက်ဝိုင်းပုံစံပွတ်တိုက်ပြီး မျက်နှာ သစ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ မျက်နှာသစ်ဖို့ အသင့်တော်ဆုံးရေမြှုပ်ကတော့ konjac sponge ပဲဖြစ်ပါတယ်။

၃။ တစ်ပတ်တစ်ခါ မျက်နှာကို စနစ်တကျဆေးကြောပေါင်းတင်ကြတယ်။

တစ်ပတ်တစ်ခါ skin care ကောင်းကောင်း သုံးပြီး မျက်နှာကို သန့်စင်သွားအောင် အဆင့်ဆင့်ဆေးကြောပါ။ ပြီးရင် အသားအရေကိုချောမွေ့ပြီး ဖြူဝင်းလှပအောင် စနစ်တကျပေါင်းတင်ပါ။ ဒီနည်းကြောင့် အာရှအမျိုးသမီးတွေရဲ့မျက်နှာအသားအရေက ပြိုင်ဘက်ကင်းလှပနေတာဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ နေရောင်ခြည်မထိအောင် ကာကွယ်ကြတယ်။

အာရှသူတွေရဲ့ အသားအရည်ထိန်းသိမ်းခြင်း အဓိကလျှို့ဝှက်ချက်ကတော့ နေပူပူ၊ မိုးအုံ့အုံ့ နေရောင်ခြည်ကို ကာကွယ်ကြတာပါပဲ။ sunscreen လိမ်းပြီးတော့ပဲဖြစ်ဖြစ်၊ ထီး၊ နေကာမျက်မှန်သုံးပြီးတော့ပဲဖြစ်ဖြစ် အသားအရေကို နေရောင်နဲ့တိုက်ရိုက်မထိအောင် ကာကွယ်ထားတတ်ကြတယ်။

၅။ ဆန်ဆေးရေနဲ့ မျက်နှာသစ်ကြတယ်။

ဆန်ဆေးရေနဲ့ မျက်နှာသစ်ခြင်းဟာ အာရှအမျိုးသမီးတွေကြားမှာ ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် သုံးစွဲလာကြတဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ ဆန်ဆေးရေဟာ မျက်နှာအသားအရေကို နူးညံ့စေပြီး အသားအရောင်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းလျှော်တဲ့နေရာမှာလည်း ဆန်ဆေးရေကို အသုံးပြုကြပါတယ်။

၆။ လက်ဖက်စိမ်းနဲ့ ပူစီနံ(mint) ပါတဲ့ အလှကုန်ပစ္စည်းတွေကို သုံးကြတယ်။

လက်ဖက်စိမ်းနဲ့ mint မှာပါတဲ့ အစွမ်းသတ္တိတွေက အရေပြားကို လှပကျန်းမာစေပြီး တောက်ပစိုဝင်းစေပါတယ်။ ဒါကြောင့် အာရှသူတော်တော်များများဟာ လက်ဖက်စိမ်းနဲ့ mint ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို အများဆုံး သုံးစွဲတတ်ကြပါတယ်။

၇။ မျက်နှာသစ်ဆေးတွေ၊ ရေချိုးဆပ်ပြာတွေကို အသားအရေနဲ့ တိုက်ရိုက်မထိတွေ့မိအောင် ကာကွယ်ကြတယ်။

မျက်နှာသစ်ဆေးတွေ၊ ရေချိုးဆပ်ပြာတွေက အသားအရေကို တိုက်ရိုက်ထိတွေ့ပါများလာတဲ့အခါ အရေပြားအပေါ်ယံလွှာကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အာရှသူတွေဟာ မျက်နှာသစ်ဆေး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်တို့ကို လက်ထဲမှာ အမြှုပ်ဖြစ်အောင် ပွတ်ပြီးမှ အသားအရေနဲ့ ထိတွေ့စေတတ်ကြပါတယ်။

အလှအပဆိုင်ရာ နည်းလမ်းကောင်းလေးတွေကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦးနော်။