မျက်နှာအသားအရေပြောင်းလဲမှုတွေကိုကြည့်ပြီး သိနိုင်တဲ့ ကျန်းမာရေးချို့ယွင်းမှုများ

blank
၁။ မျက်နှာလေးက ပိန်ပြီး ချောင်ကျနေတယ်ဆိုရင်

ကိုယ်လက်လေ့ကျင့်ခန်း အလွန်အကျွံလုပ်ရင်၊ အစားအသောက်နည်းရင် ဖြစ်တတ်ပါတယ်။ အစားအသောက်နည်းတဲ့အခါ မျက်နှာအသားအရေကို အောက်ဆီဂျင်လုံလောက်စွာ ဖြည့်တင်းမပေးနိုင်တာကြောင့် မျက်နှာက သိသိသာသာကို ချောင်ကျသွားတတ်ပါတယ်။ မျက်နှာပြည့်ပြည့်လေးနဲ့ လှပနိုင်ဖို့ အာဟာရကို ပြည့်ဝစွာ စားသုံးပြီး လေ့ကျင့်ခန်းကို ပုံမှန်ပဲ လုပ်သင့်ပါတယ်။

၂။ မျက်နှာက ဖောယောင်နေတယ်ဆိုရင်

စိတ်ဖိစီးမှုများခြင်း၊ လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း၊ အရက်သောက်များခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အဲဒီအကြောင်းရင်း ၃ခုကြောင့် မျက်နှာဖောယောင်စေတဲ့အပြင် မျက်နှာအသားအရေရဲ့collagen ထုတ်လွှတ်မှုကိုပါ လျော့နည်းစေပါတယ်။

၃။ မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်နေတယ်ဆိုရင်

နေရောင်ခြည်ထိတွေ့မှုများတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပြီး လျင်မြန်စွာ အိုမင်းရင့်ရော်စေနိုင်ပါတယ်။ ဒါကြောင့် နေပူပူ၊ မိုးအုံ့အုံ့ အပြင်ထွက်တော့မယ်ဆိုရင် sunscreen ကို လိမ်းဖြစ်အောင်လိမ်းပါ။

၎။ မျက်နှာအသားအရေခြောက်သွေ့နေတယ်ဆိုရင်

အာဟာရပြည့်ဝစွာ မရရှိခြင်းရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ အာဟာရမပြည့်ဝခြင်းက အသားအရေကို မွဲခြောက်စေရုံသာမက အရေးအကြောင်းတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာအသားအရေကို လှပစိုပြေပြီး နုပျိုနေအောင် အသီးအရွက်များများစားပေးသင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ မျက်နှာအသားအရေ နီရဲနေတယ်ဆိုရင်

ကော်ဖီအလွန်အကျွံသောက်သုံးခြင်းက မျက်နှာအရေပြားဆဲလ်တွေကို ရေဓာတ် ခမ်းခြောက်စေနိုင်ပြီး ယောင်ယမ်းစေနိုင်ပါတယ်။ တစ်ခါတလေ တစ်ညလုံးအလုပ်လုပ်ပြီး နေ့ဘက်အိပ်စက်ခြင်းကြောင့် ဗီတာမင် D ဓာတ်ချို့တဲ့ရင်လည်း မျက်နှာအသားအရေ နီရဲနေတတ်ပါတယ်။ မျက်နှာနီရဲပြီး ယားယံတာကို လျှော့ချဖို့ ကော်ဖီသောက်တာကိုလျှော့ပါ။ ကော်ဖီအစား အခြားဖျော်ရည်တစ်မျိုးမျိုး ပြောင်းသောက်ကြည့်ပါ။ ဗီတာမင်ဓာတ်ကို ဖြည့်တင်းပါ။

၆။ မျက်နှာ အသားအရေက အဝါရောင်ဘက်သမ်းနေတယ်ဆိုရင်

အသည်းနဲ့ပတ်သက်တဲ့ရောဂါ၊ ဒါမှမဟုတ် သွေးအားနည်းရောဂါဖြစ်နေတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာအသားအရေအဝါရောင်ဘက်သမ်းသွားတယ်ဆိုရင် ဆရာဝန်ဆီသွားပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

၇။ မျက်နှာက ဖြူဖျော့နေတယ်ဆိုရင်

မျက်နှာအသားအရေက သာမန်ထက်ပိုပြီး ဖြူဖျော့နေတယ်ဆိုရင် ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့နေလို့ဖြစ်ပါတယ်။ ဒါကြောင့် သံဓာတ်ကိုဖြည့်တင်းပေးနိုင်မယ့် အသားတွေ၊ ပဲတွေ များများစားပါ။ သံဓာတ်ကို ပိုမိုစုပ်ယူပေးနိုင်တဲ့ ဗီတာမင် C ဓာတ်ကိုလည်း ဖြည့်တင်းပါ။

၈။ မျက်ကွင်းညိုနေတယ်ဆိုရင်

အိပ်ရေးမဝခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ ဆေးလိပ်နဲ့ အရက်သေစာသောက်သုံးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ မျက်ကွင်းညိုတာတွေကို သက်သာစေနိုင်ဖို့ တစ်နေ့ကို ၈နာရီကြာအိပ်ပါ။ အာဟာရမျှတစွာ စားသုံးပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

၉။ မျက်နှာမှာ ဝက်ခြံတွေထွက်လာတယ်ဆိုရင်

စားသုံးနေတဲ့ အာဟာရမှာ အချိုနဲ့ အဆီအဆိမ့်တွေများနေတယ်ဆိုရင် ဝက်ခြံထွက်တတ်ပါတယ်။ စိတ်ဖိစီးမှုများခြင်းနဲ့ ဟော်မုန်းပြောင်းလဲမှုကြောင့်လည်း ဝက်ခြံတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့်ပဲ ဝက်ခြံဖြစ်ဖြစ် အပြင်ပိုင်းကနေ အသားအရေကို ထိန်းသိမ်းဖို့လိုအပ်သလို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားသောက်ပြီးတော့လည်း ဝက်ခြံတွေပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

၁ဝ။ နှုတ်ခမ်းတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်ပေါ်နေတယ်ဆိုရင်

ပြုံးလိုက်တိုင်း အရေးအကြောင်းတွေ ထင်ရှားစွာပေါ်လာတယ်ဆိုတာ ဗီတာမင် C ဓာတ် ချို့တဲ့လို့ဖြစ်ပါတယ်။ အရေးအကြောင်းတွေလျော့ပါးအောင် အစိမ်းရောင် အသီးအရွက်တွေ၊ လိမ္မော်သီးနဲ့ ပန်းငရုတ်ပွသီး များများစားပေးသင့်ပါတယ်။

ကျန်းမာရေးအသိပေးစာစောင်လေးကို SHARE လိုက်ပါ။