ကျန်းမာလှပတဲ့ လက်သည်းလေးတွေရဲ့ နောက်ကွယ်က နည်းလမ်းကောင်းများ

blank
Nail Polish

သွယ်လျတဲ့လက်ချောင်းလေးတွေနဲ့ လှပညီညာတဲ့ လက်သည်းလေးတွေကို ပိုင်ဆိုင်ချင်ကြတာဟာ ပျိုမေတိုင်းရဲ့ အိပ်မက်ပါ။ ဒါပေမဲ့ လက်သည်း မညီညာတာ၊ လက်သည်းကျိုးလွယ်တာ၊ လက်သည်းလေးတွေ ဝါထိန်နေတာ စတဲ့ပြဿနာတွေကြောင့် စိတ်ညစ်နေရတာတွေ ရှိပါတယ်။

ဒီလို ပြဿနာတွေ ကင်းဝေးပြီး လှပညီညာတဲ့ လက်သည်းလေးတွေပိုင်ဆိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ရှိနေပါတယ် ဂန္ထဝင်ပျိုမေတို့ရေ။ ဘယ်လိုနည်းလမ်းလေးတွေလဲဆိုတာကို ဆက်လက်ဖတ်ရှုကြည့်ရအောင်နော်။

၁။ လက်သည်းထိပ်လေးတွေကို အမြဲတမ်း ချောမွေ့ညီညာနေအောင် ညှပ်ပါ။

၂။ လက်သည်းလေးတွေကို သန့်ရှင်းသပ်ရပ်စွာ ထားပါ။

၃။ လက်သည်းတွေကို ခြောက်သွေ့စွာ ထားပါ။

၎။ သတ္တုချောင်းလေးတွကို သုံးပြီး လက်သည်းကြားထဲက ချေးတွေကို ဖယ်ရှားတဲ့အခါ နူးညံ့စွာ ဖယ်ရှားပါ။

၅။ လက်သည်းကို Base Coat အမြဲတမ်းဆိုးထားပါ။

၆။ သစ်ပင်စိုက်တဲ့အချိန်၊ သန့်ရှင်းရေးလုပ်တဲ့အချိန်၊ ဓာတုပစ္စည်းတွေကို ကိုင်တွယ်ရတဲ့အချိန်တွေမှာ လက်အိတ် အမြဲတမ်းစွပ်ပါ။

၇။ လက်သည်းနီတစ်ရောင်ပြီး တစ်ရောင်ပြောင်းဆိုးတာမျိုးကို ရှောင်ကြဉ်ပါ။ လက်သည်းလေးတွေကို မကြာခဏ သဘာဝအတိုင်းလေးထားပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ နှုတ်ခမ်းဆိုးဆေးအကြည် (lip balm) သုံးပြီး လက်သည်းကို အစိုဓာတ်ဖြည့်ပါ။

၉။ လက်သည်းပုံမှန်ညှပ်ပါ။ အရှည်ထားချင်တယ်ဆိုရင်တောင် နှစ်ပတ်တစ်ခါလောက်တော့ ပုံမှန် တိပေးပါ။

၁ဝ။ ဗီတာမင် E နဲ့ ပရိုတင်းဓာတ်များတဲ့ အစားအစာတွေကို စားသောက်ပါ။

၁၁။ လက်သည်းသန့်ရှင်းရေးကိရိယာတွေ၊ လက်သည်းအလှပြင်ပစ္စည်းတွေကို ပုံမှန်သန့်ရှင်းဆေးကြောပါ။

၁၂။ လက်သည်းနီတွေ၊ လက်သည်းဖျက်ဆေးတွေမဝယ်ခင် အညွှန်းကို သေချာဖတ်ပါ။ Dibutyl phthalate၊ formaldehyde၊ toluene အစရှိတဲ့ ဓာတုပစ္စည်းတွေက လက်သည်းကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် သတိပြုရှောင်ရှားပါ။

၁၃။ လက်သည်းနီဆိုးပြီးတိုင်း top coat ဆိုးပါ။

၁၄။ လက်သည်းအရှည်ပမာဏထက် လက်သည်းကျန်းမာဖို့ ပိုဂရုစိုက်ပါ။

၁၅။ လက်သည်းအပေါ်ယံက ဖယောင်းလွှာလေးကို မပျက်စီးအောင် ဂရုတစိုက် ထိန်းသိမ်းပါ။

အလှအပရေးရာစာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။