ဗောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးမယ့် သံပယိုသီး

blank
ဂန္ထဝင်ပျိုမေတို့ရေ…

ဗောက်ထခြင်းဆိုတာ လူတိုင်းမကြာခဏဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုဖြစ်ပြီး ဦးရေပြားရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ဦးရေပြားခြောက်သွေ့မှုတွေကြောင့် ဖြစ်ပေါ်လာရတာပါ။ ဗောက်ထတဲ့အခါ ဦးရေပြား ယားယံရုံသာမက ဆံသားနဲ့ဦးရေပြားကျန်းမာရေးအတွက် ကြီးမားတဲ့ထိခိုက်မှုတွေကိုလည်း ဖြစ်စေပါ တယ်။ ဒါ့အပြင် ဗောက်ကြောင့် ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတို့လည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ပျိုမေတို့ရဲ့ဆံနွယ်လေးတွေကို ချစ်မြတ်နိုးတယ်ဆိုရင် ဦးရေပြားပေါ်က ဗောက်တွေ ကို အမြန်ဆုံးဖယ်ရှားပစ်ဖို့ အရေးကြီးလှပါတယ်။ ဒီလိုဖယ်ရှားရာမှာ ပျိုမေတို့ကို အထိရောက်ဆုံး ကူ ညီပေးမယ့်အရာကတော့ သံပယိုသီးပဲဖြစ်ပါတယ်။ သံပယိုသီးမှာ ဦးရေပြားပေါ်က ကူးစက်ရောဂါပိုး မွှားတွေကို သေစေတဲ့ ဗီတာမင် C ဓာတ်မြင့်မားစွာ ပါဝင်နေသလို သဘာဝအက်ဆစ်ဖြစ်တဲ့ PH Level ကိုလည်း သိုလှောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါ့အပြင် ဗောက်တွေကို သဘာဝအတိုင်းကာကွယ်ပေး တဲ့ စွမ်းအင်တွေကိုလည်း မြှင့်တင်ပေးပါတယ်။ သံပယိုသီးကို အသုံးပြုရာမှာ နည်းလမ်းနှစ်မျိုးကို အ သုံးပြုနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နည်းလမ်း(၁)- အုန်းဆီနဲ့သံပယိုရည်

အုန်းဆီဟာ ဗောက်ဖြစ်စေတဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ ဦးရေပြားခြောက်သွေ့မှုကို ဆီးကြို ဟန့်တားပေးပါတယ်။ အုန်းဆီကို စတီးလ်ခွက်ငယ်ထဲထည့်ပြီး အပူပေးပါ။ ပြီးရင် အုန်းဆီနှစ်ဆ၊ သံပ ယိုရည်တစ်ဆထည့်ပြီး ရောနှောပါ။ ပြီးရင် ဦးရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါ။ မိနစ် ၃ဝ-ခန့်ထားပြီး ရင် နှစ်သက်ရာခေါင်းလျှော်ရည်သုံးပြီး ရေဆေးချလိုက်ပါ။

နည်းလမ်း (၂)- ACV နဲ့ သံပယိုရည်

Apple cider vinegar (ACV)လို့ခေါ်တဲ့ ပန်းသီးအရက်ရှာလကာရည်တစ်မျိုးဟာ ဦးရေပြား ပေါ်ကူးစက်ပျံ့နှံ့နေတဲ့မှိုတွေ၊ ဘက်တီးရီးယားပိုးတွေကို သေစေသလို သဘာဝ pH ကိုလည်း သို လှောင်ပေးပါတယ်။ ACV လက်ဖက်ရည်တစ်ဇွန်း၊ ရေနှစ်ဇွန်းနဲ့ သံပယိုဇွန်းတစ်ဝက်ကို ရောနှောပါ။ ပြီးရင် အဲ့ဒီအရည်ကို ဦးရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ငါးမိနစ်ခန့်ကြာရင် ရေအေးဖြင့်ဆေးချ လိုက်ပါ။ ဒါဆိုရင် ဗောက်တွေယူပစ်လိုက်သလို ပျောက်ကင်းသွားမှာသေချာပါတယ်။

ကဲ… ပျိုမေတို့ရေ… ဝယ်ရလည်းလွယ်ကူ၊ အသုံးပြုရတာလည်းမခက်တဲ့သံပယိုသီးအစွမ်းနဲ့ ဗောက်ကင်းပြီး သန်စွမ်းလှပဆုံး ဆံနွယ်လေးတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေနော်။

တခြားသူတွေကိုပါ ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦး။