ကမ္ဘာကျော်ဖက်ရှင်ဂုရုကြီးများရဲ့ ဖက်ရှင်အကြံပေးချက်များ

blank

၁။ အိမ်ထဲကနေ မထွက်ခင် မှန်ရှေ့မှာ ရပ်ကြည့်ပြီး သင့်ခန္ဓာကိုယ်မှာဝတ်ထားတဲ့ accessories တစ်ခုကို ချွတ်ထားခဲ့လိုက်ပါ။ – ကိုကို ရှန်နယ်လ် (Coco Chanel)

၂။ အမျိုးသမီးအများစုက ဖိနပ်ရွေးချယ်မှုကို အရေးမကြီးဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ မိန်းမသားတစ်ယောက်ရဲ့ လှပမှုကို သက်သေပြပေးနေတဲ့အရာကတော့ သူမရဲ့ ခြေထောက်တစ်စုံပဲဖြစ်ပါတယ်။ – ခရစ်ရှန်း ဒီရော (Christian Dior)

၃။ အချို့အမျိုးသမီးတွေဟာ ဆွဲဆောင်မှုရှိဖို့ မလုံ့တလုံအတိုအကပ်ဝတ်စုံတွေကို ဝတ်ကြတယ်။ သူတို့ဟာ ဆွဲဆောင်မှုရှိရှိဝတ်စားတာနဲ့ လျှပ်ပေါ်လော်လီဝတ်စားတာကို မသဲကွဲကြပါဘူး။ -ရောဘတ်တို ကာဗယ်လီ (Roberto Cavalli)

၎။ ရိုးရှင်းမှုကို တန်ဖိုးထားပါ။ အမျိုးသမီးတွေရဲ့ ရိုးရှင်းတဲ့ ဖက်ရှင်တွေဟာ တစ်ကျော့ပြန် ဆန်းသစ်လာနိုင်ပါတယ်။ – ကိုကို ရှန်နယ်လ် (Coco Chanel) ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အရည်အသွေးကောင်းတဲ့ ဖိနပ်တွေ၊ ခါးပတ်တွေ၊ အိတ်တွေ၊ နက်ခ်တိုင်တွေကို ဝယ်ပါ။ ဒါတွေဟာ ဘယ်တော့မှ ရိုးမသွားပါဘူး။ ပြီးတော့ လက်ပတ်နာရီကောင်းတစ်လုံးဝယ်ထားပါ။ သင်ရဲ့ လက်ပတ်နာရီက သင့်ရဲ့ဘဝပုံစံကို ထင်ဟပ်နေပါတယ်။ -ဂျော်ဂျီယို အာမေနီ (Giorgio Armani)

၆။ သူများတကာ ရွှေဝတ်နေကြတဲ့အချိန်မှာ ဖက်ရှင်ကို ကောင်းကောင်းခံစားတတ်သူတွေကတော့ ရတနာတွေကို ဝတ်ဆင်ကြတယ်။ – ကိုကို ရှန်နယ်လ် (Coco Chanel)

၇။ ဖက်ရှင်အသစ်ပေါ်တိုင်း မက်မက်မောမောလိုက်စားပြီး ဖက်ရှင်ကသင့်ဘဝကို ကြီးစိုးသွားတာမျိုးမဖြစ်ပါစေနဲ့။ ဒါပေမဲ့ သင့်ဘဝနေထိုင်မှုကို ပိုမိုလှပအောင်မြှင့်တင်ပေးနိုင်တဲ့ ဖက်ရှင်တော့ ရှိထားသင့်ပါတယ်။ – ဂျီယန်နီ ဗားဆေ့ခ်ျ (Gianni Versace)

၈။ ရေမွှေးဆိုတာ အမှတ်တရတွေဖန်တီးပေးနိုင်ပြီး အဖိုးမဖြတ်နိုင်တဲ့ ဖက်ရှင်ကျကျ accessories တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့မွှေးရနံ့က သင်ရောက်လာကြောင်းကို သံတော်ဆင့်ပေးသလို သင်ထွက်ခွာသွားရင်လည်း သင့်နားမှာ ကျန်ရစ်နေမှာပါ။ – ကိုကို ရှန်နယ်လ် (Coco Chanel)

၉။ ဈေးပေါတဲ့ဖိနပ်တွေကို ဝယ်ယူတာက မှားယွင်းတဲ့ချွေတာမှုပါ။ ဖိနပ်တွေဆိုတာ အဝတ်ဗီဒိုရဲ့ အခြေခံပဲမဟုတ်လား။ – ဂျော်ဂျီယို အာမေနီ (Giorgio Armani)

၁ဝ။ အနက်ရောင်ဂါဝန်တိုလေးတွေနဲ့သာဆိုရင် သင့်ဖက်ရှင်ဟာ အပိုအလိုမရှိဘဲ ပြည့်စုံနေမှာပါ။ – ကားလ် လာဂါဖဲ့ဒ် (Karl Lagerfeld)

၁၁။ ဖိနပ်တွေဟာ သင့်ရဲ့ခန္ဓာကိုယ်အမူအရာနဲ့ စိတ်သဘောထားကို ပြောင်းလဲပေးနိုင်ပါတယ်။ လှပတဲ့ဖိနပ်လေးတွေဟာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ – ခရစ်ရှန်း လူးဘော်တွန် (Christian Louboutin)

၁၂။ ဖက်ရှင်ကျတယ်ဆိုတာ တန်ဖိုးတွေ၊ အမှတ်တံဆိပ်တွေနဲ့ မဆိုင်ပါဘူး။ နှလုံးသားထဲကလာတဲ့ စိတ်ခံစားမှုနဲ့ပဲ ဆိုင်တာပါ။ – ရပ် လော်ရန် (Ralph Lauren)

၁၃။ နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်သိလာရတာတစ်ခုက ဝတ်စုံတစ်ခုကို ဖန်တီးတော့မယ်ဆိုရင် အရေးအကြီးဆုံးက အဲဒီဝတ်စုံကို ဝတ်ဆင်မယ့်သူရဲ့ ပုံစံပါပဲ။ – အီဗက်စ် စိန့် လောရန့် (Yves Saint Laurent)

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။