လှပတင့်တယ်တဲ့ အသက် ၄ဝကျော် မမများ သိထားသင့်တဲ့ မိတ်ကပ်လိမ်းခြယ်မှုနည်းလမ်းများ

blank

၁။ အောက်ခံမိတ်ကပ်လိမ်းပြီးတဲ့အခါ ပေါင်ဒါမသုံးပါနဲ့။ ပေါင်ဒါကြောင့် မိတ်ကပ်သားထူသလို ထင်ရပြီး အရေးအကြောင်းတွေကို  ပိုမိုပေါ်လွင်စေပါတယ်။ အောက်ခံမိတ်ကပ်လိမ်းပြီးတဲ့အခါ ခြောက်အောင် စောင့်လိုက်ပါ။ ခြောက်ပြီဆိုမှ mist အနည်းငယ်ဖျန်းလိုက်ပါ။

၂။ အရောင်ရင့်တဲ့ နှုတ်ခမ်းနီတွေကို ရှောင်ပါ။ အညိုဖျော့ရောင်၊ အသားရောင်၊ မိတ်ကပ်ရောင်၊ သန္တာရောင်နဲ့ ပန်းရောင်ဖျော့ဖျော့လေးတွေက မျက်နှာသွင်ပြင်ကို ပိုမိုနုပျိုလှပစေတဲ့ အရောင်တွေ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ပါးနီအသုံးပြုတဲ့အခါမှာလည်း ပန်းရောင်တောက်တောက်တွေ၊ အညိုရောင်တွေ စတဲ့ သဘာဝမကျတဲ့အရောင်တွေကို သုံးမယ့်အစား သဘာဝကျတဲ့ အရောင်ဖျော့ဖျော့လေးတွေကို ပါးမို့မှာ လိမ်းခြယ်ပါ။

၎။ အောက်မျက်ခမ်းမှာ eye liner မဆိုးပါနဲ့။ အောက်မျက်ခမ်းတွေကို eye liner ဆိုးခြင်းက မျက်လုံးကို ပိုမှေးသယောင်ထင်ရစေပြီး ရုပ်ရင့်စေပါတယ်။

၅။ အသက်အရွယ်ရလာတာနဲ့အမျှ နှုတ်ခမ်းတဝိုက်မှာရှိတဲ့ သဘာဝ လိုင်းက ပျောက်ကွယ်သွားပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီဆိုးတဲ့အခါ ပုံကျလှပဖို့ နှုတ်ခမ်းနီအရောင်နဲ့ သိပ်မကွာတဲ့ lip liner သုံးပါ။

၆။ မျက်လုံးအောက်က မည်းနေတဲ့နေရာကို ဖုံးကွယ်ဖို့ concealer တွေ အများကြီး မသုံးပါနဲ့။ Concealer အထူကြီး သုံးတဲ့အခါမှာ ထူထူခဲခဲကြီးဖြစ်နေပြီး ပိုမို ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် lightweight formula နဲ့ ထုတ်လုပ်ထားတဲ့ undereye concealer မျိုးကို သုံးသင့်ပါတယ်။

၇။ လက်လက်ထနေတဲ့ eye shadow တွေ၊ lip gloss တွေကို ရှောင်ပါ။ တောက်ပဝင်းလက်တဲ့ ပြင်ဆင်ခြယ်သမှုက အရေးအကြောင်းတွေကို ပိုမိုပေါ်လွင်စေပါတယ်။ မျက်နှာအလှကို ပိုမိုပေါ်လွင်စေဖို့ အသင့်တော်ဆုံးကတော့ မျက်လုံးအတွင်းထောင့်တွေနဲ့ နှုတ်ခမ်းအလယ်နားကိုပဲ လက်လက်ထအောင် ခြယ်သတာပါပဲ။

၈။ မျက်ခုံးမွေးကို ပုံစံတကျနဲ့ မထူမပါးဆွဲပါ။ မျက်နှာပုံစံနဲ့ လိုက်ဖက်တင့်တယ်တဲ့ မျက်ခုံးမွေးတွေဟာ မျက်နှာအလှကို ပိုမိုပေါ်လွင်စေပြီး နုပျိုတဲ့အသွင်ထင်ဟပ်စေပါတယ်။

၉။ မျက်ခုံးမွေးဆွဲတဲ့အခါမှာ လိုက်ဖက်တဲ့အရောင်ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။ မျက်ခုံးမွေးအရောင်ရင့်လွန်းတဲ့အခါမှာ ကာတွန်းရုပ်ကြီးနဲ့တူပြီး ကြည့်ရဆိုးစေပါတယ်။ မရင့်လွန်း မဖျော့လွန်းတဲ့ အညိုရောင်က အသက် ၄ဝကျော် မမများအတွက် အသင့်တော်ဆုံးအရောင် ဖြစ်ပါတယ်။

၁ဝ။ မျက်နှာကို ပိုမိုလှပစေဖို့ highlighter သုံးတဲ့အခါမှာလည်း အဖြူရောင်ဆွတ်ဆွတ်တွေကို မသုံးဘဲ ပုလဲရောင်လေးတွေကို သုံးတာက ပိုမိုလှပတင့်တယ်စေပါတယ်။

၁၁။ Primer သုံးဖို့ မမေ့ပါနဲ့။ Primer သုံးခြင်းက မိတ်ကပ်သားကို ပိုမိုနူးညံ့ချောမွတ်စေပြီး မျက်နှာပေါ်က တင်းတိပ်တွေ၊ အမာရွတ်တွေ၊ အရေးအကြောင်းတွေကို ဖုံးကွယ်စေနိုင်ပါတယ်။

၁၂။ မျက်နှာပေါ်က အမဲစက်တွေ၊ တင်းတိပ်တွေ၊ မလှပတာတွေကို မိတ်ကပ်အထူကြီး လိမ်းပြီး ဖုံးကွယ်မယ့်အစား မျက်တောင်လှလှတွေ၊ မျက်ဝန်းလှလှတွေကို ပိုမိုပေါ်လွင်အောင် ပြင်ဆင်ခြယ်သလိုက်ပါ။

အသက် ၄ဝကျော် မမများအတွက် SHARE ပေးလိုက်ပါ။