ဂျပန်မလေးတွေရဲ့ အဆီပိုကင်းပြီး လှပနုပျိုနေရတဲ့ အကြောင်းရင်းများ

blank

          ဂျပန်အမျိုးသမီးအများစုဟာ ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ နုပျိုတင့်တယ်မှုအရှိဆုံး အမျိုးသမီးတွေအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ဂျပန်အမျိုးသမီးအများစုကို ကြည့်လိုက်ရင် အသက်အရွယ် ဘယ်လောက်ပြောင်းပြောင်း ခန္ဓာကိုယ်အဆီပိုတွေလည်းကင်း၊ အသားအရေလည်း သိပ်ကို လှပပါတယ်။ အသက် ၃ဝ အရွယ်ဂျပန်အမျိုးသမီးတွေဆိုရင် ၁၈ နှစ်အရွယ်ကျောင်းသူလေးတွေလို လှပနုပျိုနေတတ်တဲ့အပြင် သက်ရှည်ကျန်းမာမှုကို ပိုင်ဆိုင်ထားကြပါသေးတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ ဂျပန်တွေရဲ့ စားသောက်မှုပုံစံကြောင့်ပဲပေါ့။ သူတို့တွေဟာ လတ်ဆတ်တဲ့အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးလေ့ရှိပါတယ်။ ဒီတော့ ဂျပန်မိန်းကလေးတွေရဲ့ စားသောက်မှုပုံစံလေးတွေကို လေ့လာကြည့်ရအောင်။

၁။ အာဟာရမျှတစွာ စားသောက်ကြတယ်။

အများစုထင်နေကြသလို ဂျပန်မိန်းကလေးတွေဟာ ဆူရှီကိုပဲ စားနေကြတာမဟုတ်ပါဘူး။ သူတို့တွေဟာ ငါး၊ ရေညှိ၊ အသီးအရွက်၊ ပဲ၊ ဆန်၊ သစ်သီးနဲ့ လက်ဖက်စိမ်းကို အဓိကထားစားသုံးကြပါတယ်။ ကယ်လိုရီများတဲ့ အစားအစာတွေ၊ အသင့်စားအစားအစာတွေကို ရှောင်ကြဉ်ကြပြီး၊ သစ်သီးတွေကိုဆိုရင်လည်း သဘာဝအတိုင်းမှည့်တဲ့အသီးတွေကိုပဲ စားသောက်ကြပါတယ်။

၂။ ချက်ပြုတ်နည်းစနစ်ကျတယ်။

ဂျပန်ရိုးရာ ချက်ပြုတ်နည်းက ကြော်သည်ဖြစ်စေ၊ ပြုတ်သည်ဖြစ်စေ၊ ကင်သည်ဖြစ်စေ၊ ဆီကို အနည်းဆုံးသုံးတဲ့နည်းပါ။ မြန်မြန်ကျက်လွယ်ပြီး၊ အာဟာရဓာတ်တွေ ကျန်ရှိနေအောင် အသီးအရွက်တွေကိုဆိုရင်လည်း အရွယ်အစားသေးသေးလေးတွေလှီးထားပြီးချက်တယ်။ အစာအိမ်၊ အသည်းနဲ့ ကျောက်ကပ်တွေကို ထိခိုက်မှုမရှိအောင် သေချာပြင်ဆင်ချက်ပြုတ်တယ်။ ပြီးတော့ ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း စနစ်တကျသုံးစွဲတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ နည်းနည်းနဲ့ ဖြည်းဖြည်းချင်းစားကြတယ်။

ဂျပန်တွေရဲ့ စားသာက်မှုပုံစံက ပန်းကန်သေးသေးလေးတွေနဲ့ နည်းနည်းထည့်စားပြီး ဖြည်းဖြည်းချင်းအရသာခံရင်း စားသောက်ခြင်းပါပဲ။ အစားအသောက်တွေရဲ့ သဘာဝအရသာကို နှစ်ခြိုက်ကြတာကြောင့် ဟင်းခတ်မှုန့်တွေကို သိပ်မသုံးကြပါဘူး။ ဟင်းတွေကို ထမင်းပန်းကန်လုံးထဲအပြည့်ထည့်ထားတာမျိုးမလုပ်ဘဲ နည်းနည်းချင်းယူစားခြင်းကြောင့် အများကြီးစားမိတာမျိုးမဖြစ်တော့ပါဘူး။

၎။ ဂျုံထက် ဆန်ကိုပိုစားကြတယ်။

ထမင်းဆိုတာ ဂျပန်ထမင်းဝိုင်းတိုင်းမှာ အမြဲပါနေတတ်တဲ့အရာပါ။ ပြီးတော့ ထမင်းကို ထောပတ် (သို့) ဆားနဲ့စားကြပါတယ်။ ဒါကြောင့် အသားနဲ့ အဆီတွေများများမစားမိတော့ဘဲ အဆီမရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေကြတာပေါ့။

၅။ မနက်စာကို အဓိကထားပြီးစားသောက်ကြတယ်။

ဂျပန်တွေ တော်တော်များများက မနက်စာကို အဓိကထားပြီးစားသောက်ကြပါတယ်။ သူတို့ရဲ့ မနက်စာထမင်းဝိုင်းမှာ ဟင်းပွဲများစွာပါဝင်ပြီး ငါး၊ ထမင်း၊ ကြက်ဥမွှေကြော်၊ မီဆိုဟင်းရည်၊ ပဲ၊ ရေညှိစတာတွေကို ပုံမှန်စားလေ့ရှိပါတယ်။

၆။ အချိုတွေ၊ အအီအဆိမ့်တွေကို ရှောင်ကြတယ်။

ထမင်းစားပြီးအချိုတည်းတယ်ဆိုတာ ဂျပန်မှာ မရှိသလောက်ရှားပါတယ်။ ဂျပန်လူမျိုးတွေဟာ အခြားလူတွေထက် အချိုစားချင်စိတ်နည်းပါးကြပါတယ်။ ရေခဲမုန့်ကိုတောင်မှ ဆန်တဲ့လုပ်တဲ့ ရေခဲမုန့်ကိုပဲ စားကြပါတယ်။ ဂျပန်ရိုးရာမုန့်ပဲသရေစာတွေဆိုရင်လည်း အဆီနည်း၊ သကြားဓာတ်နည်းတာကြောင့် ခန္ဓာကိုယ်မှာ အဆီစုတာမျိုးတွေမဖြစ်တော့ပါဘူး။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။