ကိုယ်အလေးချိန်လျှော့ချဖို့ သင်သိထားတဲ့နည်းလမ်းတွေက ဘယ်လောက်မှန်ကန်ပါသလဲ

blank

ပျိုမေတို့ရေ… ပိန်သွယ်လှပတဲ့ခန္ဓာကိုယ်လေးဖြစ်အောင် အစားလျှော့စားနေပေမဲ့ ထင်တိုင်း ဖြစ်မလာလို့ စိတ်ညစ်နေသလား။ သိသမျှနည်းလမ်းလေးတွေအတိုင်း ကျင့်သုံးကြည့်နေပေမဲ့ ခရီးမ ရောက်လို့ စိတ်ပျက်နေသလား။ ဒါဆိုရင်တော့ သင်သိထားတဲ့နည်းလမ်းလေးတွေထဲ လွဲချော်နေတဲ့ အချက်လေးတွေရှိနေတာလည်း ဖြစ်နိုင်ပါတယ်နော်။ သင်သိမှတ်လာခဲ့တဲ့ ကိုယ်အလေးချိန်မတက် အောင် စားသောက်နည်းတွေထဲမှာ ဘယ်အချက်က မှန်ကန်ပြီး၊ ဘယ်အချက်တွေက လွဲနေသလဲဆို တာသိနိုင်ဖို့ အောက်မှာဆန်းစစ်ကြည့်လိုက်ကြရအောင်လား။

  • အလွဲ – ညနေ(၆)နာရီကျော်ရင် အစာမစားပါနဲ့။

အမှန်  –  အိပ်ရာမဝင်ခင် ၃နာရီနဲ့၎နာရီအတွင်း အစားများများမစားသင့်တာဖြစ်ပါတယ်။

  • အလွဲ- ပေါင်မုန့်အညိုက ပေါင်မုန့်အဖြူထက် ကျန်းမာရေးနဲ့ ညီညွှတ်တယ်။

အမှန် – ပေါင်မုန့်အဖြူနဲ့အညိုမှာ ကယ်လိုရီပါဝင်မှုနှုန်းက အတူတူပဲဖြစ်ပါတယ်။

  • အလွဲ – လတ်ဆတ်တဲ့သစ်သီးဖျော်ရည်ကို များများသောက်လေ၊ ကျန်းမာရေးနဲ့ညီညွှတ်လေပါ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အမှန် – သုံးခွက်ထက် ပိုမသောက်သုံးသင့်ပါဘူး။

  • အလွဲ – ဆူရှီက ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာဖြစ်တယ်။

အမှန် – ဆူရှီနဲ့ ပဲပိစပ်ဆော့စ်အားလုံးမှာ ကယ်လိုရီဓာတ်အများအပြားပါဝင်နေပါတယ်။

  • အလွဲ – ချောကလက်က ခန္ဓာကိုယ်ကို အဆီတက်စေတယ်။

အမှန် – အညိုရောင်ချောကလက်ပိုင်းလေးတစ်ခုထဲမှာတောင် ကျန်းမာရေးအတွက် အကျိုး ကျေးဇူးတွေ ပါဝင်နေပါတယ်။

  • အလွဲ – အစားလျှော့စားတာက ခန္ဓာကိုယ်အလေးချိန်ကို ကျဆင်းစေတယ်။

အမှန် – တစ်ကြိမ်နည်းနည်းနဲ့ တစ်နေ့ ၅ကြိမ်မှ ၆ကြိမ်စားမှသာ ခန္ဓာကိုယ်အလေးချိန် ကျဆင်းနိုင်တာဖြစ်ပါတယ်။

  • အလွဲ – တစ်ရက်ကို ရေဖန်ခွက် ခြောက်ခွက်မှ ရှစ်ခွက်အထိ နေ့စဉ်သောက်ပေးပါ။

အမှန် – ခန္ဓာကိုယ်က လိုအပ်ရင်လိုအပ်သလောက် ရေများများသောက်ပေးရမှာဖြစ်ပါတယ်။

  • အလွဲ – အဆီစားခြင်းက တားမြစ်ထားတဲ့အရာဖြစ်တယ်။

အမှန် – အဆီဓာတ်လွန်ကဲအောင်စားမှသာ ကျန်းမာရေးကိုထိခိုက်စေနိုင်တာဖြစ်ပါတယ်။

  • အလွဲ – သံလွင်ဆီမှာ ကယ်လိုရီဓာတ်နည်းပါးပါတယ်။

အမှန် – သံလွင်ဆီမှာလည်း တခြားဆီတွေလိုပဲ ကယ်လိုရီဓာတ်အပြည့်အဝပါပါတယ်။ ဒါပေမဲ့            သံလွင်ဆီက ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။

  • အလွဲ – ကာဗိုဟိုက်ဒရိတ်တွေကိုစားတာက ကျန်းမာရေးကို ထိခိုက်စေတယ်။

အမှန် –  ရိုးရိုးကာဗွန်ဟိုက်ဒရိတ်တွေကသာ ကျန်းမာရေးနဲ့မညီညွှတ်တာပါ။ ပေါင်းစပ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စားပေးရင် ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။

  • အလွဲ – သကြားညိုက သကြားဖြူထက် ကျန်းမာရေးနဲ့ပိုညီညွှတ်တယ်။

အမှန် –  သကြားညိုနဲ့ သကြားဖြူမှာ ကယ်လိုရီပါဝင်မှုပမာဏ အတူတူပါပဲ။

  • အလွဲ – အချိုပွဲအတွက် သစ်သီးက အကောင်းဆုံးပါ။

အမှန် – သစ်သီးကို သရေစာအနေနဲ့စားတာက ပိုကောင်းပါတယ်။

  • အလွဲ – နံနက်စာကို သင်စားချင်သလို စားနိုင်တယ်။

အမှန် –  အာဟာရဖြစ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့နံနက်စာဆိုတာ အသားဓာတ်(Proteins)၊ ကာဗိုဟိုက်ဒရိတ်(carbs)၊ အဆီ(fat)၊ အမျှင်ဓာတ်(daily fibers)တို့ ပါဝင်ရပါတယ်။

  • အလွဲ – အသီးအနှံတွေဟာ ဟင်းသီးဟင်းရွက်လိုပဲ ကျန်းမာရေးနဲ့ညီညွှတ်တယ်။

အမှန် – ဟင်းသီးဟင်းရွက်က အသီးအနှံထက် ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါတယ်။ တစ်ရက်ကို အသီးအနှံတစ်ဆ၊ ဟင်းသီးဟင်းရွက်လေးဆပါဝင်အောင် စားပေးသင့်ပါတယ်။

ဂန္ထဝင်ရဲ့ပျိုမေတွေအားလုံးလည်း မှန်ကန်တဲ့နေထိုင်စားသောက်နည်းတွေနဲ့ ကျန်းမာလှပတဲ့ ဘဝကို ရယူပိုင်ဆိုင်နိုင်ကြပါစေရှင်။ တခြားသူတွေပါ ဗဟုသုတရစေဖို့ ယခုစာစောင်လေးကို SHARE လိုက်ပါဦးနော်။