ပိုနီတေးလ် (Ponytail) ပုံစံ ဆံပင်စည်းတဲ့အခါ ပိုမိုလှပသပ်ရပ်စေမယ့် လှည့်ကွက်လေးများ

blank

ပိုနီတေးလ် (Ponytail) ဆိုတာ ဆံပင်တွေကို အပြောင်သိမ်းပြီး အနောက်မှာ စုစည်းတဲ့ ခပ်မိုက်မိုက် စတိုင်လ်တစ်ခုပါ။ ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း ponytail စတိုင်လ်က ဘယ်တော့မှ ရိုးမသွားပါဘူး။ စစ်တမ်းကောက်ယူချက်တွေအရ အမျိုးသမီးတွေ ponytail စည်းထားတဲ့အခါ အမျိုးသားတွေကို ပိုမိုဆွဲဆောင်နိုင်တယ်လို့လည်း ဆိုပါတယ်။

ရှိရင်းစွဲအသက်ထက်ပိုမိုနုပျိုသွားစေနိုင်တဲ့ ponytail ပုံစံစည်းတဲ့အခါ ပိုမိုလှပအောင်လို့ အသုံးချနိုင်တဲ့ စည်းမျဉ်းလေးတွေရှိပါတယ်။ အဲဒီစည်းမျဉ်းလေးတွေကို ဂန္ထဝင်ပျိုမေတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ ခေါင်းလျှော်ပြီးချိန်မှာ ponytail စည်းမယ်ဆိုရင် ဆံပင်တွေကို လုံးဝခြောက်သွားအောင် အခြောက်ခံပြီးမှ စည်းပါ။ ရေစိုနေတဲ့ဆံသားက ပိုပြီး ကျိုးကြေပျက်စီးလွယ်ပါတယ်။

၂။ Ponytail စည်းတဲ့အခါ ဆံပင်တွေ သပ်ရပ်နေအောင်၊ ခေါင်းထိပ်မှာ ဆံပင်တွေ အမြောင်းလိုက် ထွက်မနေအောင် ခပ်စိပ်စိပ်ခေါင်းဘီးနဲ့ ဖြီးသင်သင့်ပါတယ်။ ခေါင်းစည်းပြီးတဲ့အချိန်မှာလည်း လက်ချောင်းလေးနဲ့ ညှိပြီး ဆံသားတွေကို သပ်ရပ်အောင် ပြုပြင်နိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ Ponytail စည်းတဲ့အခါ အသင့်တော်ဆုံးခေါင်းစည်းကွင်းကတော့ ရိုးရှင်းတဲ့သရေကွင်း (သို့) ဆံပင်အရောင်နဲ့ တစ်ထပ်တည်းကျတဲ့ ခေါင်းစည်းကွင်းဖြစ်ပါတယ်။ ဒါမှ ခေါင်းစည်းကွင်းတွေက ဆံပင်နဲ့ရောသွားပြီး သပ်ရပ်သန့်ရှင်းတဲ့ပုံစံမြင်ရသလို အဝတ်အစားနဲ့ မလိုက်ဖက်တာမျိုးလည်း မဖြစ်တော့ပါဘူး။

၎။ Ponytail ကို ပိုသပ်ရပ်ပြီး စမတ်ကျကျစည်းချင်ရင်တော့ သားရေကွင်းစည်းပြီးတဲ့အခါမှာ လက်မဝက်လောက်ရှိတဲ့ ဆံပင်အမျှင်ကိုယူပြီး သားရေကွင်းအပေါ်ကို ပတ်လိုက်ပါ။ ပတ်ပြီးတဲ့အခါ ကလစ်နဲ့မြဲအောင်ထိန်းလိုက်ရင် လှပပြီး အဆင့်အတန်းရှိတဲ့ ponytail လှလှလေး ရပြီပေါ့။

၅။ ပိုမိုလှပပြီး ခေတ်ဆန်တဲ့ပုံစံကို လိုချင်ရင်တော့ ဆံပင်ကို မြင့်နိုင်သမျှမြင့်အောင် ယူပြီး စည်းရမှာ ဖြစ်ပါတယ်။ ခေါင်းထိပ်တည့်တည့်မှာ စည်းတာထက် ခေါင်းထိပ်အနောက်နားမှာ မြင့်မြင့်လေးစည်းတာက အလှပဆုံး ponytail style တစ်ခုဖြစ်ပါတယ်။

၆။ Ponytail စည်းနှောင်ထားတဲ့အခါ ဆံပင်ကို ပိုပြီး ထူသယောင်ထင်စေချင်ရင် လက်ချောင်းလေးတွေနဲ့ ခေါင်းထိပ်အနောက်နားကဆံပင်တွေကို ထိုးဖွပြီး အရှေ့ဘက်ကို ဆွဲယူပါ။

ကဲ… ဂန္ထဝင်ပျိုမေတို့ရေ။ Ponytail လှလှလေးစည်းပြီး လန်းဖို့ အသင့်ဖြစ်နေပြီလား။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။