ဖက်ရှင်တကျနဲ့ လှပစေဖို့အတွက် accessories ဆင်မြန်းခြင်းဆိုင်ရာ နည်းဥပဒေသလေးများ

blank

မင်္ဂလာပါ ဂန္ထဝင်ပျိုမေတို့ရေ…။ ပြီးပြည့်စုံစွာဝတ်စားဆင်ယင်မှုမှာ accessories လေးတွေလည်း ပါဝင်နေပါတယ်။ ဖက်ရှင်ကျကျနဲ့ လှပစွာဆင်မြန်းတတ်ရင် accessories လေးတွေက အလှအပကိုထောက်ပံ့ပေးနိုင်သလို လွဲမှားစွာဆင်မြန်းရင်လည်း accessories တွေကြောင့် ရှိရင်းစွဲအလှကိုပါ ပျက်စီးစေပါတယ်။

ဒါကြောင့် accessories လေးတွေကို မြတ်မြတ်နိုးနိုးဆင်မြန်းတတ်တဲ့ ပျိုမေတို့အတွက် accessories ဆင်မြန်းခြင်းဆိုင်ရာ နည်းဥပဒေသလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အရွယ်အစားကြီးမားတဲ့ accessories တွေကို ၃မျိုး၊ ၄မျိုးထက် ပိုပြီး ဝတ်ဆင်တာမျိုးကို ရှောင်ကြဉ်ပါ။

၂။ အင်္ကျီကော်လံကြီးကြီးပေါ်မှာ လည်စည်းပုဝါထပ်စည်းတာမျိုးကို ရှောင်ကြဉ်ပါ။

၃။ လှလှပပနဲ့ ဆွဲဆောင်မှုရှိစေဖို့ လက်ဝတ်ရတနာသေးသေးလေးတွေကို အစုံလိုက်ဝတ်ဆင်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အရောင်ရင့်ရင့် ပိုက်ဆံအိတ်လွယ်မယ်ဆိုရင် ဖိနပ်ကို အရောင်နုနုစီးပါ။ အရောင်နုနု ပိုက်ဆံအိတ်ကိုင်မယ်ဆိုရင်တော့ အရောင်တောက်တောက်နဲ့ ပေါ်လွင်စေတဲ့ဖိနပ်မျိုး စီးပါ။

၅။ အဝတ်အစား၊ မိတ်ကပ်၊ accessories သုံးမျိုးစလုံးကို အရောင်တောက်တောက်တွေ မသုံးပါနဲ့။ မိတ်ကပ်နဲ့ အဝတ်အစားက အရောင်ဖျော့တယ်ဆိုရင် accessories ကို အရောင်တောက်တောက် ဝတ်ဆင်ပါ။

၆။ ညနေခင်းပွဲတက်ဝတ်စုံဝတ်တဲ့အခါ လက်ပတ်နာရီမဝတ်ပါနဲ့။ ဝတ်စုံနဲ့လိုက်ဖက်မယ့် လက်ကောက်လေးတွေကိုပဲ ဝတ်ဆင်ပါ။

၇။ လက်ချောင်းလေးတွေ ပိုမိုသွယ်လျသယောင် ဖြစ်လာစေဖို့ ရိုးရှင်းတဲ့ လက်စွပ်သေးသေးလေးတွေကို ဝတ်ဆင်ပါ။

၈။ အပြာဖျော့ဖျော့၊ ပန်းရောင်ဖျော့ဖျော့ စတဲ့ အရောင်ဖျော့တဲ့ဝတ်စုံဝတ်ဆင်တဲ့အခါ ဖိနပ်ကို အနက်ရောင်မစီးပါနဲ့။ အရောင်ဖျော့ဖျော့ ဖိနပ်ပဲ စီးပါ။

၉။ ရှုပ်ယှက်ခတ်ပြီး ကြိုးတွေအများကြီးပါတဲ့ Accessories တွေကို ဝတ်ဆင်မယ်ဆိုရင် ဝတ်စုံအရောင်ကို ရိုးရှင်းတဲ့ သဘာဝအရောင်တွေ (ဥပမာ- အနက်၊ အဖြူ၊ အသားရောင်) ကို ရွေးချယ်ဝတ်ဆင်ပါ။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။