ဆံပင်ကျွတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်မယ့် အိမ်တွင်းဆေးနည်းကောင်းများ

blank

နည်းလမ်း (၁)- ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ရောထောင်းပြီး ဦးရေပြားအနှံ့လိမ်းပါ။ မိနစ် ၂ဝခန့်ကြာတဲ့အခါ အနံ့ပျောက်သွားအောင် ရှောက်ရည်နဲ့ ဆေးချပြီး ခေါင်းလျှော်ပါ။

နည်းလမ်း (၂)- မုန်လာဥနီ (ခါကြက်ဥ)အနည်းငယ်နဲ့ အုန်းနို့နဲ့ ရောပြီး ကြေညက်အောင် ကြိတ်မွှေပါ။ ခပ်ကျဲကျဲ အနှစ်ရလာပြီဆိုရင် ဆံပင်တွေကိုသုတ်လိမ်းပါ။ ၁ဝမိနစ်ခန့်ထားပြီး ခေါင်းလျှော်လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နည်းလမ်း (၃)- ပန်းသီးရှာလကာရည် (Apple cider vinegar)နဲ့ ဆန်ရှာလကာရည် (rice wine vinegar) အနည်းငယ်ကို ရေမှာထည့်ဖျော်ပါ။ ထိုဖျော်ရည်ကို ဦးရေပြားမှာ သုတ်လိမ်းပြီး ဦးရေပြားအတွင်းထိစိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ ၁ဝ မိနစ်ခန့် နှိပ်နယ်ပြီးမှ ခေါင်းလျှော်ပါ။

နည်းလမ်း (၄)- ရှားစောင်းလက်ပပ် အတွင်းက အနှစ်တွေကို ရေအနည်းငယ်ထည့်ဖျော်ပြီး ဆံပင်ကို လိမ်းကျံပါ။ ဦးရေပြားအတွင်းထိ စိမ့်ဝင်အောင် ၁ဝ မိနစ်ခန့်နှိပ်နယ်ပေးပြီးမှ ခေါင်းလျှော်လိုက်ပါ။

နည်းလမ်း (၅)- သကြားဥနီ (Beet) ၂ ဥကို ရေနွေးနဲ့ပြုတ်ပါ။ အဲဒီပြုတ်ရည်ကို အအေးခံပြီး ခေါင်းလျှော်တဲ့အချိန်မှာ သုံးပါ။ သကြားဥနီပြုတ်ရည်နဲ့ တစ်ပတ်မှာ ၂ကြိမ်ခန့် ခေါင်းလျှော်ပေးခြင်းက ဆံသားတွေကို သန်မာစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

လွယ်ကူရိုးရှင်းတဲ့ ဆေးနည်းလေးတွေကို တခြားသူတွေအတွက် SHARE ပေးလိုက်ပါနော်။