ဆောင်းရာသီမှာ အသားပပ်ခြင်းပြဿနာကို ဖြေရှင်းနိုင်စေဖို့ နည်းလမ်းကောင်းများ။

blank

ဆောင်းရာသီမှာ ရာသီဥတုအေးမြတာက ဆုလာဘ်တစ်ခုဆိုရင် အသားပပ်တာက ပြစ်ဒဏ်တစ်ခုပါ။ ဆောင်းရာသီရဲ့ အအေးဒဏ်က အသားအရေကို ခြောက်သွေ့စေတယ်၊ အသားပပ်ပြီး အရေခွံကွာစေတယ်။ ဒီလိုအသားအရေခြောက်သွေ့တဲ့ပြဿနာကို အချိန်မီ မဖြေရှင်းနိုင်ရင် အရေပြားယားယံတဲ့အထိဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် ဆောင်းရာသီကို အသားမပပ်၊ အလှမပျက်ဘဲ ဖြတ်သန်းစေနိုင်မယ့် နည်းလမ်း (၅)မျိုးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ရေနွေးနဲ့ ရေချိုးခြင်းကို ရှောင်ကြဉ်ပါ။

ဆောင်းရာသီမှာ အအေးဒဏ်ကို အံတုနိုင်ဖို့ ရေနွေးနဲ့ရေချိုးတတ်ကြပါတယ်။ ရေနွေးနဲ့ရေချိုးတာဟာ အရေပြားမှာရှိတဲ့ သဘာဝအဆီတွေကို ဖယ်ရှားပေးသလိုဖြစ်ပြီး အသားအရေခြောက်သွေ့ခြင်း၊ အသားပပ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ရေအေးနဲ့ မချိုးနိုင်ဘူးဆိုရင်တောင် ကြက်သီးထရုံလောက်သာ နွေးတဲ့ ရေနဲ့ပဲချိုးသင့်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ ဆပ်ပြာအပျော့စားပဲ သုံးပါ။

အားပြင်းတဲ့ဆပ်ပြာတွေ၊ cleanser များများပါဝင်တဲ့ ဆပ်ပြာတွေကလည်း အရေပြားခြောက်သွေ့စေပြီး အသားပပ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ အသားအရေစိုပြေစေဖို့ အပျော့စားဆပ်ပြာ (ကလေးဆပ်ပြာ)လေးတွေကို သုံးသင့်ပါတယ်။

၃။ Moisturizer များများသုံးပါ။

အသားပပ်ပြီး အရေခွံကွာတဲ့အထိမစောင့်ဘဲ ဆောင်းရာသီရောက်ပြီဆိုတာနဲ့ moisturizer ပါတဲ့ skin care တွေကို စသုံးပါ။ Body lotion လိမ်းမယ်ဆိုရင် ရေချိုးပြီးကာစ စိုဖန့်ဖန့် အသားအရေမှာ လိမ်းတာက အကောင်းဆုံးဖြစ်ပါတယ်။

၎။ နည်းစနစ်မှန်ကန်စွာ shaving လုပ်ပါ။

Shaving လုပ်ခြင်း (အမွှေးရိတ်ခြင်း)ကလည်း အရေပြားပေါ်မှာရှိတဲ့ အဆီတွေကို ဖယ်ရှားသလိုဖြစ်စေနိုင်ပါတယ်။ shaving လုပ်ဖို့ အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီး အမွှေးလေးတွေ နူးညံ့နေတဲ့အချိန်ဖြစ်ပါတယ်။ Shaving လုပ်တဲ့အချိန်မှာ ဆံပင်ပေါင်းဆေးသုံးတာကလည်း အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ လက်အိတ်ဝတ်ပါ။

ဆောင်းတွင်းမှာ အသားပပ်ပြီး အခြောက်သွေ့ဆုံး၊ အရေခွံအကွာဆုံးက လက်တွေပါပဲ။ ဒါကြောင့် အခြားအစိတ်အပိုင်းတွေထက် လက်ကအသားအရေကို အစိုဓာတ်ထိန်းဖို့ ပိုမိုလိုအပ်ပါတယ်။ ဆောင်းရာသီအပြင်ထွက်တဲ့အချိန်မှာ လက်အိတ်ဝတ်ထားတာကလည်း အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

tip လေးတွေ ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် သူငယ်ချင်းတွေအတွက် SHARE လိုက်ပါ။