လှပရွှန်းလဲ့တဲ့ သမင်မျက်လုံးလေးတွေ ပိုင်ဆိုင်နိုင်စေဖို့ မိတ်ကပ်လိမ်းခြယ်နည်းဗျူဟာများ

blank

၁။ Eye Shadow အရောင်ကို တောက်ပပေါ်လွင်စေချင်ရင် အဖြူရောင် eye liner အရင်ဆိုးပြီးမှ Eye Shadow ခြယ်ပါ။

၂။ Mascara ဆိုးတဲ့အချိန်မှာ ခေါင်းကို မတ်မတ်ထားပါ။ ငုံ့ထားတာတို့၊ မော့ထားတာတို့လုပ်ရင် mascara တွေ မျက်ခွံတွေမှာ ပေကျံသွားနိုင်ပါတယ်။

၃။ အောက်မျက်တောင်တွေကို mascara ဆိုးတာက မျက်ဝန်းအရွယ်အစားကို ကျဉ်းသွားစေနိုင်တာကို သတိပြုပါ။

၎။ Eye liner ကို ဖြောင့်အောင်ဆွဲဖို့ ပလတ်စတစ်ကတ်ပြားလေးတွေကို သုံးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ မျက်လုံးလေးကို ဝိုင်းစက်လှပတဲ့အသွင် မြင်စေချင်ရင်မျက်ခုံးမွေးကို ရွှေရောင်အနည်းငယ်ပါတဲ့ မျက်ခုံးဆိုးဆေးနဲ့ ပုံဖော်ပါ။

၆။ နူးညံ့တဲ့အသွင်ကို လိုချင်တယ်ဆိုရင် mascara ကို အနက်ရောင်အစား အညိုရောင် သုံးပါ။

၇။ မျက်လုံးအောက်နားတဝိုက်ကို skin care လိမ်းတယ်ဆိုရင် လက်ညှိုးအစား၊ လက်ခလယ်ကို သုံးပါ။

၈။ မျက်ဝန်းကို ဝိုင်းစက်လှပပြီး ပိုကျယ်သယောင်ထင်စေချင်ရင် အောက်မျက်ခမ်း အစွန်းနှစ်ဖက်ကို အဖြူရောင် eye liner ဆိုးပေးပါ။

၉။ မျက်ဝန်းကို ကျဉ်းစေချင်ရင် မျက်ခမ်းအတွင်းသားတွေကို အနက်ရောင် eye liner ဆိုးပေးပါ။

၁ဝ။ မျက်တောင်လေးတွေကို ပိုထူပြီး ပိုရှည်သယောင် ထင်ရစေဖို့ မျက်တောင်လေးတွေအပေါ်ကို ပေါင်ဒါမှုန့်ဖြူးပြီးမှ mascara ဆိုးပါ။

၁၁။ Mascara ဘူးက မကုန်သေးဘဲ ခြောက်သွားတယ်ဆိုရင် jojoba oil အနည်းငယ်ထည့်ပြီး အသုံးပြုပါ။

၁၂။ Mascara ဆိုးရင်း မျက်လုံးတဝိုက်ပေကျံသွားတဲ့အခါ concealer သုံးပြီး ဖုံးကွယ်ပါ။

၁၃။ ရာသီဥတုအေးတဲ့အခါ ရေငွေ့တွေကြောင့် မျက်လုံးတဝိုက်မှာ liner တွေ၊ mascara တွေ၊ eye shadow တွေ ပျံ့သွားတတ်ပါတယ်။ ဒါကြောင့် ရာသီဥတုအေးရင် waterproof အမျိုးအစားတွေကို သုံးပေးပါ။

အလှအပဆိုင်ရာ ဗဟုသုတစာစောင်လေးကို သူငယ်ချင်းတွေအတွက် SHARE လိုက်ပါနော်။