သင့်ရဲ့ EyeLiner ဆွဲသားပုံကိုကြည့်ပြီး သိနိုင်တဲ့ သင့်အကြောင်း တစေ့တစောင်း

blank

၁။ ခပ်ပါးပါးတစ်လိုင်းတည်းပဲ ဆွဲတတ်တယ်ဆိုရင် – အလုပ်ကိစ္စတိုင်းကို သေသေချာချာ စေ့စေ့စပ်စပ်လုပ်တတ်တယ်။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းချင်သူ၊ ထူးခြားဆန်းပြားမှုတွေကို မနှစ်မြို့သူတစ်ယောက်ဖြစ်ပါတယ်။

၂။ တောင်ပံပုံစံ အစွန်းကော့ကော့လေး ဆွဲတတ်တယ်ဆိုရင် – အများအမြင်မှာ တည်ကြည်ပြီး မာနကြီးတယ်လို့ထင်ရပေမယ့် တကယ်တမ်းကျတော့ သဘောမနောကောင်းပြီး ပျော်တတ်သူတစ်ယောက်ပါ။ အကြောင်းအရာတိုင်း၊ အလုပ်ကိစ္စတိုင်းကို အသေးစိတ်အထိ အာရုံစိုက်ပြီး လုပ်ဆောင်တတ်သူတစ်ယောက်တည်းဖြစ်ပါတယ်။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ရောင်စုံလိုင်နာလေးတွေ ဆွဲတတ်တယ်ဆိုရင် – သင်ကတကယ်ကို ခေတ်ဆန်ပြီး ပျော်ပျော်နေတတ်တဲ့မိန်းကလေးဆိုတာ ပေါ်လွင်ပါတယ်။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းတတ်ပြီး အလှအပကို နှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ပြီးတော့ ဆံပင်အရောင်၊ လက်သည်းနီအရောင် ခဏခဏပြောင်းတတ်တဲ့သူတစ်ယောက်ပေါ့။

၎။ ခဲတံသုံးပြီး ခပ်ထူထူဆွဲတတ်တယ်ဆိုရင် – ရင်ခုန်စရာအခိုက်အတန့်လေးတွေကို တွေ့ကြုံချင်တဲ့သူပါ။ အယုံမလွယ်တတ်ဘူး။ ဒါပေမဲ့ ချစ်ပြီဆိုရင်လည်း ပုံအောပြီးချစ်တတ်တဲ့ အချစ်ကြီးသူတွေပေါ့။ နာမည်ကြီးတံဆိပ်တွေ၊ ဈေးကြီးတဲ့အသုံးအဆောင်တွေကိုမှ သုံးချင်တဲ့သူ၊ သုံးတတ်တဲ့သူလည်း ဖြစ်ပါတယ်။

၅။ မည်းနက်ပီသစွာနဲ့ ခပ်ထူထူဆွဲတတ်တယ်ဆိုရင် – အားလပ်တဲ့အချိန်တိုင်းကို အိမ်တွင်းပုန်းပြီး အေးအေးဆေးဆေးဖြတ်သန်းချင်သူပါ။ ဝါသနာပါရာလေးတွေ၊ လက်မှုပစ္စည်းလေးတွေ လုပ်နေရရင်ကို ဘဝဟာ ပြည့်စုံပြီလို့ ယူဆထားသူပါ။ စိတ်သဘောထားဖြူစင်ပြီး အိနြေ္ဒရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။

၆။ အစွန်းနှစ်ခွပုံစံ ဆွဲတတ်တယ်ဆိုရင် – သစ္စာတရားကို တန်ဖိုးထားသူတစ်ယောက်ပါ။ မိန်းမဆန်တဲ့အဝတ်အစားတွေထက် လွတ်လပ်ပြီး ပေါ့ပါးတဲ့ တီရှပ်တွေ၊ ဂျင်းပင်န်တွေ ဝတ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အများသုံးနေကျ အလှပြင်နည်းတွေကို ဆန့်ကျင်ပြီး ကိုယ်ပိုင်အလှကို ဆန်းသစ်တဲ့နည်းတွေနဲ့ ဖော်ထုတ်ချင်သူလည်း ဖြစ်ပါတယ်။

၇။ အပေါ်မျက်ခမ်းရော အောက်မျက်ခမ်းရော အပြည့်ဆိုးတတ်ရင် – ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး သွက်လက်စွာ ပြောဆိုလုပ်ဆောင်တတ်သူပါ။ သူများနဲ့မတူတဲ့ ဖက်ရှင်ကို လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်တတ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ညှို့အားပြင်းတဲ့သူတစ်ယောက်ပေါ့။

၈။ တောက်ပတဲ့အရောင်လေးတွေကိုသုံးပြီး ဆွဲတတ်တယ်ဆိုရင်- အသစ်အဆန်းဘယ်လောက်ပေါ်ပေါ် ခဏလေးနဲ့ ရိုးအီသွားတတ်တာကြောင့် ခေတ်ပေါ်ဖက်ရှင်တွေနောက်ကို အမြဲလိုက်နေတတ်တဲ့သူပါ။ ဘဝကို မြင့်မားအောင်လို့ အမြဲကြိုးစားနေတတ်တယ်။ လူအများကြားမှာထင်ပေါ်အောင် ကြိုးစားဖို့ ဘယ်တော့မှ နောက်မတွန့်တဲ့သူလည်းဖြစ်ပါတယ်။

ကဲ… ဂန္ထဝင်စာဖတ်ပရိသတ်ပျိုမေတို့ရေ။ သင်ရဲ့ လိုင်နာဆွဲပုံဆွဲနည်းကို မူတည်ပြီး သင့်ရဲ့ စိတ်နေသဘောထား၊ အမူအကျင့်လေးတွေကို ခန့်မှန်းထားတာ မှန်တယ်ဆိုရင် ဂုဏ်ယူစွာနဲ့ SHARE လိုက်ပါနော်။