မြို့ကြီးသူတွေဟာ ကျေးတောသူလေးတွေထက် ဘာကြောင့် အသားအရေပျက်စီးမှုပိုများတာလဲ

blank

မြို့ကြီးပြကြီးမှာ နေထိုင်ရှင်သန်ရတာဟာ ဂုဏ်ယူစရာတစ်ခုလို့ ထင်ကောင်း ထင်မိကြပါလိမ့်မယ်။ ဒါပေမဲ့ မြို့ပြရဲ့ ဘေးထွက်ဆိုးကျိုးတွေက အသားအရေအလှအပကို အလွန်အမင်း ထိခိုက်စေနိုင်ပါတယ်။ မသန့်ရှင်းတဲ့လေ၊ မွန်းကြပ်ပိတ်လှောင်နေတဲ့ အဆောက်အဦးတွေ၊ စားသောက်နေထိုင်မှုပုံစံ စတဲ့မြို့ပြယဉ်ကျေးမှုတွေက အသားအရေရဲ့ လှပစိုပြေမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံတွေပါ။

မြို့ကြီးသူတွေက ကျေးတောသူလေးတွေထက် အသားအရေပျက်စီးမှုပိုများရတဲ့ အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

၁။ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း။

အချိန်ကြာလာတာနဲ့အမျှ လေထုမှာပါတဲ့ ညစ်ညမ်းပစ္စည်းတွေဟာ အသားအရေရဲ့ collage ဓာတ်ကို လျော့နည်းစေပြီး အိုမင်းရင့်ရော်စေပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း ညစ်ညမ်းစေပါတယ်။

လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့ ညစ်ညမ်းမှုနဲ့ နေရောင်ကို ကာကွယ်ပေးတဲ့ လိုးရှင်းလိမ်းပါ။ အရေပြားကို ထိခိုက်စေနိုင်တဲ့ free radicals တွေကို ချေဖျက်နိုင်ဖို့ antioxidant များများပါတဲ့ skin care တွေကို သုံးပါ။

၂။ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်း။

ကားမှန်တွေ ပြတင်းပေါက်မှန်တွေက နေရောင်ခြည်မှာ ပါတဲ့ ရောင်ခြည်တွေကို ကာကွယ်မပေးနိုင်ပါဘူး။ UVA ရောင်ခြည်က အသားအရေကို ရင့်ရော်စေနိုင်ပြီး UVB ရောင်ခြည်ကတော့ အသားအရေကို နေလောင်ပြီး မဲညစ်စေပါတယ်။

နေရောင်ခြည်ကို ကာကွယ်ဖို့ အပြင်ထွက်တိုင်း ဦးထုပ်ဆောင်းပါ။ ပေါ့ပါးလုံခြုံတဲ့ အဝတ်အစားဝတ်ပါ။ SPF ပမာဏများများပါတဲ့ sunscreen ကို နေ့တိုင်းလိမ်းပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေနဲ့ ထိတွေ့ခြင်း။

ကျွန်မတို့ထိတွေ့နေတဲ့ အရာတိုင်းမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်ငြိနေပါတယ်။ တံခါးလက်ကိုင်တွေ၊ ထိုင်ခုံတွေ၊ အထူးသဖြင့် အများသူငှာ အသုံးပြု ကိုင်တွယ်နေတဲ့ အရာတွေမှာပေါ့။ အဲဒီအရာတွေကို ကိုင်တွယ်ပြီး ကျွန်မတို့ အသားအရေတွေကို ပြန်လည်ထိမိကိုင်မိတဲ့အခါ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။

ဒီလိုမဖြစ်ရအောင်လို့ ကိုယ့်အသားအရေကို ကိုင်တွယ်ထိတွေ့ခြင်းမပြုခင် လက်ကို သန့်ရှင်းစွာဆေးကြောပါ။ အပြင်ကပြန်လာတိုင်း၊ တစ်ခုခုကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း hand sanitizer နဲ့ အမြဲတမ်းဆေးပါ။

၎။ ပြင်ပအစားအစာစားသောက်ခြင်း။

မြို့ကြီးတွေမှာ နေထိုင်သူတွေအဖို့ အိမ်မှာ ချက်မစားဘဲ ပြင်ပမှာ ထွက်စားဖြစ်ဖို့ သိပ်ကို လွယ်ကူပါတယ်။ စားသောက်ဆိုင်တွေက အစားအစာတွေဟာ အရသာကို ထူးခြားကောင်းမွန်နေအောင် ဆားနဲ့ ဟင်းခတ်မှုန့်တွေ များပြားစွာ အသုံးပြုတတ်ကြပါတယ်။ အဲဒီဟင်းခတ်မှုန့်နဲ့ ဆားတွေမှာပါဝင်တဲ့ ဆိုဒီယမ်ဓာတ်က ခန္ဓာကိုယ်နဲ့ မျက်နှာတွေကို ဖောရောင်ပွယောင်းလာစေနိုင်ပါတယ်။

ဆိုဒီယမ်စားသုံးမှုကို လျှော့ချဖို့ အပြင်စာတွေထက် အိမ်မှာ ကိုယ်တိုင်ချက်စားပါ။ အငန်လျှော့စားပါ။ အသီးအရွက်များများစားပါ။

၅။ လေကောင်းလေသန့်မရခြင်း။

မြို့ကြီးတွေမှာ နေထိုင်သူတွေဟာ အဆောက်အအုံတွေ၊ စက်ရုံတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေတွေကို ရှူရှိုက်နေရပါတယ်။ ဒီလိုလေတွေကို ရှူရှိုက်တဲ့အခါ၊ ထိတွေ့တဲ့အခါ လေနဲ့အတူပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကိုပါ ရှူရှိုက်ထိတွေ့ရသလို ဖြစ်နေပါတယ်။

လေကောင်းလေသန့်ကိုရှူရှိုက်နိုင်ဖို့ အိမ်တွေ၊ ရုံးတွေမှာ လေသန့်စင်စက်တွေတပ်ထားပြီး ရှူရှိုက်ထိတွေ့နေရတဲ့လေထုကို သန့်စင်လိုက်ပါ။

၆။ ရေဓာတ်ချို့တဲ့ခြင်း။

ကျန်းမာလှပတဲ့အသားအရေရဲ့ အဓိက လျှို့ဝှက်ချက်က ရေဓာတ်ပြည့်ဝခြင်းပါ။ ဒါပေမဲ့ လေကောင်းလေသန့်မရခြင်း၊ တိုတာအဆောက်အအုံတွေကြားက ပူလောင်မွန်းကြပ်ခြင်း၊ တစ်နေ့တာလုံး အလုပ်ရှုပ်နေခြင်းတို့ကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းပြီး အသားအရေမွဲခြောက်တာတွေ ဖြစ်တတ်ပါတယ်။

ရေဓာတ်ပြည့်ပြည့်ဝဝရစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အိပ်ခန်းထဲမှာ ရေငွေ့ပေးစက် တပ်ဆင်ထားဖို့ပါပဲ။ Moisturizer ကောင်းကောင်းလိမ်းပြီးတော့လည်း အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းနိုင်ပါတယ်။

အလှအပတွက် အသုံးဝင်တဲ့ စာစောင်လေးဖြစ်တာကြောင့် SHARE လိုက်ပါ။