ဟေမာန်ဆောင်းမှာ အသားအရေမပြောင်းဘဲ လှပမြဲလှပနေစေဖို့ နည်းဗျူဟာများ

blank
close up of attractive Skin care woman face with blue background, asian

မင်္ဂလာပါ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ မကြာခင်မှာ ဆောင်းဝင်တော့မယ်နော်။ အလှအပကို တန်ဖိုးထားတဲ့ ပျိုမေတို့အတွက် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အသားအရေပြဿနာလေးတွေနဲ့ အဲဒီပြဿနာလေးတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို တင်ဆက်လိုက်ပါတယ်နော်။

၁။ အသားအရေခြောက်သွေ့တယ်ဆိုရင်
  • အဆီပါတဲ့ အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ။
  • ခြေလက်တွေကို အလှဆီလိမ်းပါ။
  • ညအိပ်ခါနီးတိုင်း မျက်နှာအသားအရေကို ရေဓာတ်ဖြည့်ပေးတဲ့ ပေါင်းတင်ကပ်ခွာသုံးပါ။
၂။ အရေပြားယားယံတယ်ဆိုရင်
  • ရေနွေးနွေးလေးထဲကို ဂျုံကြမ်းမှုန့်အနည်းငယ်ရောထည့်ပြီး မကြာခဏရေချိုးပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၃။ အသားအရေမွဲခြောက်နေတယ်ဆိုရင်
  •  အလက်လက်လေးတွေပါတဲ့ (shimmer type) လိုးရှင်းလိမ်းပါ။
  • မျက်နှာအသားအရေအတွက်လည်း ငွေမှုန်လေးတွေပါတဲ့ မိတ်ကပ်ပစ္စည်းသုံးပါ။
၎။ အသားအရောင်မညီဘူးဆိုရင်
  • Concealer သို့မဟုတ် colour corrector သုံးပြီး အသားအရောင်ကို ညီအောင်ညှိပါ။
၅။ အရေခွံကွာတယ်ဆိုရင်
  • အရေပြားဆဲလ်အသစ်တွေကို ပြန်လည်ဖြစ်ပေါ်စေတဲ့ repair cream သုံးပါ။
  • အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ မကြာခဏ ချေးချွတ်ပါ။
  • နှုတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ Lip Balm အမြဲသုံးပါ။
၆။ ဝက်ခြံထွက်တယ်ဆိုရင်
  • moisturizing cream ကို အထူကြီး မလိမ်းဘဲ moisturizer ပါတဲ့ မျက်နှာသစ်ဆေးကို သုံးပါ။
  • ဝက်ခြံထွက်တာကိုရော၊ အရေပြားခြောက်သွေ့တာကိုပါ သက်သာစေဖို့ acne cream ကို face lotion နဲ့ တွဲလိမ်းပါ။

ဂန္ထဝင်ပျိုမေတို့အားလုံး ဝင်းဝါစိုပြေတဲ့ အသားအရေပိုင်ရှင်လေးတွေ ဖြစ်ကြပါစေရှင်။

သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။