စိတ်ဖိစီးမှုတွေက အသားအရေကို တကယ်ပဲ အိုမင်းရင့်ရော်စေနိုင်သလား။

blank

ရှုပ်ထွေးပွေလီလှတဲ့လောကကြီးမှာ လူတိုင်းလူတိုင်း စိတ်ဖိစီးမှုအနည်းနဲ့အများရှိကြပါတယ်။

အလုပ်ကြောင့် စိတ်ဖိစီးတာတွေ၊ ကိုယ်ရေးကိုယ်တာပြဿ    နာတွေကြောင့် စိတ်ဖိစီးတာတွေ၊ အပြင်သွားတဲ့အခါ ယာဉ်လမ်းကြောပိတ်ဆို့မှုတွေကြောင့် စိတ်ဖိစီးရတာတွေက ကျွန်မတို့ နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေပါ။ ဒီစိတ်ဖိစီးမှုတွေဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ စိတ်ကျရောဂါတွေကို ဖြစ်စေရုံသာမက အသားအရေအလှအပကိုပါ ထိခိုက်စေပါတယ်။

စိတ်ဖိစီးမှုဖြစ်တဲ့အခါ ထွက်ပေါ်လာတဲ့ ကော်တီစောလ် (Cortisol) ဟော်မုန်းဟာ အသားအရေတင်းရင်းစေတဲ့ collagen ဓာတ်ကိုလျော့ကျစေပါတယ်။ Collagen ဓာတ်လျော့နည်းတဲ့အခါ အသားအရေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို လျော့ကျစေပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အရေးအကြောင်းတွေကြောင့် မျက်နှာဟာ အသက်အရွယ်ထက်ပိုပြီး အိုမင်းရင့်ရော်နေသယောင်ဖြစ်စေပြီး လှပနုပျိုမှုကို ဆုံးရှုံးစေပါတယ်။

စိတ်ဖိစီးမှုတွေကြောင့် အရေးအကြောင်းဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်စေဖို့ ကော်တီစောလ်ဟော်မုန်း ထုတ်လွှတ်မှုကို လျှော့ချပြီး အန်ဒေါ်ဖင်ဟော်မုန်းကို များများထွက်ရှိအောင် ကြိုးစားသင့်ပါတယ်။ အန်ဒေါ်ဖင် (endorphins) ဟော်မုန်းကို တိုးပွားစေနိုင်ဖို့-

  • စိတ်ဖိစီးစရာတွေကို မတွေးဘဲ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။
  • အားကစားပုံမှန်ပြုလုပ်ပါ။
  • အိပ်ရေးဝဝအိပ်ပါ။

    စိတ်ဖိစီးမှုနဲ့ အခြားအကြောင်းရင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေကို အရည်အသွေးမီတဲ့ Skin Care ကောင်းကောင်းသုံးပြီးတော့လည်း ကုသနိုင်ပါတယ်။ အရေးအကြောင်းတွေကို ပျောက်ကင်းစေပြီး အသားအရေကို နုပျိုစေတဲ့ skin care ဆိုရင်  L’Oréal Paris Revitalift Laser x3 ကို ညွှန်းပါရစေ။

    L’Oréal Paris Revitalift Laser x3 မှာ အသားရေရဲ့အစိုဓာတ်ကို သဘာဝအတိုင်း ထိန်းညှိပေးနိုင်ပြီး အသားအရေကို ပြန်လည်နုပျိုစေတဲ့ Pro-Xylane၊ အရေးအကြောင်းတွေကို လျော့နည်းစေပြီး အသားအရေကို သန့်စင်ချောမွတ်စေတဲ့ Adenosine ဓာတ်တွေ များစွာပါဝင်ပါတယ်။ အရေးအကြောင်းကင်းစင်လိုသူ၊ အသားအရေတင်းရင်းလိုသူ၊ ချွေးပေါက်နဲ့ အစက်အပျောက်တွေ ဖယ်ရှားလိုသူတွေအတွက် အထူးပဲ သင့်လျော်ပါတယ်။ L’Oréal Paris Revitalift Laser x3 ကို Power Water ၊ Eye Cream၊ Serum၊ Day Cream၊ Total Care Spot Corrector နဲ့ Night Cream Mask ဆိုပြီး ၆မျိုးထုတ်လုပ်ထားတာကြောင့် set လိုက်ပဲ သုံးသုံး၊ တစ်ခုချင်းပဲ သုံးသုံး အရမ်းကို အဆင်ပြေပါတယ်။

    ဇရာအိုမဟုတ်တဲ့ ကညာပျိုတစ်ယောက်ရဲ့ လှပနုပျိုတဲ့အသွင်ဆောင်နိုင်ဖို့  L’Oréal Paris Revitalift Laser x3 ရှိနေတယ်နော်။

    နုပျိုတဲ့အလှတရားကို လူတိုင်းပိုင်ဆိုင်နိုင်စေဖို့ ဂန္ထဝင်မဂ္ဂဇင်းနှင့်  L’Oréal Paris တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည်။