သင်နှစ်သက်တဲ့ Eye Liner အမျိုးအစားက ပြောနေသော သင့်အကြောင်း

blank

ပျိုပျိုမေတို့ရေ…

ယနေ့ခေတ်မှာ အလှကြိုက်တဲ့ ပျိုပျိုမေလေးတွေဟာ Eye Liner လေးတွေကို မက်မက်မောမော သုံးစွဲလိမ်းခြယ်လာကြပါတယ်။ ပျိုပျိုမေလေးတွေရဲ့ အကြိုက်တွေမတူကြသလို Eye Liner ရွေးချယ်ကြပုံချင်းကလည်းမတူကြပါဘူး။

Liquid Eye Liner ၊ Pencil Eye Liner ၊ Gel Eye Liner နဲ့ Softpen Eye Liner ဆိုပြီး အမျိုးမျိုးရှိတဲ့ထဲမှာ ပျိုပျိုမေတို့နှစ်သက်တဲ့ Eye Liner အမျိုးအစားကို ကြည့်ပြီး ပျိုမေတို့အကြောင်းကို သိနိုင်ပါတယ်။ ဒါကြောင့် သင်နှစ်သက်တဲ့ Eye Liner လေးက သင့်အကြောင်းဘာတွေပြောနေလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။

၁။ Liquid Eye Liner (Dip-in Eye Liner) ကို နှစ်သက်တယ်ဆိုရင်

ဘရပ်ရှ်သေးသေးလေးကိုသုံးပြီး စိတ်ရှည်ရှည်နဲ့ တိတိကျကျဆွဲရတဲ့ Liquid Eye Liner ကိုမှ နှစ်သက်တယ်ဆိုတဲ့ သင်ဟာ အနုပညာဆန်သူပါ။ တီထွင်ဖန်တီးမှု အားကောင်းတတ်ပြီး အလှအပအတွက်ဆို အချိန်ဘယ်လောက်ပေးရပေးရ ကျေနပ်နေတတ်သူပါ။ လွတ်လွတ်လပ်လပ်နေရတာကို နှစ်သက်ပြီး သီချင်းတွေကိုလည်း နှစ်သက်တတ်သူပါ။ ဥပမာပေးရမယ်ဆိုရင် Maybelline New York ရဲ့ Hyper Glossy Liquid Liner နဲ့ Hyper Matte Black တို့ပေါ့။ မည်းနက်လွန်းတဲ့ အရောင်၊ တစ်နေကုန်မပျက်တဲ့ ဆေးသားတို့ကြောင့် တစ်နေ့တာလုံး ညှို့အားပြင်းတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်စေမှာပါ။

၂။ Pencil Eye Liner (ခဲတံ Eye liner) ကိုနှစ်သက်တယ်ဆိုရင်

သင်ဟာ ရှေးရိုးဆန်ပြီး အပြောင်းအလဲတွေကို လက်ခံဖို့ တွန့်ဆုတ်တတ်ပါတယ်။ တစ်ခါတရံမှာ ခေါင်းမာတတ်ပြီး မိမိယုံကြည်ရာတွေကိုလည်း ရဲရင့်စွာဖော်ဆောင်ရဲပါတယ်။ မိသားစုတွေ သူငယ်ချင်းတွေအပေါ် တွယ်တာတတ်ပြီး သစ္စာတရားကိုလည်း တန်ဖိုးထားတတ်ပါတယ်။ သင့်အတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး liner အမျိုးအစားကတော့ Maybelline New York ရဲ့ Crayon Eye Liner ပဲ ဖြစ်ပါတယ်။ နူးညံ့လှတဲ့ ခဲတံသားကြောင့် နူးညံ့တဲ့မျက်ခွံလေးတွေပေါ်မှာ ဆွဲရလွယ်ကူပါတယ်။

၃။ Gel Eye Liner ကိုနှစ်သက်တယ်ဆိုရင်

သင်ဟာ တစ်ခုခုလုပ်မယ်ဆိုရင် အစွမ်းကုန်ကြိုးစားတတ်ပြီး ရည်မှန်းချက်ပြင်းပြတတ်သူပါ။ အလှအပတွေကို နှစ်သက်ပြီး အချိန်တိုင်းလိုလို ကိုယ့်ကိုယ်ကို လှပအောင် ခြယ်သနေတတ်သူပါ။ အလှအပကို အရေးပေးသလို လုပ်ငန်းတာဝန်တွေကိုလည်း ထောင့်စေ့အောင် လုပ်ဆောင်နိုင်တဲ့ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သင့်အတွက် အထူးသင့်လျော်တဲ့ Eye Liner အမျိုးအစားကတော့ Maybelline New York ရဲ့ Eye Studio Gel Eye Liner ပဲဖြစ်ပါတယ်။ ရေဘယ်လောက်စိုစို၊ ချွေးဘယ်လောက်ထွက်ထွက် ပြန့်မသွားအောင် အထူးဖန်တီးထုတ်လုပ်ထားတဲ့ Gel Eye Liner တစ်မျိုးပါ။

၎။ Softpen Eye Liner ကိုနှစ်သက်တယ်ဆိုရင်

သင်ဟာ အသစ်အဆန်းတွေကို လုပ်ကြည့်ဖို့ စိတ်အားထက်သန်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်အဝရှိတတ်ပါတယ်။ စွန့်စားမှုတွေကို နှစ်သက်တတ်တဲ့သင်ဟာ အများအမြင်မှာ ရဲတင်းလွန်းသူလို့ထင်ရတတ်ပါတယ်။ သင့်ကိုယ်သင်နှစ်သက်ပြီး သင်ရဲ့အရည်အချင်းတွေကို အမြဲမပြတ်တိုးတက်အောင် ကြိုးစားနေတတ်ပါတယ်။ သင့်ဘဝကို သင်လိုချင်သလို ပုံသွင်းယူနိုင်တဲ့သူလည်း ဖြစ်ပါတယ်။ Maybelline New York ရဲ့ Hyper Sharp Laser Black၊ Hyper Sharp Wing Black နဲ့ Hyper Sharp Power Black တို့ရဲ့ ချွန်ထက်သေးသွယ်တဲ့ ထိပ်ဖျားလေးက သင့်ရဲ့ လှပတဲ့မျက်ဝန်းတွေကို ဆွဲချက်တွေနဲ့ လှပစွာ ပုံဖော်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

ပျိုမေတို့ရေ… ပျိုမေတို့ သုံးစွဲနေတဲ့ Eye Liner အမျိုးအစားကို ကြည့်ပြီး ပျိုမေတို့ရဲ့စိတ်နေသဘောထားနဲ့ အမူအကျင့်လေးတွေကို ဟောကိန်းထုတ်ထားတာ မှန်ကန်ရဲ့လား။ မှန်ကန်တယ်ဆိုရင် Like and Share ဖို့ မမေ့နဲ့နော်။

ဤအစီအစဉ်ကို ဂန္ထဝင်မဂ္ဂဇင်းနှင့် Maybelline New York တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည်။