မျက်နှာအသားအရေကို ထိခိုက်ပျက်စီးစေတဲ့ လေထုညစ်ညမ်းမှုအန္တရာယ်

blank

လေထုညစ်ညမ်းမှုဟာ အိုဇုန်းလွှာနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက အသားအရေအလှအပနဲ့ ကျန်းမာရေးကိုပါ များစွာ ထိခိုက်စေနိုင်တယ်ဆိုတာကို ပျိုမေအများစု သိပြီးကြပြီဖြစ်မှာပါ။ လေထုညစ်ညမ်းပစ္စည်း (air pollutants) တွေဟာ အသားအရေကို ထိခိုက်စေတဲ့ လေထုထဲက free radicals ပမာဏကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် လေထုနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့သူရဲ့ မျက်နှာအသားအရေဟာ ပုံမှန်ထက်ပိုပြီး အရေးအကြောင်းဖြစ်ပေါ်လွယ်တဲ့အပြင် ပုံမှန်ထက်ပိုပြီး အိုမင်းရင့်ရော်နေသယောင်ထင်ရပါတယ်။

ဒါတင်မကသေးပါဘူး။ လေထုထဲမှာပါဝင်နေတဲ့ ကာဗွန်တွေ၊ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ မမြင်ရတဲ့ဘက်တီးရီးယားတွေ မျက်နှာပေါ်မှာ စုပုံလာတဲ့အခါ ဝက်ခြံဖြစ်စေပြီး မျက်နှာအလှအပကို ထိခိုက်စေပါတယ်။

လေထုညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ရပ်ကတော့ နေရောင်ခြည်ကို စစ်ထုတ်ပေးနေတဲ့ အိုဇုန်းလွှာပျက်စီးခြင်းပါ။ နေရောင်ခြည်မှာ ပါဝင်တဲ့ UVA/UVB rays တွေ မျက်နှာကို တိုက်ရိုက်ထိတွေ့တဲ့အခါ တင်းတိပ်နဲ့ အမည်းကွက်ဖြစ်ပေါ်ခြင်း၊ အသားအရောင်မညီမျှခြင်း၊ အသားအရေအိုမင်းရင့်ရော်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အသားအရေကို လှပစေချင်သူပျိုမေများအနေနဲ့ အပြင်ထွက်တဲ့အခါမှာ air pollutants တွေ၊ UVA/UVB rays တွေနဲ့ တိုက်ရိုက်မထိတွေ့မိအောင် ရှောင်ကြဉ်သင့်ပါတယ်။ အလုပ်ကိစ္စတွေကြောင့် မဖြစ်မနေ နေပူထဲထွက်ရမယ်ဆိုရင်လည်း အကာအကွယ်တစ်ခုခုတော့ ဆောင်သွားသင့်ပါတယ်။ ဥပမာ- ဦးထုပ်ဆောင်းတာမျိုး၊ mask တပ်တာမျိုး၊ air pollutants တွေ မျက်နှာအသားအရေကို တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ပေးတဲ့ မိတ်ကပ်ပစ္စည်းသုံးတာမျိုးပေါ့။

လေထုညစ်ညမ်းပစ္စည်းတွေနဲ့ နေရောင်ခြည်တွေ မျက်နှာအသားအရေကို တိုက်ရိုက်မထိတွေ့နိုင်အောင် Maybelline New York BB Super Cover မိတ်ကပ်လေးက အစွမ်းကုန်ကာကွယ်ပေးနိုင်ပါတယ်။ Maybelline New York BB Super Cover မှာ Mineral Guard Filter ဆိုတဲ့ သဘာဝစစ်ထုတ်ကာကွယ်စနစ်ပါဝင်တာကြောင့် လေထုထဲက ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကို အသားအရေနဲ့ လုံးဝမထိတွေ့အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Maybelline New York BB Super Cover မှာ SPF 50 သာမက PA++++ ပါ ပါဝင်တာကြောင့် နေရောင်ခြည်မှာ ပါတဲ့ UVA နှင့် UVB နှစ်မျိုးလုံးကို အမြင့်မားဆုံး ကာကွယ်ပေးပြီး အသားအရေ နေလောင်ခြင်း၊ တင်းတိတ်နဲ့ အမဲစက်ဖြစ်ခြင်း နှင့် အိုမင်းရင့်ရော်ခြင်းတို့ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

maybelline-bb-super-cover

လေထုညစ်ညမ်းမှုကို ပိုပြီး ထိရောက်စွာ ကာကွယ်ချင်တယ်ဆိုရင် Maybelline New York BB Super Cover နဲ့ အတူတူ L’Oreal Paris Hydrafresh Anti-Ox တွဲဖက်အသုံးပြုသင့်ပါတယ်။ L’Oreal Paris Hydrafresh Anti-Ox ကို ပြင်သစ်စပျစ်သီးရဲ့ အနှစ်ကနေ ထုတ်ယူထားတာကြောင့် မျက်နှာအသားအရေကို ချောမွေ့နုပျိုစေပြီး ရေဓာတ်ကို ပြည့်ဝစွာ ရရှိစေတဲ့အပြင် လေထုညစ်ညမ်းမှုနဲ့ နေရောင်ခြည်ကြောင့် အသားအရေထိခိုက်မှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

L’Oreal Paris Hydra Fresh Anti-Ox  တွင် Toner အဖြစ် အသုံးပြုနိုင်သော Spa Water, Mask (သို့) Toner (သို့) Serum အဖြစ် 3 in 1 အသုံးပြုနိုင်သော Mask In Lotion, Day Cream (သို့) Night Cream အနေဖြင့် အသုံးပြုနိုင်သော Aqua Balm ဆိုပြီး ၃ မျိုးထုတ်လုပ်ထားတာကြောင့် အသားအရေ လန်းဆန်းချောမွေ့၍ ရေဓာတ်ဖြည့်လိုသူများအားလုံး နေ့ရော ညပါ နေ့စဉ် အသုံးပြုနိုင် ပါတယ်။

L’Oreal Paris Hydrafresh Anti-Ox နဲ့အတူ Maybelline New York BB Super Cover ကိုပါ လိမ်းထားမယ်ဆိုရင် အပြင်ဘယ်လောက်ထွက်ထွက် မျက်နှာအသားအရေကို ထိခိုက်မှာ လုံးဝမပူရတော့ဘူးနော်။ တစ်နေ့တာလုံး တာရှည်ခံတဲ့အပြင် မိတ်ကပ်သားညီညာချောမွေ့ပြီး သဘာဝအတိုင်းလှပနေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ ပျိုမေတို့ရေ။

ပျိုမေတို့ လှပစေဖို့ရည်ရွယ်လျက် ဂန္ထဝင်မဂ္ဂဇင်းL’Oreal Paris နဲ့ Maybelline New York တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည်။