သင့်နှုတ်ခမ်းနီပုံစံလေးတွေက ပြောပြနေတဲ့ သင့်စိတ်နေသဘောထားအကြောင်း

blank

ပျိုမေတို့ရေ… ပြီးပြည့်စုံတဲ့ လှတစ်မျက်နှာလေးဖြစ်ဖို့ဆိုရင် Lipstick လို့ခေါ်တဲ့ နှုတ်ခမ်းနီလေးတွေကလည်း ပျိုမေတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းလေးတစ်ခုပါနော်။ အဲဒီ နှုတ်ခမ်းနီလေးတွေဟာ သင့်ရဲ့လှပမှုကို ဖြည့်စွမ်းပေးသလို သင့်အသုံးပြုမှုပေါ်မူတည်ပြီး သင့်ရဲ့စိတ်နေသဘောထားလေးကိုလည်း ဖော်ပြနေတယ်ဆိုတာသိပါရဲ့လား။ ဆိုးပါများလာလို့ ပုံပြောင်းသွားတဲ့ သင့်ရဲ့ နှုတ်ခမ်းနီတောင့်လေးက…

၁။ ထိပ်ချွန်နေမယ်ဆိုရင်

သင်ဟာ ပတ်ဝန်းကျင်က သဘာဝတရားတွေကို စူးစမ်းလေ့လာတတ်ပြီး မတူညီတဲ့ရှုထောင့် အမြင်တွေကိုလည်း လက်ခံပေးတတ်သူလေးပါ။ လူတွေက သင့်ကို လျှို့ဝှက်နက်နဲသူလေးလို့ မြင်ကြတာကိုလည်း သင်နှစ်သက်ပါတယ်။ အရာရာကို လေးနက်စွာအာရုံစိုက်တတ်တယ်။ ဘဝကို တန်ဖိုး ထားပြီး ပျော်အောင်နေတတ်တာကတော့ သင်ပိုင်ဆိုင်ထားတဲ့အကောင်းဆုံး အရည်အသွေးပါပဲ။

၂။ ကွေးညွှတ်နေတဲ့လခြမ်းပုံစံဆိုရင်

သင်ဟာ ဘာပဲလုပ်လုပ် သမားရိုးကျနည်းလမ်းတွေထဲက ခွဲထွက်ပြီး ဆန်းသစ်တီထွင်တတ်သူလေးပါ။ သင်က စကားနည်းနည်းများပေမဲ့ သင့်စကားများတာလေးကပဲ သင့်ကို လူချစ်လူခင်များစေတဲ့အချက်ပါ။ အချစ်ရေးမှာလည်း မျှမျှတတတွေးပေးတတ်တယ်လေ။

၃။ ဘေးနှစ်ဖက်ချွန်ပြီး အလယ်မှာချိုင့်နေမယ်ဆိုရင်

ဘယ်လောက်ခက်ခဲနက်နဲတဲ့ပြဿ    နာတွေဖြစ်ဖြစ် ဖော်ထုတ်ဖို့ စိတ်ဝင်စားတတ်သူလေးပါ။ မသိလို့ မေးမြန်းရတာကိုလည်း မရှက်တတ်ပါဘူး။ မိတ်ဆွေဖွဲ့တတ်တယ်။ သင်က အခြားသူတွေထက် သင်နေထိုင်ရာ ကမ္ဘာကြီးအကြောင်း၊ လူတွေအကြောင်းကို စိတ်ဝင်စားသူလေးဖြစ်ပါတယ်။

၎။ ဘေးတစ်ဖက်ချွန်နေမယ်ဆိုရင်

သင်ဟာ အိမ်ထောင်ထိန်းသိမ်းမှုအပါအဝင် အဖက်ဖက်က ထက်မြက်တဲ့သူလေးဖြစ်ပြီး သင် ယုံကြည်တဲ့အရာအတွက်ဆို ပြန်လှန်ဆွေးနွေးဖို့၊ အခြားသူတွေကို မျှဝေဖို့ စိတ်အားထက်သန်တတ်ပါတယ်။ သင့်မိသားစုနဲ့ပတ်ဝန်းကျင်ကို ချစ်တတ်ပြီး သင့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ သဘောထားသူလေးပေါ့။

၅။ ထိပ်ပြားနေမယ်ဆိုရင်

သင်က ဘာပဲလုပ်လုပ် စနစ်တကျနဲ့ တိကျသေချာသူလေးပါ။ ပြဿ    နာတစ်ခုခုဖြစ်ရင်လည်း အကြွေးမထားဘဲ ချက်ခြင်းဖြေရှင်းပြီး စိတ်နေသဘောထားဖြောင့်မတ်သူမို့ သင့်ဝန်းကျင်အတွက် သင်က ပေါင်းသင်းရလွယ်ကူတဲ့ ဘွင်းဘွင်းရှင်းရှင်းသမားလေးတစ်ယောက်ပေါ့။

၆။ လုံးဝန်းချောမွတ်နေမယ်ဆိုရင်

သင့် လက်စွဲဆောင်ပုဒ်က “စိတ်မပူပါနဲ့။ ပျော်ပျော်နေပါ” ဆိုတဲ့ စကားလေးပါ။ လူတွေအပေါ် နွေးထွေးစွာ ဆက်ဆံတတ်ပြီး ငြိမ်းချမ်းရေးကို လိုလားသူလေးပါ။ သူတစ်ပါးကို ကူညီဖို့ အမြဲအဆင် သင့်ရှိနေတဲ့ အကောင်းမြင်ဝါဒီလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

သင်ဆိုးနေတဲ့နှုတ်ခမ်းနီတောင့်လေးတွေက သင့်စိတ်နေစိတ်ထားကို ဖော်ပြနေသလို နှုတ်ခမ်းနီအရည်အသွေးကလည်း သင့်နှုတ်ခမ်းသားလေးတွေရဲ့ ကျန်းမာရေးကို ဘယ်လောက်ဂရုစိုက်ကြောင်း ဖော်ပြနေပါတယ်။ နှုတ်ခမ်းနီတောင့်လေးကို ကိုင်ပြီးဆိုးရတာကို နှစ်သက်တဲ့ ပျိုမေတွေအတွက်ရော၊ စုတ်တံလေးနဲ့ ဆိုးရတာကို နှစ်သက်တဲ့ပျိုမေတွေ အတွက်ရော နှုတ်ခမ်းသားကျန်းမာရေး ကောင်းမွန်စေဖို့ အရည်အသွေးကောင်းတဲ့ နှုတ်ခမ်းနီတံဆိပ်ကို ရွေးချယ်ဝယ်ယူဖို့ လိုအပ်ပါတယ်။ ဥပမာပေးရရင် Maybelline New York ရဲ့Vivid Matte Lipstick နဲ့ Vivid Matte Liquid တို့လိုမျိုးပေါ့ရှင်။

Vivid Matte Lipstick ဟာဆိုရင် နှုတ်ခမ်းနီသားဟာ ကျစ်လျစ်သလောက် ဆိုးလိုက်တာနဲ့ နှုတ်ခမ်းဖူးဖူးလေးပေါ်မှာ နူးညံ့တဲ့အထိအတွေ့ကို ခံစားစေနိုင်ပါတယ်။ Matte Type ဖြစ်ပေမယ့် နှုတ်ခမ်းသားကိုတင်းမာခြောက်သွေ့သလို မခံစားရစေဘဲ တစ်နေ့တာလုံး ကြာရှည်ခံစေတဲ့အပြင် ဆန်းပြားတောက်ပတဲ့ အရောင်လေးတွေကြောင့် ရင်ခုန်စရာ အလှတရားကို  ပိုင်ဆိုင်စေမှာပါ။

Vivid Matte Liquid ဟာလည်း Liquid Type ဖြစ်ပေမယ့် စေးကပ်မှုမရှိဘဲ ပေါ့ပါး ခြောက်သွေ့သော အသွင်ပေးစေတဲ့အပြင် နူးညံ့ချောမွေ့သော အထိအတွေ့ကြောင့် ကတ္တီပါသားလေး အတိုင်းလှပနေစေမှာပါ။ ရွှန်းစိုတဲ့ အရောင်အမျိုးမျိုး ရှိပြီး အရောင်ထွက်လဲ လှပတာကြောင့် နှုတ်ခမ်းနီမလေးများအနေနဲ့ Maybelline New York ရဲ့Vivid Matte Lipstick နဲ့ Vivid Matte Liquid တို့ကို သုံးစွဲဖို့ အကြံပေးရေးသားလိုက်ပါတယ်ရှင်။