မျက်ဝန်းအလှကို ယုတ်လျော့ပျက်ပြားစေတဲ့ Eye Liner ဆွဲသားနည်းအမှားများ

blank

ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့ တည်ဆောက်လို့မရသလို လှပပြည့်စုံတဲ့ လိုင်နာတစ်ကြောင်းကိုရဖို့ တစ်ချက်တည်းနဲ့ ဆွဲလို့ မရပါဘူး ပျိုမေတို့ရေ…။ Eye Liner တစ်ကြောင်းဟာ ဆွဲတတ်ရင် မျက်ဝန်းအလှကို ပေါ်လွင်စေသလို မဆွဲတတ်ရင် မျက်ဝန်းအလှကို ဖုံးကွယ်သွားစေပါတယ်။ ဒါကြောင့် ဂန္ထဝင်စာဖတ်ပရိသတ်ပျိုမေတို့အတွက် မျက်ဝန်းအလှကို ပျက်ပြားစေတဲ့ Eye Liner ဆွဲသားနည်းအမှားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်

မျက်ဝန်းအလှကို ပျက်ပြားစေမာ့် ဆွဲသားနည်းလေးတွေကတော့-

၁။ မျက်ခွံတစ်လျှောက် ပုံမသွင်းဘဲ Eye Liner တစ်ကြောင်းတည်း ဆွဲခြင်း။

၂။ အရောင်ညီအောင် မဆိုးခြင်း။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မျက်တောင်ရင်းနဲ့ Eye Liner ကြားမှာ နေရာလပ်နေခြင်း။

၎။ ရေစိုခံ Eye Liner မသုံးမိခြင်း။

၅။ အောက်မျက်ခမ်းစပ်မှာ Eye Liner အထူကြီးဆိုးမိခြင်း။

၆။ မျက်ခမ်းအစပ်အတွင်းဘက်မှာ Eye Liner မဆိုးခြင်း။

၇။ Eye Liner ကို တစ်ရောင်တည်း သုံးခြင်း။ (ဥပမာ- အသက် ၄ဝ ကျော်သူများအနေဖြင့် eyeliner အနက်ရောင်ထက် အညိုရောင်ကို ပြောင်းသုံးပေးသင့်ပါတယ်။)

၈။ Eye Liner ကို တစ်ချက်တည်းနဲ့ ဖြစ်သလိုဆွဲခြင်း။

၉။ ဆွဲသားပုံ မမှန်ကန်ခြင်းနှင့် သင့်တော်တဲ့ Eye Liner အမျိုးအစား မသုံးခြင်း။

တို့ပဲဖြစ်ပါတယ်။

အလှအပမက်မောသူ ပျိုမေတို့အနေနဲ့လည်း အထက်ပါဆွဲနည်းလေးတွေကို ရှောင်ကြဉ်ပြီး လှပပြည့်စုံတဲ့ မျက်ဝန်းလေးကို ဖန်တီးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

အလှကြိုက်တဲ့ သူငယ်ချင်းတွေအတွက်လည်း SHARE ပေးလိုက်ပါဦးနော်။