ဇရာအိုလား၊ ကညာပျိုလား။ အရေးအကြောင်းတွေ ဝေးဝေးသွား။

blank

          မျက်နှာပေါ်က ရုပ်ဆိုးဆိုးအရေးအကြောင်းတွေကြောင့် စိတ်ညစ်နေရတယ်၊ ဈေးကြီးကြီးပေးဝယ်ရတဲ့ skincare တွေ၊ treatment တွေလုပ်ရမှာလည်း နှမျောနေတယ်ဆိုရင် အိမ်သုံးပစ္စည်းလေးတွေနဲ့ ကုစားလို့ရတဲ့ သဘာဝနည်းလမ်းလေးတွေကို တင်ဆက်ပေးမယ်နော်။

၁။ ကြက်ဥအကာ

ကြက်ဥအကာ (မျက်နှာတစ်ခါလိမ်းစာ)ကို ပန်းကန်လုံးထဲထည့်ပြီး နာနာခေါက်မွှေပါ။ အဲ့ဒီအနှစ်ကို မျက်နှာပေါ်မှာ နှိပ်နယ်သုတ်လိမ်းပြီး ၁၅မိနစ်ခန့်အခြောက်ခံပါ။ ခြောက်သွားတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်မှာ ၂ကြိမ်ခန့် ပုံမှန်လုပ်ပေးခြင်းဖြင့် ကြက်ဥထဲမှာ ပါဝင်တဲ့ ဗီတာမင် B နဲ့ ဗီတာမင် E က အရေးအကြောင်းတွေကို ပျောက်ကင်းစေမှာပါ။

၂။ သံလွင်ဆီ

ညအိပ်ရာမဝင်ခင် သံလွင်ဆီအနည်းငယ်ကို မျက်နှာလိမ်းပါ။ ၁ဝမိနစ်ခန့်ထားပြီး ရေစွတ်ထားတဲ့ အဝတ်နုနုလေးနဲ့ မျက်နှာကို သုတ်လိုက်ပါ။ အသားအရေလေးနူးညံ့ပြီး အရေးအကြောင်းတွေကို လျော့ပါးစေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ နှိပ်နယ်ခြင်း

သင်လိမ်းနေကျ မျက်နှာလိမ်းခရင်မ်လေး မျက်နှာမှာလိမ်းပြီး အရေးအကြောင်းဖြစ်နေတဲ့ နေရာတဝိုက်ကို ညင်သာစွာ နှိပ်နယ်ပေးပါ။ အသားအရေလေးတွေ ပြန်လည်တင်းရင်းလာတာကို တွေ့ရပါလိမ့်မယ်။

၎။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ

အသီးအရွက်နဲ့ အသားငါးတွေမှာပါဝင်တဲ့ ဗီတာမင်အေနဲ့ ဗီတာမင်ဒီက အရေပြားကို အတွင်းပိုင်းကနေ အားဖြည့်ပေးပြီး တင်းရင်းစိုပြေစေပါတယ်။ သစ်သီးဖျော်ရည်ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးပါ။

၅။ ရှောက်ရည်

ရှောက်ရည်အနည်းငယ်ကို အရေးအကြောင်းနေရာတဝိုက်မှာ လိမ်းပြီ ညင်သာစွာ နှိပ်နယ်ပေးပါ။ ရှောက်ရည်မှာပါဝင်တဲ့ အက်ဆစ်ဓာတ်က အရေးအကြောင်းတွေကို လျော့ကျစေနိုင်ပြီး အသားအရေကို ပိုမိုဝင်းပစေပါတယ်။ ရှောက်ရည်ရဲ့ လတ်ဆတ်တဲ့မွှေးရနံ့ကလည်း စိတ်နှလုံးကို လန်းဆန်းတက်ကြွစေပါတယ်။

အထက်ဖော်ပြပါ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေကို အသုံးပြုပြီး ထာဝရနုပျိုတဲ့အလှတရားစစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

အလှအပရေးရာ သိမှတ်စရာဆောင်းပါးလေးကို သူငယ်ချင်းတွေအတွက် SHARE လိုက်ပါ။