ဆံပင်အရောင်သစ်ကို အလိုမကျဖြစ်နေတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးများ

blank

ဆံပင်အရောင်သစ်ကို စိတ်အလိုမကျဖြစ်နေလား၊ ဒီစာစောင်လေးကို ဖတ်ကြည့်လိုက်ပါ

၁။ ဆံပင်အရောင် အရမ်းရင့်သွားတာဆိုရင်…

ချက်ခြင်း ခေါင်းလျှော်ပစ်လိုက်ပါ။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ clarifying shampoo တို့ကို ရောမွှေပြီး ရေစိုနေတဲ့ဆံပင်မှာ ၅မိနစ်ခန့်ထားပါ။ ပြီးရင် ရေနဲ့ဆေးချလိုက်ပါ။ နောက်တစ်နည်း ကတော့ သံလွင်ဆီနဲ့ ပေါင်းတင်နည်းပါ။ ခေါင်းလျှော်ပြီးစ စိုဖန့်ဖန့်ဆံပင်ကို သံလွင်ဆီများများလိမ်းပြီး shower cap နဲ့ အုပ်ထားပါ။ ထိုအပေါ်ကနေ အပူပေးထားတဲ့ တဘက်နဲ့ပတ်ပြီး ပေါင်းတင်ပါ။ အပူဓာတ်ကြောင့် ဆံပင်ဆိုးဆေးရဲ့ မော်လီကျူးလေးတွေ ဆံသားပေါ်ကနေ ကွာကျသွားပါလိမ့်မယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ ဆံပင်အရောင် အရမ်းဖျော့သွားတယဆိုရင်…

ကိုယ်လိုချင်တဲ့အရောင်မထွက်ဘဲ အရောင်ဖျော့နေတယ်ဆိုရင် မူလဆံပင်အရောင် ဆိုးဆေးထက် တစ်ဆင့်ပိုအရောင်ရင့်တဲ့ ဆိုးဆေးကို ဖျော့နေတယ်လို့ ထင်တဲ့နေရာမှာ ထပ်ဆိုးပေးပါ။ သတ်မှတ်ထားတဲ့အချိန်ရဲ့ တစ်ဝက်လောက်ပဲထားပြီး ခေါင်းလျှော်လိုက်ပါ။

၃။ ဆံပင်အရောင်က ကြေးနီရောင် အရမ်းတောက်သွားတယ်ဆိုရင်…

အရောင်ငြိမ်အောင်လို့ ဆေးထပ်ဆိုးသင့်ပါတယ်။ မူလဆိုးလိုက်တဲ့ ဆံပင်အရောင်ထပ် အရောင်နှစ်ဆင့်ပိုရင့်တဲ့ဆိုးဆေးကို ထပ်ဆိုးလိုက်ပါ။ နောက်တစ်ကြိမ်အရောင်ဆိုးတော့မယ်ဆိုရင် အပြာရောင်ကို အခြေခံတဲ့အရောင်တွေကို ရွေးသင့်ပါတယ်။

၎။ အရောင်ချွတ်ထားတဲ့ဆံပင်က အစိမ်းရောင်သမ်းသွားတယ်ဆိုရင်…

Clarifying shampoo ကို သုံးပြီး အစိမ်းရောင်တွေကို ပြောင်စင်အောင်လျှော်ပါ။ ဆံပင်ပေါင်းတင်ပါ။ ဒီနည်းနဲ့ အလုပ်မဖြစ်ဘူးဆိုရင် ခရမ်းချဉ်သီးဆော့စ်နဲ့ ခေါင်းလျှော်ပါ။ ခရမ်းချဉ်သီးဆော့စ်မှာပါဝင်တဲ့ အနီရောင်ဓာတ်က အစိမ်းရောင်ကို အရောင်ပြောင်းစေပြီး၊ အက်ဆစ်ဓာတ်ကတော့ အရောင်ကိုချွတ်ပေးပါတယ်။ ရေကူးကန်ရဲ့ ကလိုရင်းနဲ့ ထိတွေ့ရင်လည်း အရောင်ချွတ်ထားတဲ့ဆံပင်က အစိမ်းရောင်ပြောင်းနိုင်တာကြောင့် ရေကူးကန်ထဲမဆင်းမီ ဆံပင်ကို နည်းလမ်းတကျ ထိန်းသိမ်းပါ။