မိတ်ကပ်လိမ်းပြီးရင် ကြာရှည်လှပနေအောင် ဘယ်လိုထိန်းသိမ်းမလဲ

မနက်ကလိမ်းလာတဲ့မိတ်ကပ်တွေ တစ်နေမကုန်ခင် ပျက်သွားပြီး ဟိုတစ်ကွက်၊ ဒီတစ်ကွက်ဖြစ်နေတတ်တာက မိန်းကလေးတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဂန္ထဝင်ညီမငယ်လေးများအတွက် ချွေးထွက်များတဲ့နွေရာသီမှာတောင် မျက်နှာပေါ်မှာ မိတ်ကပ်ကြာကြာခံပြီးလှနေစေမယ့် နည်းလမ်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ မိတ်ကပ်မလိမ်းခင် မျက်နှာကို သန့်ရှင်းစင်ကြယ်သွားအောင် အရင်ဆေးကြောပါ။

မျက်နှာပေါ်မှာရှိနေတဲ့ အညစ်အကြေးတွေ၊ အဆီတွေကြောင့် မိတ်ကပ်ကြာကြာ မခံတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ မျက်နှာကို ပုံမှန်ချေးချွတ်ပါ။

မျက်နှာပေါ်က အရေပြားဆဲလ်သေတွေက မိတ်ကပ်ကို အရေပြားပေါ်မှာ ကြာရှည်မခံအောင် နှောင့်ယှက်တတ်ပါတယ်။

၃။ မိတ်ကပ်မလိမ်းခင် make-up primer လိမ်းပေးပါ။

အိမ်ဆေးသုတ်တဲ့အခါ ဆေးရောင်တွေကြာရှည်ခံအောင် primer သုံးသလိုမျိုး မိတ်ကပ်ကြာရှည်ခံအောင် make-up primer က စွမ်းဆောင်ပေးနိုင်ပါတယ်။

၎။ အောက်ခံမိတ်ကပ်သုံးတဲ့အခါ matte-type အမျိုးအစား အောက်ခံမိတ်ကပ်ကိုပဲ သုံးပါ။

matte အမျိုးအစားမိတ်ကပ်တွေက မိတ်ကပ်မပျက်အောင် အချိန်တော်တော် ကြာကြာ ထိန်းထားပေးနိုင်ပါတယ်။

၅။ အရည်အသွေးကောင်းတဲ့ မိတ်ကပ်ပစ္စည်းတွေသုံးပါ။

အရည်အသွေးကောင်းသလို ဈေးလည်းများတဲ့ မိတ်ကပ်ပစ္စည်းတံဆိပ်တွေက အခြားမိတ်ကပ်တွေထက် ပိုပြီး စိတ်ချယုံကြည်ရပါတယ်။ တစ်နေ့တာလုံး လှလှပပ လေးနေနိုင်ဖို့ မနှမြောပါနဲ့။

၆။ မိတ်ကပ်ပြင်တာ ပြီးသွားရင် setting powder ကိုသုံးပြီးမှ အပြီးသတ်လိုက်ပါ။

အရည်အသွေးကောင်းတဲ့ setting powder အနည်းငယ်ကိုသုံးလိုက်ခြင်းက မိတ်ကပ်ပျက်တာကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

၇။ ဆံပင်ကို သေချာစည်းနှောင်ထားပါ။

ဆံပင်တွေမျက်နှာပေါ်ကျလာလို့ တစ်ခါသပ်တင်လိုက်တိုင်း မျက်နှာပေါ်က မိတ်ကပ်တွေကို တစ်ခါဖယ်ရှားလိုက်သလို ဖြစ်စေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ မိတ်ကပ်လိမ်းထားတဲ့မျက်နှာပေါ် ဆံပင်မကျအောင် စည်းထားပါ။ ဒါမှမဟုတ် ကလစ်နဲ့တွယ်ထားလိုက်ပါ။

အထက်ဖော်ပြပါနည်းလမ်းလေးတွေက သင့်အတွက် အသုံးဝင်မယ်ဆိုရင် သူငယ်ချင်းတွေပါဖတ်ရအောင် SHARE ပေးလိုက်ပါနော်။