ဆန်းပြားလှပတဲ့ မှန်လက်သည်းနီလေး

blank
Photo Credit: www.mamamia.com.au

သင့်အလှကို ကိုယ်တိုင်ခံစားဖို့ မှန်ခဏခဏထုတ်ကြည့်နေရတဲ့ ဒုက္ခကိုမေ့လိုက်ပါတော့။ အခု မှန်လိုကြည်လင်တောက်ပတဲ့ လက်သည်းနီတစ်မျိုးပေါ်နေပြီလေ။ သင့်ရုပ်သွင်ကိုကြည့်ချင်ရင် လက်မြှောက်စရာတောင်မလိုဘဲ သင့်လက်သည်းလေးတွေကနေတစ်ဆင့် ဘယ်ရှုထောင့်ကမဆိုကြည့်နိုင်ပါတယ်။ ကဲ…ဒီလိုဆန်းပြားပြီး လှပတဲ့လက်သည်းနီလေးကို ဘယ်ပျိုမေကမကြိုက်ဘဲ ရှိပါ့မလဲနော်။

Instagram, Facebook စတဲ့ Social Media တွေမှာ ဒီလက်သည်းနီလေးဆိုးပြီး ဓာတ်ပုံရိုက်တင်ထားတဲ့ နှုတ်ခမ်းနီမလေးတွေ တစ်နေ့တစ်ခြားများပြားလို့လာပါတယ်။ ကဲ… အရင်ကလို ရိုးရိုးလက်သည်းနီတွေ ဆိုးမှာလား။ လှပပြီး လန်းတဲ့ မှန်လက်သည်းနီလေးဆိုးမလား။

ဒီလက်သည်းနီလေးဆိုးပြီးရင်တော့ ဂျပ်စတင် တင်းဘာလိတ်ခ်ရဲ့ သီချင်းစာသား “Cause it’s like you’re my mirror, my mirror staring back at me” ဆိုတာလေးကို ညည်းမိမှာ အသေအချာပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ဖြင်းဖြစ်သည်။