ရက် ၁ဝဝအတွင်း သေသပ်လှပတဲ့ အိမ်လေးတစ်လုံး ဖြစ်လာစေဖို့

blank

၁။ အိမ်မှာ ရှုပ်ထွေးနေတာတွေကို ရှင်းဖို့ ရက် ၁ဝဝ စာ အချိန်ဇယားဆွဲပြီး အစီအစဉ်ချပါ။

ဥပမာ – ပထမနေ့မှာ ရှုပ်ပွနေတဲ့ မဂ္ဂဇင်းတွေကို ရှင်းမယ်။

  • ဒုတိယနေ့မှာ ရှုပ်ပွနေတဲ့ အခွေတွေကို ရှင်းမယ်။
  • တတိယနေ့မှာ ရှုပ်ပွနေတဲ့ မီးဖိုချောင်ကိုရှင်းမယ် စသဖြင့်ပေါ့။

၂။ အသုံးပြုပြီးပစ္စည်းတွေကို နေရာတကျပြန်ထားတတ်တဲ့အကျင့်လုပ်ပါ။ ယူတဲ့နေရာမှာ ပြန်ထားပါ။ ဖွင့်ပြီးရင် ပြန်ပိတ်ပါ။ ပြုတ်ကျသွားရင် ပြန်ကောက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ တစ်အိမ်လုံးမှာရှိတဲ့ ပြန်လည်ပြုပြင်ရမယ့် အရာဝတ္ထုလေးတွေကို မှတ်သားထားပြီး တစ်နေ့တစ်ခု ပြုပြင်ပါ။ ဥပမာ -ကျွမ်းနေတဲ့မီးလုံး လဲရမယ်၊ အင်္ကျီမှာ ပြုတ်နေတဲ့ကြယ်သီးပြန်တပ်ရမယ် စသဖြင့်ပေါ့။

တစ်နေ့တစ်နေ့ ဒီလိုလေးတွေလုပ်သွားရင် ရေရှည်မှာ သင့်ဘဝ ဘယ်လောက်ရှင်းလင်းပြီး စနစ်ကျနေလိမ့်မလဲနော်။