လုံမပျိုတို့အလွယ်သုံးဖို့ ဝတ်ဆင်မှုဆိုင်ရာနည်းအသွယ်သွယ်

blank
အတွင်းခံအင်္ကျီကြိုး မပေါ်စေဖို့

လည်ပင်းကျယ်တဲ့ အင်္ကျီတွေဝတ်တဲ့အခါ အတွင်းခံကြိုးပေါ်မှာ စိုးရိမ်ရနေရတယ်ဆိုရင် အဝတ်စတစ်စပါးပါးလေးတစ်စကိုနှိပ်သီးလေးတပ်ပြီး အင်္ကျီနဲ့ အတွင်းခံအင်္ကျီကြိုးနဲ့ ပူးထားလိုက်ပါ။ တစ်နေ့တာလုံးစိတ်လုံခြုံစွာ သွားလာနေလို့ရတာပေါ့။

ဂျင်းဘောင်းဘီဇစ်ပြုတ်နေမှာ မစိုးရိမ်ဘဲစိတ်ချလက်ချနေရစေဖို့

တစ်ချို့ဂျင်းဘောင်းဘီတွေ ဝတ်ထားတဲ့အခါ ဇစ်များပြုတ်နေလားဆိုပြီး စိတ်စနိုးစနှောင့်ဖြစ်နေတတ်ပါတယ်။ သော့တွဲတွေမှာပါတတ်တဲ့ သံကွင်းဝိုင်းလေးကို ဇစ်ခေါင်းမှာ တပ်ပြီး ဇစ်ထိပ်က ကြယ်သီးလေးမှာ တပ်ထားလိုက်ပါ။ အဝိုင်းလေးက ဇစ်ကိုလည်းဆွဲထားတာဆိုတော့ ဇစ်ပြုတ်မှာ မစိုးရိမ်ဘဲ စိတ်ချလက်ချနေလို့ ရပါပြီ။

အဝတ်အစားတွေမှာ စွန်းနေတဲ့ချွေးနံ့ပျောက်ဆေး(roll-on)တွေပျောက်ကွယ်စေဖို့

ချိုင်းမှာ ချွေးနံ့ပျောက်လိမ်းဆေးတွေလိမ်းအပြီး အင်္ကျီမှာ ပေသွားတတ်ပါတယ်။ ချွေးနံ့ပျောက်ဆေးစွန်းသွားတဲ့နေရာကို Baby wipes နဲ့ပွတ်ပြီးလွယ်လွယ်ကူကူပဲဖယ်ရှားလို့ရပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဝတ်ချင်တဲ့တီရှပ်ကို အလွယ်တကူရှာနိုင်စေဖို့

တီရှပ်တွေကို ခေါက်ပြီးအတန်းလိုက်စီထားတာက အလွယ်တကူ ရှာလို့ရစေပြီး အံဆွဲလိုနေရာမှာတောင် အများကြီးထားလို့ ရပါတယ်။ တီရှပ်ရဲ့ အလှဘက်ကို ခေါက်ထားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ အင်္ကျီကို လွယ်လွယ်ရှာတွေ့မှာ ဖြစ်ပါတယ်။

ချွေးစွန်းတွေကို ဖယ်ရှားဖို့

အဖြူရောင်အင်္ကျီတွေမှာ စွန်းနေတဲ့ဝါကျင်ကျင်အစွန်းအထင်းတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် ရေထဲကိုသံပုရာသီးညှစ်ထားပြီး စပရေးဘူးထဲထည့်ထားပါ။ အင်္ကျီပေါ်မှာ စွန်းထင်းနေတဲ့ နေရာတွေကို အသာဖြန်းပြီး လျှော်လိုက်တဲ့အခါ အစွန်းတွေပျောက်ပြီး တောက်ပြောင်သွားတာတွေ့ပါလိမ့်မယ်။

တီရှပ်တွေ ပေါ်ကအဖုတွေပျောက်စေဖို့

ဒီနည်းကိုသုံးဖို့ စိတ်တော့နည်းနည်းရှည်ရပေမယ့် အားတော့သိပ်စိုက်စရာ မလိုပါဘူး။ ဆားရည်ထဲမှာ အဖုထနေတဲ့ အင်္ကျီတွေကို သုံးရက်လောက်စိမ်ထားလိုက်ပါ။ ပြီးတော့အင်္ကျီကိုလျှော်လိုက်ပါ။ အဖုတွေပျောက်သွားပါလိမ့်မယ်။