ဖိနပ်ပုံ လက်သည်းဒီဇိုင်းလေး ဆွဲကြမယ်။

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… ဒီတစ်ခါမှာတော့ ခက်မလိုလိုနဲ့ အင်မတန် လွယ်ကူလှတဲ့ လူကြိုက်များသော Converse ထုတ် All Star ဖိနပ်ဒီဇိုင်းလက်သည်းနီလေး ရေးဆွဲပုံအဆင့်ဆင့်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကဲ… လှပတဲ့ ဒီဇိုင်းလေးမို့ အတူတူ ဆွဲကြည့်ရအောင်။

လိုအပ်သောပစ္စည်းများ

  • လက်သည်းဆိုးဆေး အနက်
  • လက်သည်းဆိုးဆေးအဖြူ
  • စုတ်တံအသေး
  • အစက်ချတံ
  • လက်သည်းဆိုးဆေး အကြည်

ဆိုးပုံဆိုနည်း အဆင့်ဆင့်

၁။ အောက်ခံလက်သည်းဆိုးဆေး အနက်ရောင်ကို အရင်ဆိုးပါ။

၂။ ထိပ်ပိုင်းကို လက်သည်းဆိုးဆေး အဖြူရောင်နဲ့ ကွပ်လိုက်ပါ။

၃။ ပုံမှာပြထားတဲ့အတိုင်း အဖြူရောင်အစက်လေး ၆ စက်ချပါ။

၎။ အစက်လေးတွေကို တည့်တည့် ဆက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ တဖန် ကြက်ခြေခတ် ထပ်ဆက်ပါ။

၆။ အဖြူရောင်အစက်လေးတွေရဲ့အတွင်းမှာ အနက်ရောင် အစက်လေးတွေ ထပ်ချပါ။

၇။ ထိပ်ကွပ်ထားတဲ့ အဖြူရောင်လေးတွေပေါ်မှာ စုတ်တံအသေးနဲ့ ပုံမှာ ဖော်ပြထားတဲ့အတိုင်း အမဲရောင်မျဉ်းကွေးလေး ဆွဲပါ။

၈။ ခဏတာ အခြောက်ခံပြီးတဲ့နောက်ပိုင်းမှာ အဆုံးသတ်တဲ့အနေနဲ့ လက်သည်ဆိုးဆေးအကြည်နဲ့ အုပ်လိုက်ပါ။

Tips လေးတွေ လွယ်ကူပြီး အသုံးဝင်တယ်ဆိုရင်တော့ သူငယ်ချင်းတွေ သိဖို့အတွက်ရော SHARE လိုက်ပါအုံး။