တစ်ပတ်အတွင်း (၁ဝ) ပေါင် ဝိတ်ချလိုသူတို့အတွက်

blank

တစ်ပတ်အတွင်းမှာ (၁၀) ပေါင်အထိ ဝိတ်ချဖို့ဆိုတာ ရုတ်တရက်ကြည့်လိုက်ရင် မဖြစ်နိုင်တဲ့အရာလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ခန္ဓာကိုယ်ညီညွတ်မျှတဖို့ဆိုတာ အစားအစာ မျှတဖို့လိုအပ်သလို၊ ရေဓါတ် ညီညွတ်မျှတမှုတွေ အများကြီးလိုအပ်ပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ အစားအသောက်တွေက သိပ်ကိုအရေးကြီးပါတယ်။ ဒါကို စနစ်တကျ ချိန်ညှိစားသောက်နိုင်မယ်ဆို ဝိတ်တက်မှာ ပူစရာမလိုတော့ပါဘူး။

အောက်ဖက်မှာတော ဝိတ်ချနည်းတွေအများကြီး ရှိတဲ့အနက်က ဝိတ်အလျှင်အမြန်ကျစေဖို့ လွယ်ကူချောမွေ့တဲ့ နည်းလမ်း(၅)သွယ်ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ရေများများ သောက်ပေးပါ။ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ အသီးအနှံတွေ များများစားပါ။ သိသိသာသာကို ထူးခြားလာပါလိမ့်မယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေ အနှေးနဲ့အမြန်ဆိုသလို ကျသွားမှာ ဖြစ်ပါတယ်။

၃။ လတ်ဆတ်တဲ့ အသီးအနှံတွေ စားသုံးပေးပါ။ အသီးတွေဟာ ခန္ဓာကို မှာရှိတဲ့ အစားအစာတွေ ညီညွတ်မျှတစေဖို့ ထိန်းညှိပေးပါတယ်။ ပိုနေတဲ့ အဆီတွေကို အလျှင်အမြန်ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

၎။ အစားစားတဲ့အခါ ဒီစကားစုလေးကို သတိရလိုက်ပါ။ “မနက်စာကို ဘုရင်ကြီးစားသလို စားပါ။ နေ့လည်စာကိုတော့ ဘုရင်မကြီးစားသလို စားပါ။ ညစာကိုကျ ဆင်းရဲသားစား သလိုစားပါ။”

၅။ အကယ်၍ လေ့ကျင့်ခန်း မလုပ်နိုင်ဘူးဆို နာရီဝက်တစ်ကြိမ်လောက် နှစ်မိနစ်စီ လမ်းလျှောက်ပေးပါ။ ဒါဟာ ဝိတ်ချဖို့အတွက် အသင့်တော်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အထက်ပါနည်းလမ်းလေးတွေက ဝိတ်ချလိုသူတို့အတွက် လက်တွေ့အသုံးဝင်မယ်လို့ မျှော်လင့်ရင်း ဂန္ထဝင်မှ တင်ဆက်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။