သင်္ကြန်မှာ တစ်နေ့လုံး အလှမပြတ်ဘဲ ပျော်ရွှင်နိုင်ဖို့

သင်္ကြန်ပွဲတော်ဟာ မြန်မာတစ်မျိုးသားလုံး စိတ်ပါဝင်စားစွာ အားပါးတရ ပျော်ရွှင်ကြတဲ့ ပွဲတော်ဖြစ်တာကြောင့် ဂန္ထဝင် ပရိသတ်ကြီးလည်း သင်္ကြန်အတွက် ပြင်ဆင်ရင်း ရင်ခုန်နေကြပြီ ထင်ပါတယ်။ သင်္ကြန်ပွဲတော်ဟာ ပူပြင်းလှတဲ့ နွေလယ်မှာ ကျင်းပတာမို့ နေဒါဏ်၊ ရေဒါဏ်တွေနဲ့ အသားအရေ ခြောက်သွေ့မှာ၊ ရေတွေကြားမှာ မျက်နှာလေး အလှမပျက်အောင် ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာ ညီမငယ်လေးတွေလည်း ဦးနှောက်ခြောက်နေကြပြီ ထင်ပါရဲ့။ ခုတစ်ခေါက် ဂန္ထဝင်က တင်ဆက်ပေးမှာကတော့ သင်္ကြန်မှာ အလှမပျက်ဘဲ တစ်နေ့လုံး ပျော်ရွှင်စွာ ရေကစားလို့ရမယ့် ရေစိုခံမိတ်ကပ်လေးတွေ အကြောင်းပါ။

၁။ အလွန်မြင့်မားတဲ့ အပူရှိန်ကြားထဲ မိတ်ကပ်တွေ အရည်မပျော်ဘဲ ချွေးဒဏ်၊ ရေဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ ရေစိုခံမိတ်ကပ်ဟာ သင်္ကြန်မှာ မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်ပါတယ်။ ပုံမှန်မိတ်ကပ်တွေက ရေစိုတာနဲ့ ခဏလေး ပျက်သွားနိုင်တယ်။ ဒီတော့ တစ်နေ့တာလုံး အလှမပျက်ဘဲ ရေဆော့ကစားနိုင်အောင် ရေစိုခံမိတ်ကပ်လေး လိမ်းသွားဖို့ မမေ့နဲ့နော်။

၂။ သင်္ကြန်မှာ ရေစိုတဲ့ ဒါဏ်ကြောင့် မျက်ဝန်းအလှလေးတွေ ပျက်သွားမှာ စိုးရိမ်နေပါသလား။ သုံးထားတဲ့ Mascara ကြောင့် ရေစိုတဲ့အခါ မျက်နှာမှာ အမဲစက်တွေ ဖြစ်လာမှာ စိုးရိမ်နေကြပြီလား။ ဒါဆိုရင်တော့ သင်္ကြန်မှာ တစ်နေ့လုံး ရွှန်းစိုလှပတဲ့ မျက်ဝန်းလေး ပိုင်ဆိုင်ဖို့ အရည်အသွေးမြင့် ရေစိုခံ (Mascara ) မက်စကာရာလေးသာ ဆောင်ထားလိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ရေစိုခံ မျက်ရစ်ဆွဲ Eye Liner လေးကလည်း သင်္ကြန်မှာ မရှိမဖြစ် ဆောင်ထားဖို့လိုတဲ့ Cosmetic တစ်မျိုးဖြစ်ပါတယ်။ သင်္ကြန်မှာ တစ်နေ့လုံး ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းအလှလေးနဲ့ ပျော်ရွှင်စွာ ရေကစားဖို့ အရည်အသွေးမြင့် အရောင်အသွေးမျိုးစုံ ရှိတဲ့ Eye Liner လေးက အထောက်အပံ့ပေးမှာ ဖြစ်တာကြောင့် ခုပဲ ဆောင်ထားလိုက်ကြပါစို့။

၎။ ရေတွေကြားထဲ နှုတ်ခမ်းလေး အလှမပျက် ရှိနေစေဖို့ အရည်အသွေးမြင့် ရေစိုခံ နှုတ်ခမ်းနီလေးကို ဆောင်ထားလိုက်ပါ။ အဲဒီ နှုတ်ခမ်းသားလေးတွေကို ပိုမိုရွှန်းစိုစေဖို့ အတွက်ကတော့ နေလောင်ခံ SPF ပါဝင်တဲ့ နှုတ်ခမ်းဆီလေးနဲ့ ထပ်ဖြည်တင်းလိုက်မယ်ဆို တစ်နေ့လုံး ရွှန်းစို တောက်ပတဲ့ နှုတ်ခမ်းလေးကို ပိုင်ဆိုင်ထားနိုင်မှာ မလွဲပါပဲ။

၅။ အသားအရေ ပျက်စီးမကို ကာကွယ်ဖို့ အတွက်တော့ နေလောင်ခံ Body Lotion တစ်မျိုးမျိုးကို နေရောင်တိုက်ရိုက် ထိတွေ့နိုင်တဲ့ ခန္ဓာကိုယ် အနှံ့ လိမ်းထားဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ နေဒါဏ်၊ ရေဒါဏ်ကို စိတ်ပူစရာ မလိုတော့ဘဲ အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲလို့ ရသွားပါပြီ။

ဘာကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။