မြန်ဆန်လွယ်ကူတဲ့ အလှပြင် နည်း(၇)သွယ်

၁။ ပထမဆုံးအနေနဲ့ အသားအရေ ခြောက်သွေ့မှုကို ကာကွယ်နိုင်ဖို့ အသားအရေကို စိုစွတ်စေတဲ့ Moisturizer တစ်မျိုးမျိုး ဦးစွာလိမ်းပေးပါ။

၂။ ဒုတိယအဆင့်အနေနဲ့ မျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်းနဲ့ အစက်အပျောက်လေးတွေ ကာကွယ်ပေးတဲ့ Concealer သုံးဖို့လိုအပ်ပါတယ်။ မျက်နှာပေါ်က အမဲစက်ရှိတဲ့ နေရာတွေကို လက်နဲ့ ညင်သာစွာ ပွတ်လိမ်းပေးပါ။ Concealer ရွေးချယ်တဲ့အခါမှာ အသားအရေကို ပိုတောက်ပစေမယ့် အမျိုးအစားကို ရွေးချယ်ဖို့ လိုပါတယ်။

၃။ နောက်တဆင့်အနေနဲ့ အသားအရေနဲ့ အလိုက်ဖက်ဆုံးဖြစ်မဲ့ Foundation Cream တစ်ခုခု ကို ရွေးချယ်အသုံးပြုပါ။ မေးစေ့၊ ပါးပြင်နဲ့နှဖူးအစပ်မှတစ်ဆင့် မျက်နှာ တစ်ပြင်လုံးကို နှံ့သွားအောင် လိမ်းခြယ်လိုက်ပါ။

၎။ စတုတ္ထအဆင့်အနေနဲ့ကတော့ မျက်နှာလေး ပိုမို တောက်ပလာစေဖို့ ပန်းနုရောင်သန်းနေတဲ့ သင့်ပါးပြင်လေးကို ကြိုက်နှစ်သက်ရာ အရောင်လေး ထပ်တင်ပေးလိုက်ဖို့ပါပဲ။

၅။ ခုတစ်ခါတော့မှာတော့ မျက်ခုံးလေးတွေကို ပိုမိုခိုင်မာတဲ့မျက်ခုံးလေးတွေ အဖြစ်ပုံဖော်ဖို့ အရောင်သိပ်မရင့်တဲ့ မျက်ခုံးမွေးဆွဲတံလေး နဲ့ အလှဆင်လိုက်ပါ ။

၆။ မျက်ဝန်းလေးတွေ ပိုမိုအသက်ဝင်လာစေဖို့တော့ မျက်ဝန်းတစ်ဝိုက် Linerလေးနဲ့ ခြယ်သလိုက်ပါ။ EyeShadow သုံးတဲ့အခါမှာ အရောင် အနုအရင့်လေးတွေ တွဲဖက်အသုံးပြုပေးပါ။ အဲဒီ နောက်မှာတော့ မျက်တောင်လေးတွေကို ရွှန်းစိုလှပစေဖို့ Mascara နဲ့ ဖြည့်စွက်လိုက်ပါ။

၇။ နှုတ်ခမ်း အလှကတော့ မျက်နှာတစ်ပြင်လုံးမှာ အရေးအပါဆုံးလို့ တောင်ပြောလို့ ရပါတယ်။ နောက်ဆုံး အဆင့်အနေနဲ့ နှုတ်ခမ်းလေး ပိုမိုဆွဲဆောင်မှု ရှိစေဖို့ သင်ကြိုက်နှစ်သက်ရာ နှုတ်ခမ်းဆိုးဆေးလေး အသုံးပြုလိုက်ပါ။ နှုတ်ခမ်းliner အသုံးပြုခြင်းကလဲ နှုတ်ခမ်းအလှကို ပိုပေါ်လွင်စေပါတယ်။ အဲဒီနောက်

နှုတ်ခမ်းကို စိုစွတ်တောက်ပစေမဲ့ အဆီပါတဲ့နှုတ်ခမ်းဆီ တစ်မျိုးသုံပေးလိုက်ပါ ။

အားလုံးပြီးသွားပြီ ဆိုရင်တော့ မှန်ထဲမှာ ကြွေရုပ်လေးလိုလှပနေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ရမှာ ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မှတ်သားစရာ တစ်ခုဖြစ်စေခဲ့ရင် Share ပေးဖို့ မမေ့နဲ့နော်။