မင်္ဂလာပွဲမှာ ဆွဲဆောင်မှု ကောင်းပြီး စိုပြေလှပနေတဲ့ နှုတ်ခမ်းလေး ဖြစ်စေဖို့ အကြံပြုချက်များ

blank

တသက်မှာ တစ်ခါသာ ပြုလုပ်ရတဲ့ ကိုယ့်မင်္ဂလာပွဲမှာ မှန်ကန်တဲ့ နှုတ်ခမ်းနီ အရောင်ရွေးချယ်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်လှပါဘူး။လှပတဲ့ အခမ်းအနားတွေ ပြီးပြည့်စုံတဲ့ မိတ်ကပ်နဲ့ မှန်ကန်တဲ့ မင်္ဂလာနှုတ်ခမ်းနီ အရောင်လေးအပါအဝင် အရာအားလုံးဟာ အသေးစိတ်တိကျလှပနေချင်ကြပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သင့်အတွက် အရေးပါလှတဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်စွာ ချမှတ်နိုင်စေဖို့ မင်္ဂလာ နှုတ်ခမ်းနီလေးတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ မိတ်ကပ်ကို ဘယ်နေရာ အသားပေးလိမ်းခြယ်မလဲ ဆုံးဖြတ်ပါ။

မိတ်ကပ်ကိုဘယ်လိုပုံစံလိမ်းခြယ်မှာလည်းဆိုတာကို သေချာအောင် အရင်ဆုံးဖြတ်ချက်ချပါ။ မျက်ဝန်းအလှအပနဲ့ နှုတ်ခမ်းအလှမှာ ပိုပြီးပေါ်လွင်ချင်ပါသလား။ နှစ်ခုထဲက တစ်ခုတော့ ရွေးချယ်ရမှာပါ။ နှစ်ခုစလုံးကို ပေါ်လွင်ထင်ရှားချင်တယ်ဆိုရင်တော့ သေသေချာချာ မိတ်ကပ်ပြင်လွန်းသလို ပုံပေါ်သွားပါလိမ့်မယ်။ သတို့သမီးရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ ပြုလုပ်ရမှာပါ။

၂။ ကြာရှည်ခံစွာ လှပနေနိုင်မယ့် ပစ္စည်းအမျိုးအစားကို ရွေးချယ်ပါ။

သင်လိမ်းခြယ်လိုတဲ့ အလှကုန်အမျိုးအစားတွေမှာ “အရောင်ကြာရှည်ခံပါတယ်” “အချိန်အတော်ကြာသည်အထိ ပျက်ယွင်းတာမျိုးမရှိပါ” စတဲ့  အညွှန်းလေးတွေပါတဲ့ ပစ္စည်းကောင်းတွေကို သေချာရွေးချယ်အသုံးပြုပါ။ မင်္ဂလာဆောင်တဲ့နေ့ဟာ အရမ်းကို အလုပ်များပါတယ်။ နှုတ်ခမ်းနီပျက်သွားတာတို့၊ အရောင်မှိန်သွားတာတို့ စတဲ့အခါမျိုးတွေမှာဆို ပြန်ဆိုးပေးဖို့ သင့်မှာအချိန်ရှိနေမှာ မဟုတ်ပါဘူး။ အရမ်းကို အလုပ်ရှုပ်နေမှာပါ။ ဘယ်လောက် ကြာကြာခံနိုင်မလဲဆိုတာ သေချာသိဖို့ ကြိုတင် ပြင်ဆင် ထားသင့်ပါတယ်။

၃။ သင့်နှုတ်ခမ်းနီရဲ့ နောက်ဆုံးအဆင့်ကို သေချာ ဆုံးဖြတ်ပါ။

မင်္ဂလာနှုတ်ခမ်းနီ ရွေးချယ်တော့မယ်ဆိုရင် ဘယ်လို အဆုံးသတ်မျိုးကို လိုချင်သလဲဆိုတာကို သေချာဆုံးဖြတ်ထားတာက ကောင်းပါတယ်။ နှုတ်ခမ်းနီတွေမှာ မတူညီတဲ့ အဆုံးသတ်တွေရှိတတ်ပါတယ်။ တည်ငြိမ်တဲ့ အရောင်၊ တစ်ဖျက်ဖျက်တောက်ပနေတဲ့ အရောင် စတဲ့ မတူညီတာတွေထဲကမှ သင်လိုချင်တာကို သေချာအောင်ရွေးချယ်ပါ။ မရွေးချယ်သင့်တဲ့ အရောင်တွေလည်းအများကြီးရှိပါတယ်။ နောက်ဆုံးမှာတော့ တောက်ပပြီး တဖျက်ဖျက်လင်းလက်နေတာကို ရွေးချယ်တာ အကောင်းဆုံးပါ။

၎။ တခြား သတို့သမီးတွေဆီက အကြံဥာဏ်ယူပါ။

သတို့သမီးမဂ္ဂဇင်းတွေ၊ မကြာသေးမီက မင်္ဂလာဆောင်ထားကြတဲ့ သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်ပုံတွေထဲ ကနေပြီး သင့်အတွက် ဘာတွေလိုအပ်မလဲဆိုတာ သေချာလေ့လာပါ။ သူတို့ဘယ်လို အရောင်တွေရွေးချယ်ကြသလဲဆိုတာ ကြည့်ပြီးတော့ လိုက်ဖက်မယ့်အရောင်ကိုရွေးချယ်ပါ။ ခေတ်ဆန်လှပတဲ့ အရောင်ကို လိုချင်တာလား ဂန္တဝင်ဆန်ဆန် လှပတာကို လိုချင်တာလား ဆိုတာ သေချာရွေးချယ်ဆုံးဖြတ်ပါ။ ဘယ်လိုပုံစံနဲ့လိုက်ဖက်တယ်၊ ကိုက်ညီမှုရှိနိုင်တယ်ဆိုတာ ကိုယ်ကိုယ် တိုင်ပဲသိနိုင်တာမို့ပါ။

၅။ မျက်လုံးပေါ်ခြယ်သမယ့် အရောင်ကို ထည့်စဉ်းစားပါ။

မင်္ဂလာနှုတ်ခမ်းနီ အရောင်ရွေးခြယ်တော့မယ်ဆိုရင် ဘယ်လို မျက်လုံး အရောင်ခြယ် သင့်လည်းဆိုတာပါ သေချာရွေးချယ်ပါ။  မီးခိုးရောင် မျက်ဝန်းတစ်စုံကို သင်ရွေးချယ်လိုက်မယ် ဆိုရင်တော့ မိက်ကပ်အသားရောင် နှုတ်ခမ်းအလှက ပိုပြီးပြည့်စုံမှုရှိတဲ့ အလှတရားတစ်ခု ဖြစ်လေမလား။ အဲဒီလိုပဲ မျက်လုံးကို သဘာဝအရောင် လိမ်းဖို့ဆုံးဖြတ်ထားမယ်ဆိုရင် နီရဲတောက်ပတဲ့ နှုတ်ခမ်းသားက လိုက်ဖက်မှုရှိစေပါတယ်။ အရေးကြီးတာက မျက်လုံးနဲ့ နှုတ်ခမ်းအလှက အပြိုင်အဆိုင် ထင်းနေကြတာ မျိုးထက် လိုက်လျောညီထွေ လှပနေဖို့ပါပဲ။ မျက်လုံးရော နှုတ်ခမ်း နှစ်ခုစလုံးကို အရောင်ရင့်ရင့် ပြိုင်တူသုံးမယ်ဆိုရင် တစ်ခုနဲ့တစ်ခုက လိုက်ဖက်မှုမရှိတာမို့ ဂရုတစိုက်သုံးစွဲသင့်ပါတယ်။

၆။ စမ်းသပ်စစ်ဆေးသုံးစွဲကြည့်ပါ။

အကောင်းဆုံး ဆုံးဖြတ်ချက်ကတော့ မင်္ဂလာပွဲမှာ သင်ဆိုးမယ့်နှုတ်ခမ်းနီအရောင်ကို ကြိုတင်စမ်းသပ်ကြည့်တာပါပဲ။ နှုတ်ခမ်းနီမှ မဟုတ်ပါဘူး။ အခြားသော မင်္ဂလာအခမ်းအနားမှာ အသုံးပြုမယ့်  မိတ်ကပ်တွေ ဆံထုံးတွေ အင်္ကျီအဝတ်အစားတွေကအစ ကြိုတင်စမ်းသပ်ထားသင့်ပါတယ်။ အဲဒီနည်းလမ်းက သင့်နှုတ်ခမ်းနီရောင်ကို ယုံကြည်နှစ်သက်စွာ သုံးစွဲနိုင်စေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဘယ်လိုမိတ်ကပ်အမျိုးအစားက သင်နဲ့သင့်တော်တယ် လိုက်ဖက်ညီတယ်ဆိုတာ ထုတ်ဖော်ပြသဖို့ အကောင်းဆုံးနည်းလမ်းပါ။ ဘယ်လိုနှုတ်ခမ်းနီအမျိုးအစားက ဆိုးရွားတယ်၊ အရောင်မှိန်နေတယ် စတဲ့ အပြစ်အနာအဆာလေးတွေနဲ့ ပက်သက်ပြီး  ငြင်းခုန်စရာလေးတွေကို သိလာစေပါလိမ့်မယ်။

ကောင်းမွန်မှန်ကန်ပြီး လိုက်ဖက်ညီတဲ့ နှုတ်ခမ်းနီအရောင်ကို ရွေးချယ်တတ်ဖို့က အရမ်းကို လိုအပ်ပါတယ်။ သင့်ရဲ့ မင်္ဂလာပွဲမှာရော ဘယ်လိုနှုတ်ခမ်းအလှကို ဖန်တီးမလဲ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊