သင့်အရေပြားကို ပျက်စီးစေတဲ့ အံ့သြစရာအချက် (၁၃)ချက် – အပိုင်း (၂)

blank

၁။       မျက်စိ မှေးကြည့်ခြင်း

အိုဟောင်းနေပြီဖြစ်တဲ့ မျက်မှန်တို့၊ မျက်ကပ်မှန်တို့ တပ်ဆင်ခြင်းက မျက်စိမှေးမှေးပြီး ကြည့်မိစေပါတယ်။ ဒီကနေတဆင့် မျက်လုံးတဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ မလိုလားအပ်ဘဲ အိုမင်းရင့်ရော်ခြင်းတွေ မဖြစ်ဖို့ဆိုရင် တစ်နှစ်မှာတစ်ကြိမ်တော့ မျက်စိဆရာဝန်ထံ သွားရောက်စမ်းသပ်ကြည့်ဖို့ လိုပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။       ဖယောင်းဖြင့် မကြာခဏ အမွှေးချွတ်ခြင်း

အသစ်ထွက်လာတဲ့ အမွှေးအမျှင်လေးတွေ ထွက်ထွက်ချင်းပဲ ဆိုင်ကိုမပြေးသွားပါနဲ့။ ခဏခဏဖယောင်းဖြင့် အမွှေးချွတ်ခြင်းက အရေပြားကို ကြမ်းစေပြီး အဖုလေးတွေ ထလာစေပါတယ်။ အထူးသဖြင့် ထိခိုက်လွယ်တဲ့ နေရာတွေအတွက် အနည်းဆုံး သုံးပတ်ခြားသင့်ပါတယ်။

၃။       နှုတ်ခမ်းတွေကို ဂရုစိုက်ဖို့မေ့နေခြင်း

အရေပြားရဲ့ ဆဲလ်အလွှာ (၃)လွှာကနေ (၅)လွှာက နှုတ်ခမ်းသားတွေပေါ်မှာ ဖုံးအုပ်ထားပါတယ်။ ဒါကြောင့် နှုတ်ခမ်းကလည်း အရေပြားအလှအပအတွက် အရေးပါပါတယ်။ နှုတ်ခမ်းခြောက်တာတွေ၊ ကွဲတာတွေ ခဏခဏဖြစ်နေရင် မြန်မြန်အိုမင်းရင့်ရော်စေပါတယ်။ ပထရိုလတမ် (petrolatum) ဒိုင်မီတီကုန်း (dimethicone) နဲ့ ဂလင်စရင်း (glycerine) တို့ပါဝင်တဲ့ နှုတ်ခမ်းနီတောင့် နဲ့ နှုတ်ခမ်းဆီတို့ကို သုံးပေးခြင်းဖြင့် နှုတ်ခမ်းသားလေးတွေရဲ့ အစိုဓာတ်ကိုထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။

၎။       ညစ်ပတ်နေသော ခေါင်းအုံးစွတ်များ

ညဘက်ကျမှာ အရေပြားက အနားယူဖို့နဲ့ ဆဲလ်သေတွေ ဖယ်ရှားဖို့ အခွင့်အရေးရတာပါ။ ဒီဆဲလ်သေတွေဟာ ခေါင်းအုံးပေါ်မှာ တင်ပြီး အချိန်ကြာလာတာနဲ့အမျှ ဘက်တီးရီးယားနဲ့ အဆိပ်အတောက်တွေ ဖြစ်လာပါတယ်။ အရေပြားကျန်းမာနေစေဖို့ ခေါင်းအုံးစွတ်လေးတွေကို နှစ်ပတ်တစ်ကြိမ် ပြောင်းလဲပေးဖို့ မမေ့ပါနဲ့။

၅။       ဆဲလ်သေများဖယ်ရှားခြင်း (exfoliating) ကို မကြာခဏလုပ်မိခြင်း

အလွန်အကျွံ exfoliate လုပ်ခြင်းဟာ မျက်နှာလေးဝင်းပနေစေဖို့ လိုအပ်တဲ့အဆီများကို ဖယ်ရှားစေနိုင်ပါတယ်။ တစ်ပတ်မှာ exfoliating တစ်ကြိမ်လောက်သာ လုပ်ခြင်းဖြင့် ကျန်းမာသောအရေပြားကို ထိန်းသိမ်းနိုင်ပါတယ်။

၆။       မျက်မှောင်ကြုတ်ခြင်း

မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားတွေကို အမြဲတမ်း လှုပ်လှုပ်ရှားရှား လုပ်နေခြင်းအားဖြင့် အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။ အရေပြားကို အနားပေးဖို့ဆိုရင် အံ့ကြိတ်ထားတာတို့၊ စူပုတ်နေတာတို့ကို ရှောင်ကြဉ်ပါ။ ဒီလိုလုပ်ခြင်းတွေက အရေပြားပေါ်မှာ အရေးအကြောင်းတွေ စွဲမြဲသွားစေပါတယ်။

၇။       စိတ်ဖိစီးခြင်း

အရေပြားနဲ့ ပတ်သက်လာရင် စိတ်ဖိစီးခြင်းက အင်မတန်ကြီးမားလှတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ မှတ်ယူထားပါ။ အသားအရည်မှာ နီမြန်းတာတွေ၊ မကြည်လင်တာတွေ ဖြစ်စေရုံသာမက မျက်နှာအမူအရာတွေကြောင့် စိတ်ဖိစီးတဲ့ အရေးအကြောင်းတွေပါ ဖြစ်လာစေနိုင်ပါတယ်။ စိတ်ဖိစီးခြင်းကို ရှောင်ကြဉ်ဖို့ဆိုရင် ကိုယ်နှစ်သက်ရာ တစ်ခုခု ဥပမာ ယောဂကျင့်စဉ်၊ စာဖတ်ခြင်း၊ ချက်ပြုတ်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

၈။       သကြားအစားများခြင်း

သကြားအလွံအကျွံစားခြင်းကြောင့် အရေပြားပေါ်ရှိ ကော်လဂျင် (collagen) တွေကို ထိခိုက်စေပြီး အရေပြား အိတွဲခြင်း ဖြစ်စေပါတယ်။ အချိုအစားအစာတွေစားမယ့်အစား သရက်သီး၊ နာနတ်သီး စတဲ့ သစ်သီးတွေနဲ့ အစားထိုးပါ။

၉။       လေ့ကျင့်ခန်း လုံလောက်အောင် မလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး မျက်နှာလေးကို ကျန်းမာစွာ တောက်ပနေစေပါတယ်။ ဒါ့အပြင် ချွေးထွက်ခြင်းကနေ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဆဲလ်သေတွေကို ရှင်းလင်းပြီး ဆဲလင်အသစ်တွေ ပေါက်ဖွားစေတာပေါ့။ လေ့ကျင့်ခန်း မှန်မှန်မလုပ်ရင်တော့ အိုမင်းရင့်ရော်ခြင်း သင်္ကေတ အစက်အပြောက်တွေ များလာတာကို တွေ့ရမှာပါ။

၁၀။ လေအေးပေးစက် အသုံးများခြင်း

လေအေးပေးစက်ပဲ ခံနေမယ့်အစား လေအေးပေးစက်ကို ပိတ်ပြီး အရေပြားကို အစိုဓာတ်လေး ရရှိအောင် ထားပါ။ လေအေးပေးစက်ကို အမြဲအမြင့်ဆုံး တင်ထားမယ်ဆိုရင် လေရဲ့စိုထိုင်းဓာတ်နဲ့ အရေပြားအတွက်လိုအပ်တဲ့ အစိုဓာတ်ကို ဆုံးရှုံးစေပါတယ်။

၁၁။     ဆေးလိပ်ငွေ့နှင့် ထိတွေ့ခြင်း

ကိုယ်က ဆေးလိပ်မသောက်ရင်တောင် ဆေးလိပ်သောက်တဲ့လူနားမှာ နေခြင်းကြောင့် အသားအရည်ကို အိုမင်းရင့်ရော်စေပြီး အိတွဲကျစေပါတယ်။

၁၂။     မိတ်ကပ်ထူထူ လိမ်းခြယ်ခြင်း

တစ်ပတ်မှာ ရက်အနည်းငယ်လောက် မိတ်ကပ်ပါးပါးလိမ်းပေးခြင်းဖြင့် အရေပြားကို အသက်ရှူခွင့် ရစေပါတယ်။ ဒီလိုလုပ်ခြင်းက ချွေးပေါက်ပိတ်တာနဲ့ ဝက်ခြံပေါက်ခြင်းတွေကို ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၁၃။     မျက်ခုံးမွှေး အနုတ်လွန်ခြင်း

မျက်ခုံးမွှေး အလွန်အကျွံနုတ်ခြင်းကြောင့် အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ မျက်ခုံးမွှေး နုတ်တဲ့ ညှပ်ကို ပိုးသတ်ဆေးဆပ်ပြာနဲ့ အမြဲဆေးကြောပါ။ ပြီးတော့ အရေပြားကို ရေနွေးတဘက်ဖြင့် အရင်တင်ထားပြီး ချွေးပေါက်လေးတွေ ပွင့်အောင်လုပ်ပေးပါ။ မျက်ခုံးမွှေးလေးတွေ နုတ်ပြီးသွားရင် ရှားစောင်းလတ်ပတ် lotion လိမ်းပေးခြင်းအားဖြင့် အမွှေးလေးများ အတွင်းသို့လှည့်ပေါက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။