ဂျင်(Gym)မကစားဘဲ ကိုယ်အလေးချိန် လျှော့ချနည်း

blank

ကိုယ်အလေးချိန်လျှော့ချဖို့ ဂျင်ကို မဖြစ်မနေသွားစရာမလိုပါဘူး။ ဂျင်သွားမကစားဘဲလည်း ကိုယ်အလေးချိန် လျှော့ချနိုင်ပါတယ်။ ဒီဆောင်းပါးကို ဆက်လက်ဖတ်ရှုပြီး ဘယ်လို လျှို့ဝှက်နည်းလမ်းကောင်းတွေက ကိုယ်အလေးချိန် လျော့ကျစေတယ်ဆိုတာ လေ့လာကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ လမ်းလျှောက်ကြမယ်၊ ပြေးကြမယ်၊ အနှေးပြေးကြမယ်။

သာမန်လူတစ်ယောက်ဟာ ခြေလှမ်းပေါင်း (၁)သောင်း လမ်းလျှောက်ပေးရုံနဲ့ ကယ်လိုရီ (၄၀၀)လောင်ကျွမ်းနိုင်တယ်တဲ့။ လမ်းလျှောက်ပေးတာနဲ့ ပြေးတာတွေက နှလုံးအတွက်အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေပါ။ ဒါတွေလုပ်ပေးခြင်းက နှလုံးနဲ့ ခန္ဓကိုယ် သန်မာဖို့အတွက် ကောင်းတယ်လေ။ မန္တလေးကျုံးဘေးမှာဖြစ်ဖြစ် အင်းယားကန်ဘောင်မှာဖြစ်ဖြစ် အခုပဲ ပြေးလိုက်ကြရအောင်။

၂။ စက်ဘီးလေးတွေ ထုတ်စီးကြမယ်။

စက်ဘီးစီးတယ်ဆိုတာ တကယ်ကောင်းတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ဈေးသက်သာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေဘူးလေ။ နီးနီးနားနား သွားစရာလာစရာတွေဆိုရင် ကိုယ်အလေးချိန်ချပြီးသားဖြစ်အောင် စက်ဘီးလေးတွေနဲ့ သွားလိုက်ကြပါ။

၃။ အိမ်မှုကိစ္စတွေလုပ်တဲ့အခါ ပိုပြီး အားစိုက်လုပ်ကြမယ်။

နေ့စဉ်အိမ်မှုကိစ္စတွေဖြစ်တဲ့ ကြမ်းတိုက်တာ၊ သုတ်သင်တာတွေကို ကျွန်မတို့အတွက် စိတ်ဝင်စားစရာ ကောင်းချင်မှ ကောင်းလိမ့်မယ်။ ဒီအလုပ်တွေက လူကိုလည်း ပင်ပန်းစေနိုင်တယ်လေ။ ဒါပေမယ့် ပုံမှန်လုပ်နေကြထက် ပိုပြီးမြန်မြန်သွက်သွက်လုပ်ပေးလိုက်ပါ။ ချွေးထွက်လာပါလိမ့်မယ်။ အချိန်ပိုလည်း ထွက်လာတာပေါ့။ မြန်ရုံတင်မဟုတ်ဘဲ ပြောင်အောင်လည်း လုပ်ဖို့ သတိထားဦးနော်။

၎။ အိမ်မှာ လုပ်နိုင်ပြီး ကိုယ်နဲ့သင့်တော်မယ့် လေ့ကျင့်ခန်းမျိုးရှာလုပ်ကြမယ်။

အိမ်မှာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ ယောဂကျင့်စဉ်၊ ပီလားတေး(Pilates)၊ ကခုန်ခြင်း နဲ့ကိုယ်ခံပညာအားကစား တွေစသဖြင့်ပေါ့။ နည်းလမ်းမှန်မှန်နဲ့ လေ့ကျင့်နိုင်ဖို့ သက်ဆိုင်ရာစာအုပ် သို့မဟုတ် YouTube မှာတင်ထားတဲ့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ဗီဒီယိုဖိုင်တွေကိုတော့ မှီငြမ်းဖိုလိုပါတယ်။ အိမ်ထဲမှာပဲ သက်တောင့်သက်သာနဲ့ ကိုယ်အလေးချိန် လျှော့နိုင်တယ်ဆိုတာ အကောင်းဆုံးပေါ့။

အတွေးအခေါ်များကို  မျှဝေပေးတယ်ဆိုတာ ဂရုစိုက်လို့ပါပဲ။ အောက်ပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်။