မိန်းကလေးတိုင်းဆောင်ထားသင့်တဲ့ အလှပြင်ပစ္စည်း ၈ မျိုး

blank

၁။ နှုတ်ခမ်းနီအရင့်

မျက်နှာကိုမိတ်ကပ်သိပ်မလိမ်းထားရင်တောင် နှုတ်ခမ်းနီအရောင်လေးကြောင့် တောက်တောက်ပပ လေးလှနေမှာပါ။

၂။ အနက်ရောင်အိုင်းလိုင်နာ

အနက်ရောင်မျက်ဝန်းလေးတွေက ဘယ်အဝတ်အစားအရောင်နဲ့မဆို လိုက်ဖက်ပြီး မျက်လုံးလေးတွေ ပိုလှအောင်၊ မျက်တောင်လေးတွေပိုထူတယ်ထင်ရအောင် ဖန်တီးပေးနိုင်ပါတယ်။

၃။ အိုင်းရှဲဒိုး

အိုင်းရှဲဒိုးဘူးတိုင်း ကိုယ်ကြိုက်တဲ့အရောင်တွေချည်းမပါပေမဲ့ စိတ်ကူးရှိသလို အရောင်လေးတွေရော စပ်သုံးလို့ရတဲ့အတွက် အလှပြင်ရာမှာ မရှိမဖြစ်အသုံးဝင်ပါတယ်။

၎။ Highlighter

ပါးရိုးလေးတွေနဲ့ နှာတံအလှကို အားဖြည့်ပေးတာကြောင့် ပိုလှစေတဲ့ မရှိမဖြစ်လေးပါ။

၅။ Bronzer

ပါးနီလိမ်းထားတဲ့ ပါးမို့လေးတွေပေါ်မှာဖြစ်ဖြစ် ပါးနီမပါတဲ့ပါးမို့ပေါ်မှာဖြစ်ဖြစ် bronzer လိမ်းခြယ်ခြင်း ဖြင့် မျက်နှာလေးကို ပိုလှပစေမှာပါ။ အထူးသဖြင့် ရွှေရောင်နဲ့ကြေးနီရောင် bronzer လေးတွေက မျက်နှာလေး ကို သဘာဝကျကျ လှပပြေပြစ်စေပါတယ်။

၆။ မက်စ်ကာရာ

ညမှာအိပ်ရေးတွေဘယ်လောက်ပျက်ပျက် လန်းဆန်းနေတဲ့ မျက်ဝန်းလေးတွေကို ဖန်တီးပေးနိုင်တာ ကတော့ မက်စ်ကာရာ(mascara) လေးတွေပါပဲ။

၇။ Concealer

ကွန်ဆီလာ(Concealer) လေးတွေကတော့ အပြစ်အနာအဆာလေးတွေ မျက်ကွင်းညိုနေတာလေး တွေကို ဖုံးပေးနိုင်ပါတယ်။

၈။ Primer

ပရိုင်မာလိမ်းထားမယ်ဆိုရင် အပေါ်က ထပ်လိမ်းမယ့်အရာတွေကို အပြစ်အနာအဆာကင်းပြီး မိတ် ကပ်တာရှည်ခံစေပါတယ်။
စာချစ်သူတို့ကော ဘယ်ပစ္စည်းလေးတွေဆောင်ထားဖြစ်လဲ။