စက္ကူအတိုအစလေးတွေဖြင့် ဝတ်စုံဒီဇိုင်းဖန်တီးတဲ့ သားအမိ

blank

(၄)နှစ်အရွယ်သမီးလေး မေဟန်(Mayhem-သူ့မေမေပေးထားတဲ့ အိမ်နာမည်လေးပေါ့) နဲ့ မိခင် အန်ဂျီ (Angie) တို့နှစ်ယောက်ပေါင်းပြီး နံရံကပ်စက္ကူ၊ တစ်သျှူး၊ ပါဆယ်ထုပ်စက္ကူ၊ ခဲပတ်(aluminium foil)နဲ့ အခြားပစ္စည်းအစအနလေးတွေသုံးပြီး ပွဲတက်ဝတ်စုံလေးတွေ ဖန်တီးကြတာပေါ့။ ကဲ ဒီသားအမိနှစ်ယောက်ရဲ့ လက်ရာလေးတွေကို ကြည့်ရအောင်။  ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မေဟန် (Mayhem) ရဲ့မေမေကပြောပြပါတယ်။ သမီးလေးက ဒီဝတ်စုံတွေဖြစ်လာဖို့ အများကြီးကူညီပေးပါတယ်တဲ့။ စက္ကူလေးတွေညှပ်ပေးတယ်၊ ကော်ကပ်ပေးတယ်၊ သူလိုချင်တဲ့ အက်ဆက်စိုရီ(accessories) နဲ့ အရောင်လေးတွေကိုလည်း ကိုယ်တိုင်ရွေးချယ်ပါတယ်တဲ့။ ၀တ်စုံဖန်တီးဖို့ သင်ယူတဲ့အပြင် ဓာတ်ပုံရိုက်ဖို့ မော်ဒယ်အနေနဲ့လည်း သရုပ်ဆောင်ပေးပါသေးတယ်။ တစ်ချို့ဝတ်စုံလေးတွေဆိုရင် မေဟန်(Mayhem) ကိုယ်တိုင် အစအဆုံးဖန်တီးထားတာပါ။ မေဟန်(Mayhem)ရဲ့ အလန်းစားဝတ်စုံလေးတွေအပြင် ဟန်ပန်အမူအရာလေးတွေ(expression) ကပါ သိပ်ချီးကျူးဖို့ကောင်းပါတယ်။

ရက်ဒ်ကားပတ်(Red Carpet) နှင့် ပရောဂျတ် ရန်းဝေး(Project Runway) ကဲ့သို့ကမ္ဘာ့နာမည်ကြီးဖက်ရှင်ရှိုးတွေနှင့် မဂ္ဂဇင်းဟောင်းများမှ ဒီဇိုင်းများကို သားအမိနှစ်ယောက် အတူလေ့လာပြီး ဖန်တီးဆန်းသစ်ထားတာဖြစ်ပါတယ်။ ဒီလို လက်ဝင်တဲ့မေမေနဲ့ အလှကြိုက်တဲ့သမီးလေးတို့ ပြန်လည်ဆန်းသစ်ထားတဲ့ ဖက်ရှင်နမူနာကောင်းလေးတွေကို ကြည့်ပြီးအတုယူကြရအောင်။

Fashion by Mayhem
Fashion by Mayhem
Fashion by Mayhem
Fashion by Mayhem
Fashion by Mayhem
Fashion by Mayhem
Fashion by Mayhem

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သင့်​သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။