စိတ်ကူးထဲက ပြစ်မျိုးမှဲ့မထင်အသားအရေလေး ရချင်ရင် ဘယ်လိုလုပ်သင့်လဲ။

blank
၁။ အမည်းစက်၊ ဝက်ခြံနဲ့ အမာရွတ်တွေကို လွယ်လွယ်ဖုံးကွယ်ဖို့ မိတ်ကပ်လိမ်းနေတာတွေကနေ ရပ်နားထားပါ။ မိတ်ကပ်မလိမ်းတဲ့အခါ အရေပြားကို အနားပေးသလိုဖြစ်ပြီး မကြာခင်မှာဘဲ ကျန်းမာပြီးဝင်းလက်တောက်ပလာပါလိမ့်မယ်။
 
၂။ အသားအေရကို ထိခိုက်စေမယ့် ညစ်ပတ်တဲ့ မိတ်ကပ် brushes တွေ မသုံးပါနဲ့။ ကလေးဆပ်ပြာလိုမျိုး ဆပ်ပြာအပျော့စားတွေ သုံးပြီး brushes တွေကို ဆေးကြောပါ။
 
၃။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပြီးတိုင်း သန့်ရှင်းတဲ့ပဝါလေးတွေနဲ့ သုတ်ပါ။ မျက်နှာသုတ်ပဝါကို သန့်ရှင်းအောင်ထားဖို့၊ တစ်ခါသုံးပဝါဆိုရင်လည်း လဲလှယ်ပေးဖို့ မမေ့ပါနဲ့။

၎။ မိတ်ကပ်မဖျက်ဘဲ မအိပ်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ Spin Brush လေးတွေသုံးပြီး မျက်နှာချေးချွတ်ပါ။

၆။ မျက်နှာပေါ်ကို ကိုယ့်အသားအရေနဲ့ တည့်မတည့်စမ်းသပ်မထားတဲ့ ပစ္စည်းတွေ မသုံးပါနဲ့။ မျက်နှာပေါ်ကို မလိမ်းခင် လက်ကောက်ဝတ်ပေါ်ကို အရင်စမ်းလိမ်းကြည့်ပါ။

၇။ မျက်နှာပေါ်ကို moisturizer နေ့စဉ် လိမ်းပေးပါ။

၈။ အသားအရေကို အားဖြည့်ပေးမယ့် ဗီတာမင်ဓာတ်တွေ သောက်ပေးဖို့ မမေ့ပါနဲ့။

၉။ မျက်နှာကို တစ်ပတ်တစ်ခါ ပေါင်းတင်ပေးပါ။ ပေါင်းတင်ပြီးတာနဲ့ သန့်ရှင်းခြောက်သွေ့ပြီး အပူပေးထားတဲ့ပဝါလေးနဲ့ သုတ်ပါ။

၁ဝ။ ရေသောက်ဖို့ မမေ့ပါနဲ့။ အရေပြားအပေါ်ယံလွှာအတွက်သာမက ခန္ဓာကိုယ်အတွက်လည်း အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးဖို့ သခွားသီး၊ သံပရိုသီး၊ ဘယ်ရီသီးလိုမျိုး လတ်ဆတ်တဲ့အသီးတွေနဲ့ ပြုလုပ်ထားတဲ့ detox water ကိုလည်း သောက်သုံးပေးသင့်ပါတယ်။

ကဲ……Glow ချင်တဲ့ ပျိုမေတို့ရေ အလှအပရေးရာဗဟုသုတစာစောင်လေးကို မျှဝေလိုက်တော့နော်။