ရှားစောင်းလက်ပတ်ကို အသုံးပြုပြီး လှပချောမွေ့တဲ့အသားအရေလေး ရယူလိုက်ကြရအောင်။

blank

၁။ ပဝါတစ်ထည်ကို ရေနွေးနွေးလေးထဲ ထည့်နှစ်ကာ ရေညှစ်ပြီး မျက်နှာပေါ်တင်ထားပါ။

၂။ အချိန်အနည်းငယ်ကြာတဲ့အခါမှာ ပဝါကို ဖယ်လိုက်ပြီး မျက်နှာကို သန့်စင်လိုက်ပါ။

၃။ အပင်မှ ဖြတ်ထားစ လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပတ်ရဲ့ အနှစ်ကို မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ လက်နဲ့ အသာအယာ နှိပ်နှယ်ပြီး ရှားစောင်းလက်ပတ်အနှစ်တွေကို အရေပြားထဲ စိမ့်ဝင်အောင် ထားလိုက်ပါ။

၅။ (၁ဝ) မိနစ်လောက်ကြာရင်တော့ ရေအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ အသားအရေလေး ချောမွေ့နေတာကို တွေ့ရမှာပါ။

အားလုံးကိုလှပစေဖို့ ဒီစာစောင်လေးကို မျှဝေပေးသွားပါဦးနော်။