အရွယ်တင်နုပျိုစေမယ့် လျှို့ဝှက်ချက်လေးများ

၁။ ငါးကြီးဆီစားပါ။

ငါးကြီးဆီစားသုံးခြင်းက ဆံသားသန်စွမ်းစေပြီး အသားအရေကို ဝင်းလက်တောက်ပစေပါတယ်။

၂။ သကြားဖြူစားသုံးခြင်းကို ရှောင်ပါ။

ဓာတုနည်းနဲ့ အရောင်ချွတ်ထားတဲ့သကြားတွေဟာ အသားအရေရဲ့ ကော်လာဂျင်ကို အားနည်းစေတဲ့အတွက် အိုမင်းခြင်းကို မြန်ဆန်စေပါတယ်။

၃။ ဗီတာမင်စီပါဝင်တဲ့အလှကုန်တွေ အသုံးပြုပါ။

ဗီတာမင်စီဟာ ကော်လာဂျင်ပမာဏကို မြှင့်တင်ပေးနိုင်ပြီး အမဲစက်နဲ့ နေလောင်ခြင်းတွေ မဖြစ်လာအောင်လည်း တားဆီးပေးပါတယ်။

၎။ နေရောင်ကာခရင်မ်လိမ်းပါ။

နေရောင်ကာခရင်မ်ဟာ ပါးရည်တွန့်ခြင်းနဲ့ အရေပြားကင်ဆာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပျက်စီးသွားတဲ့အသားအရေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

၅။ အိုမီဂါသရီး ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပါ။

ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ရေချိုငါးနဲ့ တူနာငါးတွေဟာ အိုမီဂါသရီး ဖက်တီးအက်ဆစ်ကြွယ်ဝပြီးတော့ အသားအရေကို အားဖြည့်ပေးပါတယ်။

၆။ အိပ်ရေးဝဝ အိပ်ပါ။

အိပ်ချိန် ၇ နာရီမှ ၉ နာရီလောက်အထိရှိခြင်းက စိတ်ဖိစီးမှုတွေကို လျော့နည်းစေသလို မှတ်ဥာဏ်ကိုလည်း အားကောင်းစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ရေများများသောက်ပါ။

ရေဓာတ်ခန်းခြောက်တဲ့အခါမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

၈။ အစိုဓာတ်ထိန်းခရင်မ်တွေလိမ်းပါ။

အစိုဓာတ်ထိန်းခရင်မ်တွေဟာ အသားအရေအတွက် ဒိုင်းသဖွယ် ကာကွယ်ပေးပါတယ်။

၉။ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပါ။

ဆယ်လ်မွန်ငါး၊ သစ်ချသီး၊ ဟင်းနုနွယ်၊ ပန်းဂျုံ၊ ပဲနို့၊ ပဲအမျိုးမျိုး၊ ထောပတ်၊ ဘယ်ရီသီးနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးတွေဟာ အာဟာရဓာတ်ကြွယ်ဝတဲ့အစားအစာတွေပါ။

၁ဝ။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။ အမြဲတမ်းငယ်ရွယ်နုပျိုနေချင်တယ်ဆိုရင် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။

၁၁။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင်နေပါ။ စာဖတ်ပါ။

လူတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်း၊ စာဖတ်ခြင်းတွေဟာ ဦးနှောက်ကို အမြဲထက်မြက်နေစေပါတယ်။ ဒါကြောင့် အချိန်တွေကို ကွန်ပျူတာရှေ့၊ တီဗွီရှေ့မှာပဲ တစ်ကိုယ်တည်း မကုန်ဆုံးပါစေနဲ့။

၁၂။ ဗီတာမင်ဓာတ်မျိုးစုံအောင် စားသုံးပါ။

ဗီတာမင်ဓာတ်မျိုးစုံအောင် စားသုံးခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်ရရှိစေဖို့ အလွယ်ဆုံးနည်းပါပဲ။

၁၃။ မျက်နှာကြွက်သားအတွက်လေ့ကျင့်ခန်းတွေ လုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မျက်နှာအသားအရေကိုတင်းရင်းစေပြီး ပါးရည်တွန့်တာတွေကို လျော့နည်းစေပါတယ်။

စာချစ်သူတို့ကော ဘယ်အချက်လေးတွေကို ပုံမှန်လုပ်ဖြစ်နေလဲဆိုတာ မျှဝေပေးသွားပါဦးနော်။