သင့်ကို ၁ဝ နှစ်စာလောက်နုပျိုသွားစေမယ့် ပေါင်းတင်နည်း

blank

ဂန္ထဝင်စာချစ်သူလေးတွေကို ၁ဝ နှစ်စာလောက်ပိုနုပျိုသွားစေမယ့် နည်းလမ်းလေးတစ်ခု မျှဝေချင်ပါ တယ်။ နည်းလမ်းလေးက လိုက်လုပ်ဖို့လည်း လွယ်ကူပါတယ်နော်။

ပါဝင်ပစ္စည်းမျာ

၁။ ဆန် – စားပွဲတင်ဇွန်း ၃ ဇွန်း

၂။ နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်း

၃။ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်း

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပြုလုပ်နည်း

၁။ ဆန်ကို ခပ်ပျော့ပျော့ဖြစ်အောင်ချက်ပြီး ရေစစ်ထားပါ။ စစ်ထားတဲ့ထမင်းရည်ကို သပ်သပ်ဖယ်ထားပါ။

၂။ ရေကုန်အောင်စစ်ထားတဲ့ ထမင်းပျော့ပျော့ကို အနှစ်ဖြစ်တဲ့အထိ နွားနို့နဲ့ရောနယ်ပါ။

၃။ နွားနို့ထမင်းအနှစ်ထဲ ပျားရည်ထည့်ပြီး မွှေပါ။

၎။ အားလုံးရောမွှေထားတဲ့အနှစ်ရည်ကို သန့်စင်ခြောက်သွေ့တဲ့ မျက်နှာပေါ်မှာ လိမ်းပါ။

၅။ ခြောက်သွားရင် ခွာချပြီး သီးသန့်ဖယ်ထားတဲ့ ထမင်းရည်နဲ့ မျက်နှာသစ်လိုက်ပါ။

ဆန်မှာ collagen ကို ဖြည့်တင်းပေးနိုင်တဲ့ antioxidants တွေပါဝင်တာကြောင့် အသားအရေကို ကြည် လင်ချောမွေ့တင်းရင်းစေပြီး အရေးအကြောင်းကင်းဝေးစေပါတယ်။ ဒါ့အပြင် squalene ဆိုတဲ့ ဓာတ်ကလည်း နေရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အနည်းဆုံး တစ်ပတ် မှာ တစ်ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် သိပ်မကြာခင်မှာဘဲ လက်ရှိထက် ၁ဝ နှစ်လောက်နုပျိုမယ့် အလှတရား တွေကို ပိုင်ဆိုင်နိုင်မှာ အမှန်ပါပဲ။

တခြားသူတွေအတွက်လည်း SHARE ပေးလိုက်ပါဦးနော်။