ဆံပင်ပါးပြီး အရှည်နှေးလို့ စိတ်ညစ်နေပါသလား။

blank

ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေသလား။ ဆံပင်တွေကျွတ်လို့ စိတ်ပျက်နေပြီလား။ အရှည်မြန်ပြီး ထူထဲနက်မှောင်တဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဂန္ထဝင်စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ အသာအယာနှိပ်နယ်ပေးပါ။

၂။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို တဘတ်နဲ့ လိမ်ပြီး ထုပ်ထားတတ်တဲ့ အကျင့်ကို ရှောင်ပါ။ အဲ့ဒီလို လုပ်တာက ဆံပင်ကို ကျိုးကြေလွယ်စေပါတယ်။ ဆံပင်ကို ရေစုပ်မှုအားကောင်းတဲ့ တဘက်နဲ့ အသာအယာ သုတ်ပေးပါ။

၃။ ပိုးခေါင်းအုံးဖုံးကို အသုံးပြုပါ။

၎။ ဆံပင်ကို တစ်နေရာတည်း စည်းတတ်တဲ့အကျင့်ကိုပြင်ပါ။

၅။ မိမိရဲ့ဦးရေပြားနဲ့ ကိုက်ညီတဲ့ ဆံပင်သုံးအလှကုန်ပစ္စည်းတွေကို အသုံးပြုပါ။

၆။ ရေအေးနဲ့ပဲခေါင်းလျှော်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ခေါင်းမလျှော်ခင်မှာ သံလွင်ဆီလိမ်းပြီး ပေါင်းတင်ပါ။

၈။ ကြက်ဥနဲ့ သံပုရာသီးရောပြီး ပေါင်းတင်ပေးပါ။

၉။ အာဟာရပြည့်ဝစွာ စားသောက်ပါ။

ဆံပင်တွေ ကျွတ်လို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းကို mention ခေါ်လိုက်ပါဦး။