Glow ချင်ကြတဲ့ ပျိုပျိုမေတို့ လိုက်လုပ်သင့်တဲ့ challenge လေး

blank

၁။ နေ့စဉ် ရေ ၁ဝ ခွက်ကနေ ၁၂ ခွက်အထိ သောက်ပါ။

၂။ တစ်နေ့ကို အသီးအနှံရောင်စုံ ၁ ကြိမ်ကနေ ၂ ကြိမ်အထိစားပါ။

၃။ တစ်ပတ်ကို ၅ ကြိမ်လောက် လေ့ကျင့်ခန်းကို ၃ဝ မိနစ်ကြာအောင် လုပ်ပါ။

၎။ နေ့စဉ် ရေနွေးကြမ်း ၂ ခွက်ကနေ ၃ ခွက်အထိ သောက်ပါ။

၅။ သင့်ကိုယ်သင် လှတယ်လို့ ပြောပါ။

၆။ နေ့စဉ် ထိုင်ထလေ့ကျင့်ခန်း(squat) အကြိမ် ၂ဝ ကနေ ၃ဝ အထိ လုပ်ပါ။

၇။ တစ်ပတ်ကို တစ်ကြိမ်လောက် ဆီတစ်မျိုးမျိုးနဲ့ မျက်နှာကို နှိပ်နယ်ပေးပါ။

၈။ ကျန်းမာရေးနဲ့သင့်လျော်တဲ့အဆီတွေကိုပဲ စားသုံးပါ။

၉။ တစ်ပတ်ကို တစ်ကြိမ်လောက် အိမ်တွင်းနည်းလေးတွေနဲ့ ပေါင်းတင်ပါ။

၁ဝ။ နေ့စဉ် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ယောဂလုပ်ပါ။

၁၁။ နေ့စဉ် မိနစ် ၂ဝ လောက် အပြင်ထွက်ပြီး သဘာဝတရားကို ခံစားပါ။

၁၂။ အာဟာရမျှတအောင် စားသောက်ပါ။

၁၃။ တစ်နေ့ကို အိပ်ထမတင်လေ့ကျင့်ခန်း(crunches) ၁ဝ ကြိမ်ကနေ အကြိမ် ၂ဝ အထိ လုပ်ပါ။

၁၄။ သစ်သီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ အသားတွေစားပါ။

၁၅။ တစ်ပတ်ကို နှစ်ကြိမ် မျက်နှာပေါင်းတင်ကပ်ခွာသုံးပါ။

၁၆။ ဆံသားထိန်းသိမ်းနည်းတွေကို လိုက်နာပါ။

၁၇။ နေ့စဉ် တရားထိုင်ပါ။

၁၈။ အိပ်ရေးဝဝအိပ်စက်ပါ။

၁၉။ နေ့စဉ် ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နေပါ။

၂ဝ။ မျက်နှာကို သန့်ရှင်းပေးခြင်း၊ အသားအရေအရောင် ညီညာအောင် ထိန်းညှိပေးခြင်း၊ အစိုဓာတ်ဖြည့်ပေးခြင်း စတဲ့နည်းလမ်းတွေကို လိုက်နာပါ။

ကဲ…….အသားအရေလေး စိုပြည်ပြီး glow နေဖို့ challenge လေးကို စလိုက်ကြရအောင်နော်။

အလှမက်တဲ့သူငယ်ချင်းလေးတွေကိုလည်း mention ခေါ်လိုက်ပါဦး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။