မိုးတွင်းမှာ ဘယ်လိုအဝတ်အစားတွေ ရွေးချယ်ဝတ်ဆင်ရမလဲ။

blank
Asian woman holing umbrella on white background

မိုးရာသီဆိုတာ စိုစိုစွတ်စွတ်နဲ့ အုံ့မှိုင်းလွန်းတာကြောင့် နွေရာသီ၊ ဆောင်းရာသီမှာ ဝတ်နေကျဖက်ရှင်တွေ ဝတ်ဆင်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် ဝဿန်ကာလမှာ ရွေးချယ်ဝတ်စားသင့်တဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အုံ့မှိုင်းနေတဲ့ရာသီဥတုမှာ သင့်ကို သစ်လွင်နေစေမယ့် အပြာရောင်၊ အနီရောင်၊ လိမ္မော်ရောင်စတဲ့ အရောင်တောက်တောက်အကျီင်္လေးတွေ ဝတ်ဆင်ပါ။

၂။ အလုပ်က အဝတ်အစားမသတ်မှတ်ထားဘူးဆိုရင် စမတ်ကျပြီး ရိုးရှင်းတဲ့စကတ်တွေသာ ဝတ်ဆင်လိုက်ပါ။

၃။ အေးမြတဲ့လေတွေတိုက်နေတဲ့အချိန်၊ စိုစွတ်ပြီး အေးချမ်းတဲ့အချိန်တွေမှာ ကုတ်အကျီင်္နဲ့ ဂျာကင်အကျီင်္တွေ ဝတ်ဆင်ခြင်းက သင့်ကို နွေးထွေးစေမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဂျယ်လီရှူးတွေ၊ ညှပ်ဖိနပ်တွေလိုပေါ့ပါးပြီးတော့ ခိုင်ခံ့မာကျောတဲ့ဖိနပ်တွေ စီးသင့်ပါတယ်။ အလွယ်တကူချော်မလဲနိုင်စေဖို့အတွက် ပွိုင့်ပါတဲ့ဖိနပ်လေးလည်း ဖြစ်ရမှာပေါ့။

၅။ စိုစွတ်တဲ့ရာသီဥတုဟာ ဆံပင်ကို ဖွာလန်ကျဲစေတတ်ပါတယ်။ ဒါကြောင့် ဆံပင်ကို ပိုနီတေးလေးစည်းထားတာပဲဖြစ်ဖြစ်၊ ကျစ်ထားတာပဲဖြစ်ဖြစ် လုပ်လိုက်ခြင်းက ဆံပင်ကို သေသပ်စေပါလိမ့်မယ်။

၆။ မိုးကာအကျီင်္ဝယ်တဲ့အခါ အဝတ်အစားတွေနဲ့ လိုက်ဖက်မယ့် ထီးလေးတွေလည်း တစ်ပါတည်း ရွေးချယ်ဝယ်လိုက်ပါ။

သင်ကော မိုးတွင်းမှာဆိုရင် ဘယ်လိုလေးတွေ ရွေးချယ်ဝတ်စားဖြစ်တယ်ဆိုတာကို comment box မှာ မျှဝေပေးသွားပါဦးနော်။