မိုးတွင်းကာလအတွက် အထူးအကြံပြုချက်…

အသားဖြူဖို့ ပေါင်းတင်ချေးချွတ်တာကို လုံးဝရှောင်ကြဉ်ပါ။

တချို့မိန်းမပျိုတွေဟာ မျက်နှာအသားအရေဖြူဝင်းတောက်ပဖို့အတွက် မျက်နှာတွေကို အ လွန်အကျွံချေးချွတ်ပေါင်းတင်တာမျိုးတွေ ပြုလုပ်ကြပါတယ်။ ဒါပေမဲ့ မိုးတွင်းကာလကတော့ တခြား ရာသီတွေထက် မျက်နှာအသားအရေကို ကြမ်းတမ်းစေတာကြောင့် ရှောင်ကြဉ်တာ အကောင်းဆုံး ပါပဲ။

နှုတ်ခမ်းအတွက် အုန်းဆီကို အသုံးပြုပါ။

နှုတ်ခမ်းဆိုတာလည်း အသားအရေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် အာဟာရပြည့်ဝ အောင် ပုံမှန်ဂရုစိုက်ပေးသင့်ပါတယ်။ မိုးရာသီဟာ နှုတ်ခမ်းတွေ ခြောက်သွေ့ပြီး အက်ကွဲတတ်တဲ့ ရာသီဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ညအိပ်ရာမဝင်ခင်မှာ အုန်းဆီကို နှုတ်ခမ်းမှာ ပုံမှန်လိမ်းပေးဖို့ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဆီပြန်တဲ့အသားအရေအတွက် ဂျုံမှုန့်နဲ့ scrub လုပ်ပေးပါ။

အဆီပြန်တဲ့အသားအရေဆိုရင် မိုးတွင်းကာလမှာ များပြားလှတဲ့အဆီတွေကို ဖယ်ရှားဖို့ အ တွက် အကောင်းဆုံးနည်းလမ်းကတော့ ဂျုံမှုန့်နဲ့ scrub လုပ်ပေးဖို့ပါပဲ။ ပျားရည်နည်းနည်းနဲ့ ဂျုံမှုန့်ကို ရောစပ်ပြီး မျက်နှာပေါ် ထူထူလိမ်းပါ။ ပြီးရင် ချေးချွတ်ဆေးအသုံးပြုသလိုမျိုး ပွတ်သပ်ပေးပါ။ ပြီးရင် ရေနဲ့ဆေးချလိုက်ပါ။

ခြောက်သွေ့တဲ့အသားအရေအတွက် ဗာဒံစေ့နဲ့ပျားရည်ကို အသုံးပြုပါ။

ဗာဒံစေ့ကို ကြိတ်ပြီး သေးငယ်တဲ့အစေ့လေးတွေရအောင်ပြုလုပ်ပါ။ ပြီးရင် ပျားရည်နဲ့အချိုးကျ ရောစပ်ပါ။ ရောစပ်ထားတဲ့အနှစ်ကို မျက်နှာပေါ်လိမ်းပြီး လက်ချောင်းထိပ်လေးတွေနဲ့ ပွတ်သပ်ပေးပါ။ ဒီနည်းလမ်းက ခြောက်သွေ့နေတဲ့အသားအရေကိုသာမက စိတ်ရှည်ရှည်လုပ်ပေးရင် အသားမာတွေ ကိုတောင် ပြန်လည်ကောင်းမွန်စေပါတယ်။

သိမှတ်သင့်တဲ့ဗဟုသုတလေးတွေကို ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။