ဝမ်းနည်းမှုတွေက သင့်အရေပြားကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ပေးလဲ။

blank

စာချစ်သူတို့ရေ….။

အစားအသောက်၊ ပတ်ဝန်းကျင်နဲ့ အလှကုန်ပစ္စည်းတွေက ကျွန်မတို့ရဲ့ အရေပြားအပေါ်မှာ သက်ရောက်မှုရှိစေတယ်ဆိုတာကိုတော့ ကျွန်မတို့အားလုံးသိထားကြပါတယ်။ ကျွန်မတို့ရဲ့ စိတ်ခံစားမှုတွေက အရေပြားအပေါ်မှာ သက်ရောက်မှုတွေရှိနေတယ်ဆိုတာကိုတော့ အနည်းစုကပဲ သိထားကြပါတယ်။

ကျွန်မတို့ရဲ့စိတ်ခံစားချက်တွေဟာ အရေပြားကို ရေတိုရော၊ ရေရှည်အတွက်ပါ ထိခိုက်မှုတွေ ဖြစ်စေတယ်ဆိုရင် သိပ်ကိုအံ့သြစရာမကောင်းဘူးလား။ အထူးသဖြင့် ဝမ်းနည်းမှုတွေဟာ ကျွန်မတို့ရဲ့ အရေပြားကို ထိခိုက်စေတယ်တဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မျက်ခွံအရေပြားဟာ နူးညံ့တဲ့အတွက်ကြောင့် အချိန်ကြာကြာငိုခြင်းက မျက်ခွံတွန့်စေပါတယ်။ မျက်ရည်မှာ အငန်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် အရေပြားကိုလည်း ရေဓာတ်ခမ်းခြောက်စေတယ်တဲ့။

ဒါကြောင့် ငိုတော့မယ်ဆိုရင် moisturizing tissue ယူဖို့ ဒါမှမဟုတ် သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ပုခုံးပေါ်မှာမှီဖို့ သတိရလိုက်ပါ။

ဗဟုသုတရစေဖို့ ဒီစာစောင်လေးကို မျှဝေလိုက်တော့နော်။