သင်္ကြန်ရေကစားမယ့်ပျိုမေတို့အတွက် နေလောင်ဒဏ်မခံရစေဖို့ ဆောင်ရန်ရှောင်ရန်အချက်များ

blank

၁။ သင်္ကြန်ရေဘယ်လောက်စိုစို နေရောင်ခြည်ထဲမှာ အချိန်ကြာကြာနေထားတဲ့အတွက် သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေတတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပြီး ရေဓာတ်ဖြည့်တင်းပါ။

၂။ နေလောင်ထားတဲ့နေရာကို နောက်ထပ် နေရောင်ခြည်ထပ်မထိအောင် ဂရုတစိုက်နဲ့ ကာကွယ်ပါ။

၃။ နေလောင်ဒဏ်မပျောက်မချင်း ဆပ်ပြာရည်ထဲမှာ အကြာကြီး ရေစိမ်ချိုးတာမျိုး မလုပ်ပါနဲ့။ ဆပ်ပြာမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေက အသားအရေကို ပိုမိုခြောက်သွေ့စေနိုင်ပါတယ်။

၎။ နေရောင်ခြည်ကို ကာကွယ်ဖို့ sunscreen လိမ်းတော့မယ်ဆိုရင် နေရောင်ထဲမထွက်ခင် နာရီဝက်ခန့်ကြိုလိမ်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ နုနယ်ပြီး sensitive ဖြစ်တဲ့အသားအရေနေရာတွေ (ဥပမာ – နား၊ လည်ပင်းအနောက်နဲ့ ဂုတ်ပိုး၊ ခြေထောက်အနောက်ပိုင်းနဲ့ လက်မောင်းအတွင်းပိုင်းတွေ) ကို နေရောင်ခြည်တိုက်ရိုက်မထိအောင် မမေ့မလျော့ ကာကွယ်ပါ။

၆။ သင်္ကြန်ရေစိုရင် လိမ်းထားတဲ့ sunscreen ပျက်နိုင်တာကြောင့် မကြာခဏ ပြန်လိမ်းပေးပါ။

၇။ နေလောင်ကွက်တွေဆိုတာ နေရောင်ထိပြီး ၂၄ နာရီလောက်ကြာမှ ပေါ်လာတတ်တာကို သတိပြုပါ။