နွေရဲ့နေပူပူအောက်မှာ စိတ်အေးအေးနဲ့ သင်္ကြန်လည်ချင်ပါသလား

စာချစ်သူတို့ရေ…….

နေလောင်တယ်ဆိုတာ နေရောင်မှာပါတဲ့ UV rays တွေနဲ့ ထိတွေ့မှုများလို့ ဖြစ်ပါတယ်။ နေလောင်မိတဲ့အခါ အရေပြားအပြင်လွှာ ထိခိုက်လာပြီး အရေပြားနီမြန်းလာမယ်၊ အရည်ကြည်ဖုတွေ ထွက်လာပါမယ်။ ဆိုးဆိုးရွားရွား နေလောင်ခံရပြီဆိုရင် အရေပြားကို ကြာရှည်စွာ ထိခိုက်နိုင်ပြီး အရေပြားကင်ဆာဖြစ်ဖို့လည်း လက္ခဏာပိုများလာပါတယ်။

ဒါကြောင့် သင်္ကြန်မှာလည်တဲ့အခါ နေလောင်ဒဏ်ကို အကောင်းဆုံးကာကွယ်ပေးမယ့် နည်းလမ်းကောင်းလေးတွေကို ဂန္ထဝင်စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ မနက် ၁ဝ နာရီကနေ ညနေ ၃ နာရီအတွင်း နေရောင်ကို ရှောင်ရှားပါ။

၂။ အရိပ်ကောင်းကောင်းအောက်မှာ နေပါ။

၃။ UV ray ထိတွေ့မှုကို ကာကွယ်နိုင်မယ့် အဝတ်အစားတွေ ဝတ်ဆင်ပါ။

၎။ ခေါင်းနဲ့ မျက်စိကို နေရောင်ထိတွေ့မှုမှ ကာကွယ်နိုင်မယ့် အသုံးအဆောင်ပစ္စည်းတွေ သုံးပါ။

၅။ UV ray ကာကွယ်နိုင်မယ့် နေကာမျက်မှန်ကို တပ်ဆင်ပါ။

၆။ လျှာကျယ်တဲ့ ဦးထုပ်တွေ ဆောင်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ အပြင်မထွက်ခင် ၁၅ မိနစ်လောက် ကြိုပြီး sunscreen လိမ်းထားပါ။

၈။ SPF 30 နဲ့အထက်ပါဝင်ပြီး ရေစိုခံတဲ့ sunscreen သုံးပါ။

၉။ တစ်နေ့လုံး ရေကစားမယ်ဆိုရင် sunscreen ကို ၂ နာရီခြား တစ်ခါလိမ်းပေးပါ။

၁ဝ။  SPF 15 နဲ့အထက်ပါဝင်တဲ့ နေရောင်ကာအဆီကို နှုတ်ခမ်းမှာ လိမ်းပေးပါ။

၁၁။ နေရောင်ထိတွေ့မှုများတဲ့ နားရွက်၊ လည်ပင်းနဲ့ ခြေဖမိုးထိပ်တွေမှာ sunscreen ကို သေချာသုံးပေးပါ။

၁၂။ သွားတဲ့နေရာတိုင်းမှာ sunscreen ဆောင်ထားပါ။ ရက်လွန်နေရင် မသုံးပါနဲ့။

သင်္ကြန်မှာ အတူတူကဲမယ့် သူငယ်ချင်းလေးတွေကိုလည်း mention ခေါ်ပြလိုက်တော့နော်။