ကြည်စင်ဝင်းပတဲ့အလှပဆုံး အသားအရေလေးကို ပိုင်ဆိုင်နိုင်စေဖို့…

၁။ ဖုန်းစကရင်ကို အမြဲသန့်ရှင်းပေးပါ။

လက်နဲ့အမြဲကိုင်နေကျဖုန်းစကရင်မ်မှာ ပိုးမွှားတွေကပ်ငြိမနေစေဖို့ ပိုးသတ်ဆေးရည်နဲ့ အမြဲ သန့်စင်ပေးပါ။ ဒါမှသာ ပိုးမွှားကပ်ငြိနေတဲ့လက်ကတစ်ဆင့် အသားအရေမထိခိုက်မှာ ဖြစ်ပါတယ်။

၂။ မိတ်ကပ်လိမ်းခြယ်တဲ့ဘရပ်ရှ်တွေကို မှန်မှန်ဆေးကြောပါ။

မိတ်ကပ်လိမ်းခြယ်တဲ့ ဘရပ်ရှ်၊ ကိုယ်တိုင်ရေမြုပ်အဝတ်စ၊ ကရင်မ်ပပ်ဖ်နဲ့ တခြားသော အသုံး ပြုနေကျပစ္စည်းတွေကို ပုံမှန်ဆေးကြောသန့်ရှင်းမပေးရင် ဝက်ခြံ၊ ဓာတ်မတည့်ခြင်းနဲ့ အသားအရေပြ ဿနာများကို ဖြစ်ပွားစေပါတယ်။

၃။ အစားအသောက်ကို စောင့်ကြည့်ပါ။

အချိုဓာတ်နဲ့ အဆီဓာတ်များတဲ့အစားအစာတွေကို လျှော့ချပြီး မရှိမဖြစ် ဗီတာမင်ဓာတ်ပါဝင်တဲ့ အ စားအစာတွေကို များများစားပါ။ ဒါဆိုရင် အစားအသောက်ကြောင့်ဖြစ်တဲ့ အသားအရေခြောက် သွေ့မှု၊ အရေပြားပျော့တွဲမှုနဲ့ အသားအရေညှိုးနွမ်းမှုတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

၎။ မကြာခဏမျက်နှာချေးချွတ်တာကို ရှောင်ပါ။

ခဏတာအားဖြင့်တော့ မျက်နှာချေးချွတ်ပြီးရင် အသားအရေကို လန်းဆန်းစေခြင်း၊ သန့်ရှင်း စေခြင်း၊ နူးညံ့စေခြင်းနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမည်းစက်တွေ ကင်းစင်သွားစေတာမှန်ပါတယ်။ ဒါပေမဲ့ မကြာခဏပြုလုပ်ရင်တော့ မျက်နှာကို ရောင်ရမ်းစေတာကြောင့် ချေးချွတ်မယ့်အစား နူးညံ့တဲ့ချေးချွတ် Lotion တွေကို အစားထိုးသုံးပါ။ အဆီပြန်တဲ့အသားအရေရှိသူတွေဆိုရင်တော့ တစ်ပတ်ကိုတစ်ကြိမ် မျက်နှာချေးချွတ်နိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ရေမကူးခင် မျက်နှာကို ခရင်မ်တစ်ခုခုလိမ်းပါ။

ရေကူးကန်ထဲက ဓာတုတွေက အသားအရေကို ခြောက်သွေ့စေပြီး ရေဓာတ်ခန်းခြောက်ကာ အဖတ်အဖတ်တွေကွာကျစေပါတယ်။ ဒါကြောင့် ရေမကူးခင် ရေဓာတ်ဖြည့်တဲ့ခရင်မ်တစ်ခုခုကို လိမ်း ပေးပြီး ကူးပြီးတဲ့အခါလည်း မျက်နှာကို သေချာဆေးကြောပြီး ခရင်မ်လိမ်းပေးသင့်ပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်ပြီးရင် ချက်ချင်းရေချိုးပါ။

ချွေးပေါက်ပိတ်ခြင်း၊ ဝက်ခြံချိုင့်ခွက်ဖြစ်ခြင်းနဲ့ ဝက်ခြံထွက်ခြင်းတွေဟာ အားကစားလုပ်ပြီးတဲ့ အခါ ချွေးတွေကို ချက်ချင်းမဆေးကြောလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် အားကစား လုပ်ပြီးတဲ့အခါ ချွေးတွေကို ချွေးတွေကို ရေချိုးဆပ်ပြာ၊ ဒါမှမဟုတ် ဆပ်ပြာခဲနဲ့ရေချိုးသန့်စင်ပေးသင့် ပါတယ်။

၇။ ခန္ဓာကိုယ်ကပြသတဲ့လက္ခဏာတွေကို အာရုံစူးစိုက်မှုပေးပါ။

အသားအရေကျိန်းစပ်ခြင်း၊ နီရဲခြင်း၊ ချွေးပေါက်ကျယ်ခြင်းနဲ့ အခြားသောကျန်းမာရေးဆိုင်ရာ ပြဿနာတွေဆိုတာ အလှကုန်ဆိုင်ရာ ယေဘုယျပြဿနာတွေဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က ပြသတဲ့လက္ခဏာတွေကို လျစ်လျူမရှုဘဲ ဂရုစိုက်သင့်ပါတယ်။

၈။ ပူလွန်းတဲ့ရေနဲ့ရေချိုးတာကို ရှောင်ကြဉ်ပါ။

ပူလွန်းတဲ့ရေနဲ့ရေချိုးတာဟာ အရေပြားအောက်ဆုံးလွှာထဲက အစိုဓာတ်ကို ထိန်းသိမ်းပေးရာ မှာကူညီတဲ့ အသားအရေကာကွယ်ပေးတဲ့အလွှာကို ပျက်စီးစေပါတယ်။ ပူလွန်းတဲ့ရေနဲ့ ရေချိုးခြင်းက အသားအရေကိုခြောက်သွေ့ပြီး အရွယ်မတိုင်ခင် အရေပြားတွန့်စေပါတယ်။ ဒါကြောင့် ရေနွေးနဲ့ချိုး ရင်တောင် သာမန်အပူချိန်ရှိတဲ့ရေနဲ့ပဲ ချိုးသင့်ပါတယ်။

၉။ ရေကို လုံလောက်စွာသောက်ပါ။

အသားအရေလှပဖို့အတွက် ရေဓာတ်ပြည့်ဝဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ တစ်နေ့တာမှာ ရေသိပ်မသောက်ဖြစ်ဘူးဆိုရင် ရေဘူးကို အလုပ်စားပွဲပေါ်က ဖုန်းအနီးမှာ ထားပါ။ ဒါမှသာ ဖေ့ဘွတ် သုံးရင်း၊ ဗိုက်ဗာသုံးရင်းနဲ့ ရေလည်း သောက်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရေသောက်ဖို့လည်း ကိုယ့်ကိုယ် ကို သတိပေးရာရောက်စေပါတယ်။

အလှအပဆိုင်ရာဗဟုသုတလေးတွေပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။